Local News

ပထမဆုံးCovid 19 ကာကွယ်ဆေးထုတ်လုပ်နိုင်သော ရုရှားမှာ သေဆုံးမှုမြင့်တက်နေပါလျှက် မင်းအောင်လှိုင် ဘာ​့ကြောင့် မြန်မာနိုင်ငံအတွက်ဆေးမှာနေရတာလဲ

မအလ ကာကြယ္ေဆး၀ယ္ဖို႔ မွာထားေသာ ႐ုရွားတြင္ ကိုဗစ္-၁၉ ေသဆုံးမႈမ်ား ျမင့္တက္လာေနၿပီးခဲ့သည့္ ႏွစ္ တေလ်ာက္လုံး ႐ုရွားသည္ ကိုဗစ္ တိုက္ဖ်က္ႏိုင္မႉ တြင္ ေအာင္ျမင္မႈမ်ား ရေနေၾကာင္း။အာပေဒါင္းပြ မတတ္ ေျပာဆိုလာခဲ့သည္။

ၿမိဳ႕မ်ားကို ေလာ့ေဒါင္း ခ်စရာ မလိုသည့္အျပင္ ကိုယ္ပိုင္ Sputnik 5 ဆိုသည့္ ကာကြယ္ေဆး ပါ ထုတ္လုပ္ႏိုင္ခဲ့ေၾကာင္း လည္း ႂကြားဝါ၍မဆုံး ျဖစ္ခဲ့သည္။ဇြန္လ အေစာပိုင္းတြင္ သမၼတ ပူတင္ သည္ စိန႔္ပီတာ

စဘတ္ ၿမိဳ႕တြင္ ႏိုင္ငံတကာ စီးပြားေရး ဖိုရမ္ႀကီးကို က်င္းပခဲ့ၿပီး ႏိုင္ငံတကာ မွ မင္းပရိသာတ္ ေထာင္ခ်ီ၍ ဖိတ္ၾကားခဲ့သည္။ မိမိတို႔ ႏို႔င္ငံ တခုတည္းသာ ယခုလို ညီလာခံႀကီးအား ေရာဂါ ကူးစက္မည္ကို စိုးရိမ္စရာမလိုပဲက်င္းပႏိုင္ေၾကာင္းလည္း ပူတင္က ႂကြားလုံးထုတ္ခဲ့ျပန္သည္။ပူတင္က ထိုသို႔ မင္းပရိသာတ္ ဗိုလ္ပုံ အလည္တြင္ ႂကြားလုံးထုတ္ေနခ်ိန္တြင္ ႏိုင္ငံတြင္းရွိ ဆရာဝန္မ်ားကေတာ့ တေန႔တျခား ကူးစက္မႈ ႏႈန္း ျမင့္တက္လာေနမႈႏွင့္ နပမ္းလုံး ေနၾကရၿပီ ျဖစ္သည္။ေနာက္ပိုင္း တလအၾကာတြင္ေတာ့

ကိုဗစ္ တတိယလႈိင္း ဒဏ္ေၾကာင့္ ႐ုရွားတြင္ ေသဆုံးမႉ ႏႈန္းက မႀကဳံစဖူးေအာင္ ျမင့္တက္လာခဲ့ၿပီ ျဖစ္သည္။ေန႔စဥ္ ကူးစက္ခံရသူ အရည္အတြက္သည္ ၂၅,၀၀၀ ေက်ာ္ေနၿပီး တေန႔လ်င္ ပ်မ္းမွ် ၆၇၀ ခန႔္ ေသဆုံးလ်က္ရွိသည္။႐ုရွားသည္ ကိုဗစ္ ကာကြယ္ေဆးကို ပထမဆုံး ထုတ္လုပ္ႏိုင္ခဲ့ပါလ်က္ ထိုသို႔ ေသဆုံးမႈမ်ားက အံဩဖြယ္ရာပင္ ျဖစ္သည္။ ၿဗိတိန္တြင္လူဦးေရ၏ ၇၈% သည္ အနည္းဆုံးကာကြယ္ေဆး တႀကိမ္ ထိုးၿပီးျဖစ္ေသာ္လည္း ႐ုရွားတြင္ ေဆးထိုးၿပီး အရည္အတြက္သည္ ၂၀% ခန႔္သာ ရွိေပေသးသည္။

