Local News

မြန်မာကလေးငယ်တွေကို စော်ကားခဲ့တဲ့ အသက် ၆၀ ကျော် ခရီးသွား

မြန်မာနိုင်ငံထဲ ကလေးသူငယ် ယောက်ျားလေးတွေကို လိင်ပိုင်း မတော်မတရား ပြုခဲ့တဲ့ အသက် ၆၆ နှစ် အရွယ် အမျိုးသားတစ်ဦးကို အင်္ဂလန် ရာဇဝတ် တရားရုံးတော်တစ်ခုက ထောင်ဒဏ် ၆ နှစ် အမိန့်ချလိုက်ပါတယ်။

ခရစ္စတိုဖာ ဘန်း Christopher Behn ဆိုသူကို အက်ဆက်စ်နယ်၊ ချမ်းစ်ဖို့ဒ်မြို့ ရုံးတော်က ဇူလိုင်လ ၈ ရက်နေ့မှာ ပြစ်ဒဏ် ချမှတ်လိုက်တာ ဖြစ်တယ်ဆိုပြီး အင်္ဂလန်နဲ့ ဝေလနယ် တို့အတွက် အစိုးရ တရားစွဲ ဌာနဖြစ်တဲ့ Crown Prosecution Service (CPS) က ထုတ်ပြန်ပါတယ်။ ထောင်က ထွက်လာပြီးရင်လည်း ၆ နှစ် ခြေချုပ်နဲ့ နေရမှာ ဖြစ်ပါတယ်။အဲဒီသူဟာ မြန်မာနိုင်ငံကို ၂၀၁၆ ခုနှစ်တုန်းက စက်ဘီးစီးခရီး အဖွဲ့နဲ့ လာရောက်ခဲ့သူ ဖြစ်ပြီး၊ ခရီးစဥ်အပြီး ငပလီ ကမ်းခြေတဝိုက် နောက်ထပ် ၄ ည ဆက် နေခဲ့တယ်လို့ ဆိုပါတယ်။အဲဒီကာလ အပိုင်းအခြားမှာ

အဲဒီသူဟာ လိင်ပိုင်း မတော်မတရား လုပ်ဖို့ ရည်ရွယ်ချက်နဲ့ အရွယ်မရောက်သေးတဲ့ ယောက်ျားလေး ကလေးငယ်တွေကို ချည်းကပ်ခဲ့ပြီး၊ ယူကေကို နိုဝင်ဘာ ၂၅ ရက်နေ့ ၂၀၁၆ မှာ ပြန်လာခဲ့တယ်လို့ CPS ရဲ့ ထုတ်ပြန်ချက်ထဲ ရေးထားပါတယ်။

အဲဒီကျူးလွန်သူဟာ ၁၃ နှစ်အောက်ငယ်တဲ့ မြန်မာ ယောက်ျားလေး ကလေးငယ် ၁၁ ယောက်ရဲ့ ကိုယ်လုံးတီး ဓာတ်ပုံတွေကို ရိုက်ကူးခဲ့ပါတယ်။အနည်းဆုံး ကလေးငယ်တစ်ယောက်ကို လိင်ပိုင်း တိုက်ခိုက်ခဲ့ပြီး၊ အဲဒီလို တိုက်ခိုက်နေစဥ်မှာလည်း ဓာတ်ပုံတွေ ဆက်တိုက်ရိုက်ကူး မှတ်တမ်းတင်ခဲ့တယ်လို့ ဆိုပါတယ်။ဘန်းကို ၂၀၂၀ ဖေဖေါ်ဝါရီလမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ လန်ဒန်မြို့ နိုင်ငံတကာ လေဆိပ်တစ်ခုဖြစ်တဲ့ ဂက်ဝစ်မှာ ခရီးထွက်ဖို့လုပ်နေတုန်း ဖမ်းခဲ့တာဖြစ်ပြီး သူနဲ့အတူ ရှိနေတဲ့ ပစ္စည်းတွေကိုပါ သိမ်းဆည်းခဲ့ပါတယ်။

