Local News

အောက်ဆီဂျင် ရဖို့ ၁၁ ကြိမ်တိတိ အကူအညီတောင်းခံနေရင်း သေဆုံးသွားခဲ့ရပြီ ဖြစ်တဲ့ ဗိသုကာမေဂျာ နောက်ဆုံးနှစ်ကျောင်းသားလေး T Mono

လတ်တလောမှာ နိုင်ငံရေးအခြေအနေတွေကြောင့် စိတ်မကောင်းစရာ သတင်းတွေအပြင် တစ်ကျော့ပြန်ကူးစက်လာတဲ့ ကိုဗစ်ရောဂါကြောင့် လူအများအပြား သေဆုံးနေရတဲ့ မြင်ကွင်းတွေကိုလည်း နေ့ရောညပါ တွေ့မြင်နေရပါတယ်။

ဒါ့အပြင် နေအိမ်တွေမှာ ကုသနေကြတဲ့ ကိုဗစ်လူနာတွေများလာတာနဲ့အမျှ အောက်ဆီဂျင်များ အလွယ်တကူမရှိတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။ဒီလို အောက်ဆီဂျင်များအလွယ်တကူ အရေးပေါ်မရရှိတာကြောင့် ချစ်ရသူတွေကို မျက်စိအောက်မှာပဲ ဆုံးရှုံးခဲ့ရပါတယ်။တတိယလှိုင်းအနေနဲ့ မြန်မာနိုင်ငံမှာ တစ်ကျော့ပြန်လည် ဖြစ်ပွားနေတဲ့ Covid – 19 ရောဂါက အရင်ထက်ပိုမို အားပြင်းပြီး သေဆုံးမှုတွေလည်း များစွာရှိနေပါတယ် ။

ဒီလို ပိုမိုပြင်းထန်လာတဲ့ ကိုဗစ်ရောဂါအခြေအနေတွေမှာ အဓိက လူနာတွေ သေဆုံးကြရတာကတော့ အောက်ဆီဂျင် မလုံလောက်မှု

ပြဿနာပဲဖြစ်ပါတယ် ။ ကူးစက်သူတွေ များပြားလာတာကြောင့် အောက်ဆီဂျင်အိုးတွေဆို လူများစွာ လာရောက် တန်းစီ ယူကြရသည်အထိပါပဲ ။လူမှုကွန်ရက် စာမျက်နှာတွေ ထက်မှာလည်း နေ့ရော ညရော အောက်ဆီဂျင်လိုအပ်လို့ အကူအညီ တောင်းခံကြသူတွေ များပြားလွန်းနေတာကို တွေ့ရပါတယ် ။

ဒီဖြစ်ရပ်လေးကတော့ အရေးပေါ်အသက်ရှုဖို့အောက်ဆီဂျင် ရဖို့ ၁၁ ကြိမ်တိတိ အကူအညီတောင်းခံနေရင်း သေဆုံးသွားခဲ့ရပြီ ဖြစ်တဲ့

အနောက်ပိုင်းနည်းပညာတက္ကသိုလ် ဗိသုကာမေဂျာ က ကျောင်းသားလေး T MonoT Mono က အောက်ဆီဂျင် level 55 အထိ ထိုးကျနေခဲ့လို့ အောက်ဆီဂျင် လိုအပ်မှု အကူအညီကို သူရဲ့ လူမှုကွန်ယက် ကနေ ၁၁ ကြိမ်တိတိ တင်ပြီး

တောင်းဆိုခဲ့သော်လည်း အောက်ဆီဂျင် မရရှိခဲ့ပဲ ကွယ်လွန်သွားခဲ့ရပါတယ်။ဒီ၀မ်းနည်းစရာ ဖြစ်ရပ်လေးကို ဆရာမတစ်ဦးကလည်း ပြောပြလာပါတယ်။”ကြယ်ကြွေ ညရဲ့ ပုံပြင်”(သို့) ကြွေလွင့်သွားသောဗိသုကာ ကြယ်လေးတစ်ပွင့်ဆီသို့
ယနေ့ ဝမ်းနည်းစရာ သတင်းစကား လေလိုင်းကြားကရောက်လာခဲ့တယ် WYTUဗိသုကာအတန်း Final Year Thesis ပြုလုပ်နေဆဲ