ဤသည္က ေဆးဝါး ျပတ္လတ္ေနျခင္းေၾကာင့္ မဟုတ္ပဲ လူထု က အစိုးရ ႏွင့္ ၎တို႔ ထုတ္လုပ္ေသာ ေဆးအေပၚ အယုံအၾကည္ မရွိၾကျခင္းေၾကာင့္ပင္ ျဖစ္သည္။
Sputnik 5 သည္ အဆင့္ ၃ အထိ မစမ္းသပ္ရေသးပဲ အတည္ျပဳခဲ့သျဖင့္လည္း

အခ်က္အလက္မ်ား တရားဝင္ ထုတ္ျပန္လာသည့္ အခါ ကြဲလြဲခ်က္မ်ားစြာ ထြက္ေပၚလာခဲ့သည္။ ထို႔အတြက္လည္း ၎၏ ထိေရာက္မႈ သည္ အက္စထရာဇနကာ ႏွင့္ ဂြၽန္ဆင္ တို႔ႏွင့္ အတူတူ ဟု ဆိုေသာ္ျငားလည္း အယုံအၾကည္ မဲ့ျခင္း ခံခဲ့ရသည္။ယခင္ က ကိုယ္တုံးလုံး ႏွင့္ ဗလျပတတ္သည့္ ပူတင္ပင္ ႐ုရွားေဆးကို ထိုးရန္ မတ္လကုန္အထိ ခ်ီတုံခ်တုံ ျဖစ္ေနၿပီး ထိုးၿပီးၿပီ ဆိုေသာ္လည္း ၎ေဆးထိုးခံသည့္ ပုံကို ဓါတ္ပုံ အ႐ိုက္မခံဟု အေၾကာင္းျပခ်က္ျဖင့္ ယခုထိ ထုတ္ျပႏိုင္ျခင္း မရွိေသးေပ။

ထိုအတြက္လည္း ႐ုရွား ႏိုင္ငံသားမ်ားက ၎တို႔၏ ကာကြယ္ေဆး အေပၚ အယုံအၾကည္ မဲ့လာၾကျခင္းလည္း ျဖစ္သည္။ ေဆးထိုးရန္ ေရာက္လာေသာ လူမ်ားအားလည္း Sputnik 5 အစား ေနာက္ထပ္ ႐ုရွားကာကြယ္ေဆး တမ်ိဳး ျဖစ္သည့္ EpiVacCorona ေဆးကို

ထိုးေပးခဲ့ၾကျပန္သည္။ ထိုေဆးအား ပူတင္ကိုယ္တိုင္က ထုတ္ေဖၚ ခ်ီးၾကဴးထားေသာ္လည္း မည္သည့္ ႏိုင္ငံကမွ အတည္ျပဳ သုံးစြဲျခင္း မရွိေသးေပ။လူထု မွ ကာကြယ္ေဆး ထိုးလာေစရန္ အတြက္ေဆးထိုးၿပီးေၾကာင္း QR code ျဖင့္ သက္ေသျပႏိုင္သူမ်ားကိုသာ စားေသာက္ဆိုင္မ်ား အတြင္းသို႔ ဝင္ခြင့္ျပဳမည္ဟု ေၾကညာလာခဲ့ျပန္သည္။ ေဆး႐ုံမ်ားကလည္း ေဆးထိုးထားျခင္း မရွိေသာ လူနာမ်ားကို လက္ခံ ကုသမေပးရဟုလည္း ဆိုသည္။အစိုးရ ဝန္ထမ္းမ်ားက ထိုးႏွံၾကေသာ္လည္း ေဆးထိုးၿပီး လက္မွတ္အတု ေရာင္းခ်သည့္ ေမွာင္ခိုေဈးကြက္က ႀကီးထြားလာေနၿပီ ျဖစ္သည္။