သိမ်းမိတဲ့ ပစ္စည်းတွေထဲ “ဂါမင်” အမျိုးအစား ဂျီပီအက်စ် တစ်လုံးလည်း ပါပြီး၊ နောက်ပိုင်း အဲဒီ ဂျီပီအက်စ်ဟာ အမှုမှာ အရေးကြီးတဲ့ သက်သေဖြစ်လာပါတယ်။(ဂျီပီအက်စ် ဆိုတာ ဂြိုဟ်တုကဆင့် ကိုယ်ရောက်နေတဲ့ နေရာ၊ သွားလိုတဲ့ နေရာတွေကို ပြသ လမ်းညွှန်တဲ့ စနစ် ဖြစ်ပါတယ်)

အဲဒီသူရဲ့ ဂါမင် ဂျီပီအက်စ် ထဲမှာ ဓာတ်ပုံတွေ ဘယ်နေရာမှာ ရိုက်ခဲ့သလဲ ဆိုတဲ့ တည်နေရာ မှတ်တမ်းတွေ တွေ့ရှိခဲ့ပြီး၊ သက်သေ အနေနဲ့ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ဘန်းရဲ့ လက်ပ်တော့ပ် ကွန်ပျူတာထဲကနေ ကလေးသူငယ်တွေရဲ့ မဖွယ်မရာ ပုံတွေ ၂၆၅ ပုံထိအောင် NCA လို့ ခေါ်တဲ့ ယူကေရဲ့ ရာဇဝတ်မှုခင်းများ ဆိုင်ရာ အထူး စုံထောက် အဖွဲ့က တွေ့ရှိခဲ့ပါတယ်။အဲဒီပုံတွေထဲက ကလေးတွေဟာ ၅ နှစ်နဲ့ ၉ နှစ် အရွယ်ကြားသာ ရှိသေးတဲ့ ကလေးသူငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

“မြန်မာပြည်ထဲ အရွယ်မရောက်တဲ့ ကလေးတွေအပေါ် ခရစ္စတိုဖာဘန်း ကျူးလွန်ခဲ့တာတွေဟာ အင်မတန် အော့နှလုံးနာစရာ၊ စက်ဆုပ်ဖွယ်ရာ ကောင်းပါတယ်။ လိင်အမြတ်ထုတ်ဖို့၊ စော်ကားတိုက်ခိုက်ဖို့ နဂိုကြံရွယ်ချက် ရှိရှိနဲ့ကို အကာအကွယ်ပေးသူ မရှိကြတဲ့ ထိခိုက်လွယ်တဲ့ ကလေးသူငယ်တွေကို ချည်းကပ်ခဲ့တာ ဖြစ်တယ်ဆိုပြီး

CPS အဖွဲ့က အထူးအမှုလိုက်ရှေ့နေ ဂျော်ဂျီးနား ဗင်တူရဲလားက ပြောပါတယ်။ကလေးတွေကို ကိုယ်နေဟန်ထား ပုံစံအမျိုးမျိုးပြစေပြီး ဓာတ်ပုံတွေ ရိုက်ယူခဲ့တယ်။ အဲဒီရက်တွေမှာပဲ ဘန်းရဲ့ ကျူးလွန်မှုတွေဟာ ပုံတွေ ရိုက်ကူး တာထက်ပိုပြီး ဆိုးရွား ပြင်းထန်လာခဲ့တယ်” ဆိုပြီးတော့လည်း မစ္စ ဗင်တူရဲလားက ဆိုပါတယ်။ဘန်းရဲ့အမှုကို ကိုင်တွယ်ခဲ့တဲ့ NCA အဖွဲ့က အရာရှိ ဂရေဟမ် အဲလစ်ကလည်း အဲဒီသူဟာ ဒီလို ကိစ္စမျိုး ကျူးလွန်ဖို့ အမြဲချောင်းနေတဲ့ မုဆိုးပဲ။ သူပစ်မှတ်ထားတာ အလွယ်တကူ အနိုင်ကျင့် စော်ကားနိုင်တဲ့ ထိခိုက်လွယ် ကလေးသူငယ်တွေကို ဖြစ်တယ်။