ကျမရဲ့ Supervisor ကလေး ဆုံးသွားတယ်တဲ့။ ဘယ်သူလို့ အကြိမ်ကြိမ်မေးမိအောင်ပါပဲ။

တစ်အိမ်သားလုံးနဲ့အတူ တိုက်ပွဲဝင်ရင်း မနေ့က O2 Level (55) အောက်ရောက်လို့ အကူအညီတောင်းခံခဲ့တဲ့ပိုစ့်တွေကိုမြင်မိတော့ ရင်တွေနာလှတယ်။

အဝေးကပဲ သတိတွေပေးမိနေမိသူတွေကို အပူမစီးကူးရလေအောင် ဂိမ်းဆော့နေသလို Level တက်လာပြီချယ် “သားအဆင်ပြေပါတယ်” တဲ့လေ ။Design ရဲ့အခြေခံ ကကြီး၊ခခွေးတန်းကစ ဗိသုကာပညာရပ်ကိုအလေးထားသူအဖြစ် သတိထားမိခဲ့သူတစ်ဦးပါ။ “နေနေ”လို့တမျိုး “မိုနို”လိုတခါခေါ်ဆိုကြတဲ့ နေသီဟနိုင် ပေါ့။

လူပုံလေးက ခပ်ပြည့်ပြည့် နှုတ်ခမ်းထော်ထော်လေးနဲ့ အမြဲဆူပုတ်နေပုံက ချစ်စရာကောင်းသလောက် စာသင်ချိန်တိုင်း ရုပ်တည်ကြီးနဲ့ မထင်မှတ်ပဲအရွှန်းဖောက်လေ့ရှိတဲ့ကျမရဲ့အတန်းချိန်တိုင်းအူလိုက်သည်းလိုက် အသံနက်ကြီးနဲ့ အရယ်သန်လှတဲ့ သူ့အသံဘက်ပြဲကြီးကိုတော့ မနှစ်မြို့ခဲ့ပါ။ (ဒါကို Thesis တွေဆွေးနွေးရင်း

ား အားနည်းချက်/အားသာချက်လေးပြောပြပါလားချယ်ဆိုလို့ သူသိသွားတော့ ရယ်သံလေးပါ သာယာအောင် ဖန်တီးပါ့မယ်တီချယ်ဆိုလို့

ရယ်ခဲ့ရသေးတယ်လေ) Activity တိုင်းမှာ တက်ကြွစွာပါဝင်ခဲ့သူ၊ ဌာနရဲ့ စာကြည့်တိုက်လေးမှာ အများကြီး အားထည့်ပေးခဲ့သူလေး တယောက်ပါ။
သူကတော့ စတွေ့ကတည်းက ကျမရဲ့မျက်လုံးတွေနဲ့အပြုံးတွေကို သတိထားမိသတဲ့၊ ရဲရင့်ပြတ်သားတဲ့ တီချယ့်မျက်လုံး၊

အကြည့်တွေကိုသဘောကျသလို တီချယ်အပြောတွေက သားတို့တွေကိုခွန်အားဖြစ်စေသတဲ့လေ ခုတော့ လေလိုင်းကြားကစကားတွေက

အားမဖြစ်စေနိုင်ခဲ့သလို မျက်လုံးတွေလည်း မှေးမှိန်နေတာကြာခဲ့ပါပြီ သားရေ
ဆရာတပည့်နှစ်ယောက် ရေစက်ရှိစွာ Thesis Supervisor တဖြစ် “Myanmar Performing Arts Center,Mandalay” ဆိုတော့ သူနဲ့အပြိုင်