ယင္းႏွင့္ အတူ ေဆး႐ုံ မ်ား အဖို႔ မႏိုင္မနင္း အျဖစ္ႏွင့္ ႀကဳံလာရၿပီ ျဖစ္သည္။(၂၀၂၁ ဇူလိုင္ ၁၀ ရက္ေန႔ ထုတ္ အီေကာ္ေနာ္မစ္ မဂၢဇင္းပါ “Covid-19 deaths in Russia are soaring” ေဆာင္းပါးမွ ေကာက္ႏႈတ္ တင္ျပသည္)

Credit Original upload

Unicode

မအလ ကာကွယ်ဆေးဝယ်ဖို့ မှာထားသော ရုရှားတွင် ကိုဗစ်-၁၉ သေဆုံးမှုများ မြင့်တက်လာနေ

ပြီးခဲ့သည့် နှစ် တလျောက်လုံး ရုရှားသည် ကိုဗစ် တိုက်ဖျက်နိုင်မှူ တွင် အောင်မြင်မှုများ ရနေကြောင်း။အာပဒေါင်းပွ မတတ် ပြောဆိုလာခဲ့သည်။ မြို့များကို လော့ဒေါင်း ချစရာ မလိုသည့်အပြင် ကိုယ်ပိုင် Sputnik 5 ဆိုသည့် ကာကွယ်ဆေး ပါ ထုတ်လုပ်နိုင်ခဲ့ကြောင်း လည်း ကြွားဝါ၍ မဆုံး ဖြစ်ခဲ့သည်။ဇွန်လ အစောပိုင်းတွင် သမ္မတ ပူတင် သည် စိန့်ပီတာ စဘတ် မြို့တွင် နိုင်ငံတကာ စီးပွားရေး ဖိုရမ်ကြီးကို ကျင်းပခဲ့ပြီး နိုင်ငံတကာ မှ မင်းပရိသာတ် ထောင်ချီ၍ ဖိတ်ကြားခဲ့သည်။ မိမိတို့ နို့င်ငံ တခုတည်းသာ ယခုလို ညီလာခံကြီးအား ရောဂါ ကူးစက်မည်ကို စိုးရိမ်စရာမလိုပဲ ကျင်းပနိုင်ကြောင်းလည်း ပူတင်က ကြွားလုံးထုတ်ခဲ့ပြန်သည်။

ပူတင်က ထိုသို့ မင်းပရိသာတ် ဗိုလ်ပုံ အလည်တွင် ကြွားလုံးထုတ်နေချိန်တွင် နိုင်ငံတွင်းရှိ ဆရာဝန်များကတော့ တနေ့တခြား ကူးစက်မှု နှုန်း မြင့်တက်လာနေမှုနှင့် နပမ်းလုံး နေကြရပြီ ဖြစ်သည်။နောက်ပိုင်း တလအကြာတွင်တော့ ကိုဗစ် တတိယလှိုင်း ဒဏ်ကြောင့် ရုရှားတွင် သေဆုံးမှူ နှုန်းက မကြုံစဖူးအောင် မြင့်တက်လာခဲ့ပြီ ဖြစ်သည်။

နေ့စဉ် ကူးစက်ခံရသူ အရည်အတွက်သည် ၂၅,၀၀၀ ကျော်နေပြီး တနေ့လျင် ပျမ်းမျှ ၆၇၀ ခန့် သေဆုံးလျက်ရှိသည်။ရုရှားသည် ကိုဗစ် ကာကွယ်ဆေးကို ပထမဆုံး ထုတ်လုပ်နိုင်ခဲ့ပါလျက် ထိုသို့ သေဆုံးမှုများက အံဩဖွယ်ရာပင် ဖြစ်သည်။ ဗြိတိန်တွင်လူဦးရေ၏ ၇၈% သည် အနည်းဆုံးကာကွယ်ဆေး တကြိမ် ထိုးပြီးဖြစ်သော်လည်း ရုရှားတွင် ဆေးထိုးပြီး အရည်အတွက်သည် ၂၀% ခန့်သာ ရှိပေသေးသည်။ဤသည်က ဆေးဝါး ပြတ်လတ်နေခြင်းကြောင့် မဟုတ်ပဲ လူထု က အစိုးရ နှင့် ၎င်းတို့ ထုတ်လုပ်သော ဆေးအပေါ် အယုံအကြည် မရှိကြခြင်းကြောင့်ပင် ဖြစ်သည်။