သူ့ရဲ့ ကင်မရာရှေ့ မရောက်ရောက်အောင် အမျိူးမျိူး ဖြားယောင်း သိမ်းသွင်းပြီး သူ့ရဲ့ ရွံရှာစက်ဆုပ်ဖွယ် စိတ်အလိုအာသာကို ပြည့်မြောက်စေသူ ဖြစ်တယ်” လို့ ဆိုပါတယ်။အဲဒီလိုလူမျိုးတွေဟာ တိုးရစ် ခရီးသည်တွေ အသွင်နဲ့ ကမ္ဘာလှည့်ပြီး ပြစ်မှု ကျူးလွန် တတ်ကြတာ ဖြစ်တယ်လို့လည်း NCA အရာရှိ အဲလစ်က သတိပေးပါတယ်။

“ခရီးသွား လိင်အကြမ်းဖက်သမား ဘန်းလို လူမျိုးတွေဟာ သူတို့ ကျူးလွန် ခဲ့တာတွေက တော်ရုံ လူမသိနိုင်တဲ့ နေရာတွေ၊ ကမ္ဘာနဲ့ အဆက်ပြတ်တဲ့ နေရာတွေမှာ ဖြစ်လို့ သူတို့ကိုယ်သူတို့ ဘယ်တော့မှ အဖမ်းခံရမှာ မဟုတ်ဘူးလို့ ယူဆထားလေ့ ရှိတယ်”အဲ့ဒါ လုံးဝ မဟုတ်ဘူး။ တိုင်းပြည် နယ်နမိတ် တွေဟာ ဘန်းလိုမျိုး လူတွေကို အပြစ်ပေး အရေးယူနိုင်ဖို့ အကန့်အသတ် မဖြစ်စေတော့ပါဘူး။ NCA အနေနဲ့ နိုင်ငံတကာ မိတ်ဖက်အဖွဲ့တွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်း လုပ်ဆောင်နေတယ်။ နိုင်ငံရပ်ခြားမှာ ပြစ်မှုကျူးလွန်တဲ့ ဗြိတိသျှ နိုင်ငံသားတွေကို ယူကေထဲမှ

ာ သေချာပေါက် အပြစ်ပေး အရေးယူနိုင်ရေး အတွက် ဆောင်ရွက်နေတယ်” ဆိုပြီးတော့လည်း ဂရေဟမ် အဲလစ်က ပြောပါတယ်။ယူကေရဲ့ အရှေ့တောင်ပိုင်း ကမ်းရိုးတမ်းနဲ့ လန်ဒန်မြို့တော်ကြားမှာ အက်ဆက်စ် Essex ဆိုတဲ့ နယ်ရှိပါတယ်။