ကိုယ်ပါ အနုပညာတောမှာ မျောခဲ့ရတာပေါ့ ခုတော့ သူမြတ်နိုးတဲ့ခေါင်းစဥ်လေး အဆုံးသတ်မသွားခဲ့ရသလို B. Arch ဘွဲ့လေးလည်း ရမသွားခဲ့ရပြန်ဘူး
သူအကြိမ်ကြိမ်ဖိတ်ခေါ်ခဲ့တဲ့ သူဝါသနာပါရာ ဂျုံအရုပ်လေးတွေ၊ စက္ကူ မျက်နှာဖုံးလေးတွေ နဲ့ Detail ဆန်လှတဲ့ သူ့အနုသုခုမှလက်ရာတွေ ဖန်တီးထားရာ

Studio လေးစီ အရောက်မသွားမိခဲ့တာ ခုချိန်မှာနောင်တတွေရနေမိပါတယ်သူရဲ့ဖန်တီးချက် Thuno Club၊ Architectural Illustration Class တွေနဲ့

ပါရမီရှိလှတဲ့ အနာဂတ်မှာ တောက်ပမယ့်ကြယ်တပွင့်ကြွေရပြီ၊ အလေးထားသူတွေ အရေးမပါတဲ့အချိန်မို့ ယူကြုံးမရဖြစ်ရပါတယ် ..

2021 ကပေးဆပ်မှု့တွေ ဆုံးရှုံးမှုတွေများလိုက်တာ … တချို့အတွက် ရာထူး၊အလုပ်တွေစွန့်ခဲ့ရသလို တချို့က အိုးအိမ်တွေပါမက နာမ်ရုပ်တွေပါ ပျက်ဆီးပျောက်ကွယ်သွားရတဲ့အပြင် အနုပညာတွေပါ ခမ်းခြောက်လာရပြီ ဒီညတော့ ကောင်းကင်ကြီးတစ်ခုလုံးမှာ ကြယ်တွေ ဆုံတော့မယ် မထင်ဘူးသားရေကောင်းမွန်ရာ ဘုံဘဝမှာ အနုလက်ရာတွေ ဆက်လက် ဖန်တီးနိင်ပါစေ

ဘဝဆက်တိုင်း လိုတိုင်းတ ရနိုင်ပါစေ

Credit Original upload

Unicode

လတ်တလောမှာ နိုင်ငံရေးအခြေအနေတွေကြောင့် စိတ်မကောင်းစရာ သတင်းတွေအပြင် တစ်ကျော့ပြန်ကူးစက်လာတဲ့ ကိုဗစ်ရောဂါကြောင့် လူအများအပြား သေဆုံးနေရတဲ့ မြင်ကွင်းတွေကိုလည်း နေ့ရောညပါ တွေ့မြင်နေရပါတယ်။

ဒါ့အပြင် နေအိမ်တွေမှာ ကုသနေကြတဲ့ ကိုဗစ်လူနာတွေများလာတာနဲ့အမျှ အောက်ဆီဂျင်များ အလွယ်တကူမရှိတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။ဒီလို အောက်ဆီဂျင်များအလွယ်တကူ အရေးပေါ်မရရှိတာကြောင့် ချစ်ရသူတွေကို မျက်စိအောက်မှာပဲ ဆုံးရှုံးခဲ့ရပါတယ်။တတိယလှိုင်းအနေနဲ့ မြန်မာနိုင်ငံမှာ တစ်ကျော့ပြန်လည် ဖြစ်ပွားနေတဲ့ Covid – 19 ရောဂါက အရင်ထက်ပိုမို အားပြင်းပြီး သေဆုံးမှုတွေလည်း များစွာရှိနေပါတယ် ။

ဒီလို ပိုမိုပြင်းထန်လာတဲ့ ကိုဗစ်ရောဂါအခြေအနေတွေမှာ အဓိက လူနာတွေ သေဆုံးကြရတာကတော့ အောက်ဆီဂျင် မလုံလောက်မှု