Sputnik 5 သည် အဆင့် ၃ အထိ မစမ်းသပ်ရသေးပဲ အတည်ပြုခဲ့သဖြင့်လည်း အချက်အလက်များ တရားဝင် ထုတ်ပြန်လာသည့် အခါ ကွဲလွဲချက်များစွာ ထွက်ပေါ်လာခဲ့သည်။ ထို့အတွက်လည်း ၎င်း၏ ထိရောက်မှု သည် အက်စထရာဇနကာ နှင့် ဂျွန်ဆင် တို့နှင့် အတူတူ ဟု ဆိုသော်ငြားလည်း အယုံအကြည် မဲ့ခြင်း ခံခဲ့ရသည်။

ယခင် က ကိုယ်တုံးလုံး နှင့် ဗလပြတတ်သည့် ပူတင်ပင် ရုရှားဆေးကို ထိုးရန် မတ်လကုန်အထိ ချီတုံချတုံ ဖြစ်နေပြီး ထိုးပြီးပြီ ဆိုသော်လည်း ၎င်းဆေးထိုးခံသည့် ပုံကို ဓါတ်ပုံ အရိုက်မခံဟု အကြောင်းပြချက်ဖြင့် ယခုထိ ထုတ်ပြနိုင်ခြင်း မရှိသေးပေ။ထိုအတွက်လည်း ရုရှား နိုင်ငံသားများက ၎င်းတို့၏ ကာကွယ်ဆေး အပေါ် အယုံအကြည် မဲ့လာကြခြင်းလည်း ဖြစ်သည်။ ဆေးထိုးရန် ရောက်လာသော လူများအားလည်း Sputnik 5 အစား နောက်ထပ် ရုရှားကာကွယ်ဆေး တမျိုး ဖြစ်သည့် EpiVacCorona ဆေးကို ထိုးပေးခဲ့ကြပြန်သည်။

ထိုဆေးအား ပူတင်ကိုယ်တိုင်က ထုတ်ဖေါ် ချီးကြူးထားသော်လည်း မည်သည့် နိုင်ငံကမှ အတည်ပြု သုံးစွဲခြင်း မရှိသေးပေ။လူထု မှ ကာကွယ်ဆေး ထိုးလာစေရန် အတွက်
ဆေးထိုးပြီးကြောင်း QR code ဖြင့် သက်သေပြနိုင်သူများကိုသာ စားသောက်ဆိုင်များ အတွင်းသို့ ဝင်ခွင့်ပြုမည်ဟု ကြေညာလာခဲ့ပြန်သည်။

ဆေးရုံများကလည်း ဆေးထိုးထားခြင်း မရှိသော လူနာများကို လက်ခံ ကုသမပေးရဟုလည်း ဆိုသည်။အစိုးရ ဝန်ထမ်းများက ထိုးနှံကြသော်လည်း ဆေးထိုးပြီး လက်မှတ်အတု ရောင်းချသည့် မှောင်ခိုဈေးကွက်က ကြီးထွားလာနေပြီ ဖြစ်သည်။

ယင်းနှင့် အတူ ဆေးရုံ များ အဖို့ မနိုင်မနင်း အဖြစ်နှင့် ကြုံလာရပြီ ဖြစ်သည်။(၂၀၂၁ ဇူလိုင် ၁၀ ရက်နေ့ ထုတ် အီကော်နော်မစ် မဂ္ဂဇင်းပါ “Covid-19 deaths in Russia are soaring” ဆောင်းပါးမှ ကောက်နှုတ် တင်ပြသည်)

Credit Original upload