CPS ထုတ်ပြန်ချက်အရ ဧပြီ ၆ ရက်၊ ၁၉၅၅ မှာ မွေးတဲ့ ၆၆ နှစ် အရွယ် ဘန်းဟာ အဲဒီ အက်ဆက်စ်နယ်၊ ကိုလ်ချက်စတာမြို့၊ မားဆီးလမ်းမှာ နေတာ ဖြစ်ပါတယ်။ဒါ့ကြောင့် သူ့အမှုကို အက်ဆက်စ်နယ်ထဲက ချမ်းစ်ဖို့ဒ်မြို့ ရာဇဝတ်တရား ရုံးတော်က စီရင်ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။အက်ဆက်စ်နယ်ခံ သတင်းစာရဲ့ အဆိုအရ အဲဒီသူဟာ အငြိမ်းစား အင်္ဂျင်နီယာ တစ်ယောက်၊ ပင်စင်စား တစ်ယောက်လို့ ဆိုပါတယ်။ယူကေ ဗဟိုအဆင့် အထူး ရာဇဝတ်မှု စုံထောက် အဖွဲ့က သူတို့ စုံစမ်းနေတဲ့ တခြား အမှုကိစ္စတွေနဲ့ ပတ်သက်ပြီး သတိထား စောင့်ကြည့် နေသူတွေထဲမှာ ဘန်းလည်း ပါဝင် နေခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးတော့ ပြီးခဲ့တဲ့နှစ် ဖေဖေါ်ဝါရီလထဲမှာ သူ့ကို ပြည်ပခရီး ထွက်ခွင့် မပြုတော့ပဲ လေဆိပ်မှာပဲ ဖမ်းခဲ့ပြီး နောက်ဆက်တွဲ သက်သေတွေ ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ခိုင်မာတဲ့ သက်သေအထောက်အထား အများအပြား တွေ့ရှိရတာကြောင့် ဘန်းဟာ ဖုံးကွယ်ငြင်းဆိုတာမျိုး မလုပ်နိုင်တော့ပဲ ဇွန်လ ၈ ရက်နေ့မှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။

Credit

Unicode

ျမန္မာႏိုင္ငံထဲ ကေလးသူငယ္ ေယာက္်ားေလးေတြကို လိင္ပိုင္း မေတာ္မတရား ျပဳခဲ့တဲ့ အသက္ ၆၆ ႏွစ္ အ႐ြယ္ အမ်ိဳးသားတစ္ဦးကို အဂၤလန္ ရာဇဝတ္ တရား႐ုံးေတာ္တစ္ခုက ေထာင္ဒဏ္ ၆ ႏွစ္ အမိန္႔ခ်လိုက္ပါတယ္။

ခရစၥတိုဖာ ဘန္း Christopher Behn ဆိုသူကို အက္ဆက္စ္နယ္၊ ခ်မ္းစ္ဖို႔ဒ္ၿမိဳ႕ ႐ုံးေတာ္က ဇူလိုင္လ ၈ ရက္ေန႔မွာ ျပစ္ဒဏ္ ခ်မွတ္လိုက္တာ ျဖစ္တယ္ဆိုၿပီး အဂၤလန္နဲ႔ ေဝလနယ္ တို႔အတြက္ အစိုးရ တရားစြဲ ဌာနျဖစ္တဲ့ Crown Prosecution Service (CPS) က ထုတ္ျပန္ပါတယ္။ ေထာင္က ထြက္လာၿပီးရင္လည္း ၆ ႏွစ္ ေျခခ်ဳပ္နဲ႔ ေနရမွာ ျဖစ္ပါတယ္။အဲဒီသူဟာ ျမန္မာႏိုင္ငံကို ၂၀၁၆ ခုႏွစ္တုန္းက စက္ဘီးစီးခရီး အဖြဲ႕နဲ႔ လာေရာက္ခဲ့သူ ျဖစ္ၿပီး၊ ခရီးစဥ္အၿပီး ငပလီ ကမ္းေျခတဝိုက္ ေနာက္ထပ္ ၄ ည ဆက္ ေနခဲ့တယ္လို႔ ဆိုပါတယ္။

အဲဒီကာလ အပိုင္းအျခားမွာ အဲဒီသူဟာ လိင္ပိုင္း မေတာ္မတရား လုပ္ဖို႔ ရည္႐ြယ္ခ်က္နဲ႔ အ႐ြယ္မေရာက္ေသးတဲ့ ေယာက္်ားေလး ကေလးငယ္ေတြကို ခ်ည္းကပ္ခဲ့ၿပီး၊ ယူေကကို ႏိုဝင္ဘာ ၂၅ ရက္ေန႔ ၂၀၁၆ မွာ ျပန္လာခဲ့တယ္လို႔ CPS ရဲ႕ ထုတ္ျပန္ခ်က္ထဲ ေရးထားပါတယ္။