ပြဿနာပဲဖြစ်ပါတယ် ။ ကူးစက်သူတွေ များပြားလာတာကြောင့် အောက်ဆီဂျင်အိုးတွေဆို လူများစွာ လာရောက် တန်းစီ ယူကြရသည်အထိပါပဲ ။လူမှုကွန်ရက် စာမျက်နှာတွေ ထက်မှာလည်း နေ့ရော ညရော အောက်ဆီဂျင်လိုအပ်လို့ အကူအညီ တောင်းခံကြသူတွေ များပြားလွန်းနေတာကို တွေ့ရပါတယ် ။

ဒီဖြစ်ရပ်လေးကတော့ အရေးပေါ်အသက်ရှုဖို့အောက်ဆီဂျင် ရဖို့ ၁၁ ကြိမ်တိတိ အကူအညီတောင်းခံနေရင်း သေဆုံးသွားခဲ့ရပြီ ဖြစ်တဲ့

အနောက်ပိုင်းနည်းပညာတက္ကသိုလ် ဗိသုကာမေဂျာ က ကျောင်းသားလေး T MonoT Mono က အောက်ဆီဂျင် level 55 အထိ ထိုးကျနေခဲ့လို့ အောက်ဆီဂျင် လိုအပ်မှု အကူအညီကို သူရဲ့ လူမှုကွန်ယက် ကနေ ၁၁ ကြိမ်တိတိ တင်ပြီး

တောင်းဆိုခဲ့သော်လည်း အောက်ဆီဂျင် မရရှိခဲ့ပဲ ကွယ်လွန်သွားခဲ့ရပါတယ်။

ဒီ၀မ်းနည်းစရာ ဖြစ်ရပ်လေးကို ဆရာမတစ်ဦးကလည်း ပြောပြလာပါတယ်။”ကြယ်ကြွေ ညရဲ့ ပုံပြင်”(သို့) ကြွေလွင့်သွားသောဗိသုကာ ကြယ်လေးတစ်ပွင့်ဆီသို့
ယနေ့ ဝမ်းနည်းစရာ သတင်းစကား လေလိုင်းကြားကရောက်လာခဲ့တယ် WYTUဗိသုကာအတန်း Final Year Thesis ပြုလုပ်နေဆဲ

ကျမရဲ့ Supervisor ကလေး ဆုံးသွားတယ်တဲ့။ ဘယ်သူလို့ အကြိမ်ကြိမ်မေးမိအောင်ပါပဲ။

တစ်အိမ်သားလုံးနဲ့အတူ တိုက်ပွဲဝင်ရင်း မနေ့က O2 Level (55) အောက်ရောက်လို့ အကူအညီတောင်းခံခဲ့တဲ့ပိုစ့်တွေကိုမြင်မိတော့ ရင်တွေနာလှတယ်။

အဝေးကပဲ သတိတွေပေးမိနေမိသူတွေကို အပူမစီးကူးရလေအောင် ဂိမ်းဆော့နေသလို Level တက်လာပြီချယ် “သားအဆင်ပြေပါတယ်” တဲ့လေ ။Design ရဲ့အခြေခံ ကကြီး၊ခခွေးတန်းကစ ဗိသုကာပညာရပ်ကိုအလေးထားသူအဖြစ် သတိထားမိခဲ့သူတစ်ဦးပါ။ “နေနေ”လို့တမျိုး “မိုနို”လိုတခါခေါ်ဆိုကြတဲ့ နေသီဟနိုင် ပေါ့။

လူပုံလေးက ခပ်ပြည့်ပြည့် နှုတ်ခမ်းထော်ထော်လေးနဲ့ အမြဲဆူပုတ်နေပုံက ချစ်စရာကောင်းသလောက် စာသင်ချိန်တိုင်း ရုပ်တည်ကြီးနဲ့ မထင်မှတ်ပဲအရွှန်းဖောက်လေ့ရှိတဲ့ကျမရဲ့အတန်းချိန်တိုင်းအူလိုက်သည်းလိုက် အသံနက်ကြီးနဲ့ အရယ်သန်လှတဲ့ သူ့အသံဘက်ပြဲကြီးကိုတော့ မနှစ်မြို့ခဲ့ပါ။ (ဒါကို Thesis တွေဆွေးနွေးရင်း