အဲဒီက်ဴးလြန္သူဟာ ၁၃ ႏွစ္ေအာက္ငယ္တဲ့ ျမန္မာ ေယာက္်ားေလး ကေလးငယ္ ၁၁ ေယာက္ရဲ႕ ကိုယ္လုံးတီး ဓာတ္ပုံေတြကို ႐ိုက္ကူးခဲ့ပါတယ္။အနည္းဆုံး ကေလးငယ္တစ္ေယာက္ကို လိင္ပိုင္း တိုက္ခိုက္ခဲ့ၿပီး၊ အဲဒီလို တိုက္ခိုက္ေနစဥ္မွာလည္း ဓာတ္ပုံေတြ ဆက္တိုက္႐ိုက္ကူး မွတ္တမ္းတင္ခဲ့တယ္လို႔ ဆိုပါတယ္။ဘန္းကို ၂၀၂၀ ေဖေဖၚဝါရီလမွာ ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။ လန္ဒန္ၿမိဳ႕ ႏိုင္ငံတကာ ေလဆိပ္တစ္ခုျဖစ္တဲ့ ဂက္ဝစ္မွာ ခရီးထြက္ဖို႔လုပ္ေနတုန္း ဖမ္းခဲ့တာျဖစ္ၿပီး သူနဲ႔အတူ ရွိေနတဲ့ ပစၥည္းေတြကိုပါ သိမ္းဆည္းခဲ့ပါတယ္။

သိမ္းမိတဲ့ ပစၥည္းေတြထဲ “ဂါမင္” အမ်ိဳးအစား ဂ်ီပီအက္စ္ တစ္လုံးလည္း ပါၿပီး၊ ေနာက္ပိုင္း အဲဒီ ဂ်ီပီအက္စ္ဟာ အမႈမွာ အေရးႀကီးတဲ့ သက္ေသျဖစ္လာပါတယ္။(ဂ်ီပီအက္စ္ ဆိုတာ ၿဂိဳဟ္တုကဆင့္ ကိုယ္ေရာက္ေနတဲ့ ေနရာ၊ သြားလိုတဲ့ ေနရာေတြကို ျပသ လမ္းၫႊန္တဲ့ စနစ္ ျဖစ္ပါတယ္)

အဲဒီသူရဲ႕ ဂါမင္ ဂ်ီပီအက္စ္ ထဲမွာ ဓာတ္ပုံေတြ ဘယ္ေနရာမွာ ႐ိုက္ခဲ့သလဲ ဆိုတဲ့ တည္ေနရာ မွတ္တမ္းေတြ ေတြ႕ရွိခဲ့ၿပီး၊ သက္ေသ အေနနဲ႔ အသုံးျပဳႏိုင္တာ ျဖစ္ပါတယ္။ဘန္းရဲ႕ လက္ပ္ေတာ့ပ္ ကြန္ပ်ဴတာထဲကေန ကေလးသူငယ္ေတြရဲ႕ မဖြယ္မရာ ပုံေတြ ၂၆၅ ပုံထိေအာင္ NCA လို႔ ေခၚတဲ့ ယူေကရဲ႕ ရာဇဝတ္မႈခင္းမ်ား ဆိုင္ရာ အထူး စုံေထာက္ အဖြဲ႕က ေတြ႕ရွိခဲ့ပါတယ္။အဲဒီပုံေတြထဲက ကေလးေတြဟာ ၅ ႏွစ္နဲ႔ ၉ ႏွစ္ အ႐ြယ္ၾကားသာ ရွိေသးတဲ့ ကေလးသူငယ္ေတြ ျဖစ္တယ္လို႔ ဆိုပါတယ္။

“ျမန္မာျပည္ထဲ အ႐ြယ္မေရာက္တဲ့ ကေလးေတြအေပၚ ခရစၥတိုဖာဘန္း က်ဴးလြန္ခဲ့တာေတြဟာ အင္မတန္ ေအာ့ႏွလုံးနာစရာ၊ စက္ဆုပ္ဖြယ္ရာ ေကာင္းပါတယ္။ လိင္အျမတ္ထုတ္ဖို႔၊ ေစာ္ကားတိုက္ခိုက္ဖို႔ နဂိုႀကံ႐ြယ္ခ်က္ ရွိရွိနဲ႔ကို အကာအကြယ္ေပးသူ မရွိၾကတဲ့ ထိခိုက္လြယ္တဲ့ ကေလးသူငယ္ေတြကို ခ်ည္းကပ္ခဲ့တာ ျဖစ္တယ္” ဆိုၿပီး

CPS အဖြဲ႕က အထူးအမႈလိုက္ေရွ႕ေန ေဂ်ာ္ဂ်ီးနား ဗင္တူရဲလားက ေျပာပါတယ္။ကေလးေတြကို ကိုယ္ေနဟန္ထား ပုံစံအမ်ိဳးမ်ိဳးျပေစၿပီး ဓာတ္ပုံေတြ ႐ိုက္ယူခဲ့တယ္။ အဲဒီရက္ေတြမွာပဲ ဘန္းရဲ႕ က်ဴးလြန္မႈေတြဟာ ပုံေတြ ႐ိုက္ကူး တာထက္ပိုၿပီး ဆိုး႐ြား ျပင္းထန္လာခဲ့တယ္” ဆိုၿပီးေတာ့လည္း မစၥ ဗင္တူရဲလားက ဆိုပါတယ္။ဘန္းရဲ႕အမႈကို ကိုင္တြယ္ခဲ့တဲ့ NCA အဖြဲ႕က အရာရွိ ဂေရဟမ္ အဲလစ္ကလည္းအဲဒီသူဟာ ဒီလို ကိစၥမ်ိဳး က်ဴးလြန္ဖို႔ အၿမဲေခ်ာင္းေနတဲ့ မုဆိုးပဲ။ သူပစ္မွတ္ထားတာ အလြယ္တကူ အႏိုင္က်င့္ ေစာ္ကားႏိုင္တဲ့ ထိခိုက္လြယ္ ကေလးသူငယ္ေတြကို ျဖစ္တယ္။ သူ႔ရဲ႕ ကင္မရာေရွ႕ မေရာက္ေရာက္ေအာင္

အမ်ိဴးမ်ိဴး ျဖားေယာင္း သိမ္းသြင္းၿပီး သူ႔ရဲ႕ ႐ြံရွာစက္ဆုပ္ဖြယ္ စိတ္အလိုအာသာကို ျပည့္ေျမာက္ေစသူ ျဖစ္တယ္” လို႔ ဆိုပါတယ္။

အဲဒီလိုလူမ်ိဳးေတြဟာ တိုးရစ္ ခရီးသည္ေတြ အသြင္နဲ႔ ကမာၻလွည့္ၿပီး ျပစ္မႈ က်ဴးလြန္ တတ္ၾကတာ ျဖစ္တယ္လို႔လည္း NCA အရာရွိ အဲလစ္က သတိေပးပါတယ္။ခရီးသြား လိင္အၾကမ္းဖက္သမား ဘန္းလို လူမ်ိဳးေတြဟာ သူတို႔ က်ဴးလြန္ ခဲ့တာေတြကေတာ္႐ုံ လူမသိႏိုင္တဲ့ ေနရာေတြ၊ ကမာၻနဲ႔ အဆက္ျပတ္တဲ့ ေနရာေတြမွာ ျဖစ္လို႔ သူတို႔ကိုယ္သူတို႔ ဘယ္ေတာ့မွ အဖမ္းခံရမွာ မဟုတ္ဘူးလို႔ ယူဆထားေလ့ ရွိတယ္”အဲ့ဒါ လုံးဝ မဟုတ္ဘူး။ တိုင္းျပည္ နယ္နမိတ္ ေတြဟာ ဘန္းလိုမ်ိဳး လူေတြကို အျပစ္ေပး အေရးယူႏိုင္ဖို႔ အကန္႔အသတ္ မျဖစ္ေစေတာ့ပါဘူး။