ား အားနည်းချက်/အားသာချက်လေးပြောပြပါလားချယ်ဆိုလို့ သူသိသွားတော့ ရယ်သံလေးပါ သာယာအောင် ဖန်တီးပါ့မယ်တီချယ်ဆိုလို့

ရယ်ခဲ့ရသေးတယ်လေ) Activity တိုင်းမှာ တက်ကြွစွာပါဝင်ခဲ့သူ၊ ဌာနရဲ့ စာကြည့်တိုက်လေးမှာ အများကြီး အားထည့်ပေးခဲ့သူလေး တယောက်ပါ။

သူကတော့ စတွေ့ကတည်းက ကျမရဲ့မျက်လုံးတွေနဲ့အပြုံးတွေကို သတိထားမိသတဲ့၊ ရဲရင့်ပြတ်သားတဲ့ တီချယ့်မျက်လုံး၊

အကြည့်တွေကိုသဘောကျသလို တီချယ်အပြောတွေက သားတို့တွေကိုခွန်အားဖြစ်စေသတဲ့လေ ခုတော့ လေလိုင်းကြားကစကားတွေက

အားမဖြစ်စေနိုင်ခဲ့သလို မျက်လုံးတွေလည်း မှေးမှိန်နေတာကြာခဲ့ပါပြီ သားရေ
ဆရာတပည့်နှစ်ယောက် ရေစက်ရှိစွာ Thesis Supervisor တဖြစ် “Myanmar Performing Arts Center,Mandalay” ဆိုတော့ သူနဲ့အပြိုင်

ကိုယ်ပါ အနုပညာတောမှာ မျောခဲ့ရတာပေါ့ ခုတော့ သူမြတ်နိုးတဲ့ခေါင်းစဥ်လေး အဆုံးသတ်မသွားခဲ့ရသလို B. Arch ဘွဲ့လေးလည်း ရမသွားခဲ့ရပြန်ဘူး
သူအကြိမ်ကြိမ်ဖိတ်ခေါ်ခဲ့တဲ့ သူဝါသနာပါရာ ဂျုံအရုပ်လေးတွေ၊ စက္ကူ မျက်နှာဖုံးလေးတွေ နဲ့ Detail ဆန်လှတဲ့ သူ့အနုသုခုမှလက်ရာတွေ ဖန်တီးထားရာ

Studio လေးစီ အရောက်မသွားမိခဲ့တာ ခုချိန်မှာနောင်တတွေရနေမိပါတယ်သူရဲ့ဖန်တီးချက် Thuno Club၊ Architectural Illustration Class တွေနဲ့

ပါရမီရှိလှတဲ့ အနာဂတ်မှာ တောက်ပမယ့်ကြယ်တပွင့်ကြွေရပြီ၊ အလေးထားသူတွေ အရေးမပါတဲ့အချိန်မို့ ယူကြုံးမရဖြစ်ရပါတယ် ..

2021 ကပေးဆပ်မှု့တွေ ဆုံးရှုံးမှုတွေများလိုက်တာ … တချို့အတွက် ရာထူး၊အလုပ်တွေစွန့်ခဲ့ရသလို တချို့က အိုးအိမ်တွေပါမက နာမ်ရုပ်တွေပါ ပျက်ဆီးပျောက်ကွယ်သွားရတဲ့အပြင် အနုပညာတွေပါ ခမ်းခြောက်လာရပြီ ဒီညတော့

ကောင်းကင်ကြီးတစ်ခုလုံးမှာ ကြယ်တွေ ဆုံတော့မယ် မထင်ဘူးသားရေကောင်းမွန်ရာ ဘုံဘဝမှာ အနုလက်ရာတွေ ဆက်လက် ဖန်တီးနိင်ပါစေဘဝဆက်တိုင်း လိုတိုင်းတ ရနိုင်ပါစေ

Credit Original upload