NCA အေနနဲ႔ ႏိုင္ငံတကာ မိတ္ဖက္အဖြဲ႕ေတြနဲ႔ နီးနီးကပ္ကပ္ ပူးေပါင္း လုပ္ေဆာင္ေနတယ္။ ႏိုင္ငံရပ္ျခားမွာ ျပစ္မႈက်ဴးလြန္တဲ့ ၿဗိတိသွ် ႏိုင္ငံသားေတြကို ယူေကထဲမွာ ေသခ်ာေပါက္ အျပစ္ေပး အေရးယူႏိုင္ေရး အတြက္ ေဆာင္႐ြက္ေနတယ္” ဆိုၿပီးေတာ့လည္း ဂေရဟမ္ အဲလစ္က ေျပာပါတယ္။

ယူေကရဲ႕ အေရွ႕ေတာင္ပိုင္း ကမ္း႐ိုးတမ္းနဲ႔ လန္ဒန္ၿမိဳ႕ေတာ္ၾကားမွာ အက္ဆက္စ္ Essex ဆိုတဲ့ နယ္ရွိပါတယ္။CPS ထုတ္ျပန္ခ်က္အရ ဧၿပီ ၆ ရက္၊ ၁၉၅၅ မွာ ေမြးတဲ့ ၆၆ ႏွစ္ အ႐ြယ္ ဘန္းဟာ အဲဒီ အက္ဆက္စ္နယ္၊ ကိုလ္ခ်က္စတာၿမိဳ႕၊ မားဆီးလမ္းမွာ ေနတာ ျဖစ္ပါတယ္။ဒါ့ေၾကာင့္ သူ႔အမႈကို အက္ဆက္စ္နယ္ထဲက ခ်မ္းစ္ဖို႔ဒ္ၿမိဳ႕ ရာဇဝတ္တရား ႐ုံးေတာ္က စီရင္ဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္။အက္ဆက္စ္နယ္ခံ သတင္းစာရဲ႕ အဆိုအရ အဲဒီသူဟာ အၿငိမ္းစား အဂ်ၤင္နီယာ တစ္ေယာက္၊ ပင္စင္စား တစ္ေယာက္လို႔ ဆိုပါတယ္။

ယူေက ဗဟိုအဆင့္ အထူး ရာဇဝတ္မႈ စုံေထာက္ အဖြဲ႕က သူတို႔ စုံစမ္းေနတဲ့ တျခား အမႈကိစၥေတြနဲ႔ ပတ္သက္ၿပီး သတိထား ေစာင့္ၾကည့္ ေနသူေတြထဲမွာ ဘန္းလည္း ပါဝင္ ေနခဲ့တာ ျဖစ္ပါတယ္။

ေနာက္ဆုံးေတာ့ ၿပီးခဲ့တဲ့ႏွစ္ ေဖေဖၚဝါရီလထဲမွာ သူ႔ကို ျပည္ပခရီး ထြက္ခြင့္ မျပဳေတာ့ပဲ ေလဆိပ္မွာပဲ ဖမ္းခဲ့ၿပီး ေနာက္ဆက္တြဲ သက္ေသေတြ ေဖာ္ထုတ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ခိုင္မာတဲ့ သက္ေသအေထာက္အထား အမ်ားအျပား ေတြ႕ရွိရတာေၾကာင့္ ဘန္းဟာ ဖုံးကြယ္ျငင္းဆိုတာမ်ိဳး မလုပ္ႏိုင္ေတာ့ပဲ ဇြန္လ ၈ ရက္ေန႔မွာ အျပစ္ရွိေၾကာင္း ဝန္ခံခဲ့ပါတယ္။

Credit