Knowledge

ဂျစ်တီးဂျစ်ကန် ကောင်မလေးတွေမှာသာ ရှိနေတတ်တဲ့ လက္ခဏာရပ်များ

ဂျစ်တီးဂျစ်ကန် ကောင်မလေးတွေမှာသာ ရှိနေတတ်တဲ့ လက္ခဏာရပ်များကောင်မလေးတွေက တကယ့်ကို ပုံစံအမျိုးမျိုး ကွဲထွက်နေပါတယ်။ မိန်းကလေးပီပီ နူးညံ့နွဲ့နှောင်း နေရမယ့်အစားမိုက်တိမိုက်ကန်းပုံစံ ကောင်မလေးတွေလည်း ရှိနေပါသေးတယ်ဒီလို ဂျစ်ကန်ကန် ကောင်မလေးတွေကတော့ ဒီအကျင့်တွေ ရှိနေတတ်ပါတယ်။(1) တဇွတ်ထိုးစိတ် ရှိတယ်သူတို့တွေက လုပ်ချင်လာပြီဆိုရင် ရအောင် လုပ်လိုက်ရမှ ကျေနပ်တတ်ကြသူတွေ ဖြစ်ပါတယ်။သူတို့တွေက ဦးတည်ချက် တိကျတဲ့သူတွေလို့ သတ်မှတ်ရလောက်အောင် ဆုံးဖြတ်ချက် ပြတ်သားကြပါတယ်။တဇွတ်ထိုး လုပ်တာ မှားတယ်ဆိုခံရပေမယ့် သူတို့ကတော့ ဂရုမစိုက်ဘဲ လုပ်မြဲ လုပ်ဆဲပါပဲ။

(2) ကျား၊ မ မခွဲခြားဘူးသူတို့တွေက မိန်းကလေးက ဒီလို နေရမယ်၊ ဒီလို မနေရဘူးဆိုတဲ့ စံနှုန်းတွေကို မလိုက်နာတတ်ကြပါဘူး။ယောင်္ကျားလေးလည်း လူ၊ မိန်းကလေးလည်း လူမို့ ကိုယ် လုပ်ချင်တာ လုပ်ခွင့် ရှိတယ်လို့ ယူဆလက်ခံထားတတ်ပါတယ်။ဒါကြောင့် သူတို့ ကိုယ်တိုင်က ကျား၊ မ မခွဲပဲ တစ်ပုံစံတည်း ပြောဆို ပေါင်းသင်းထားတတ်ပါတယ်။(3) ကိုယ့်စိတ်ကို အလေးပေးတယ်ကိုယ် စိတ်ချမ်းသာဖို့လည်း လိုတယ်လို့ တွေးပြီး လောကကြီးမှာ နေပျော်ဖို့ ကြိုးစားတတ်သူတွေ ဖြစ်ပါတယ်။ကိုယ် နေတတ်သလို နေရင်း သူများ ဒုက္ခမပေးရင် ပြီးရောလို့လည်း တွေးတတ်ကြပါတယ်။

(4) မဟုတ်မခံလေးတွေမတရားတာ မြင်ရင် ကြည့်မနေနိုင်တာလည်း သူတို့လေးတွေပါပဲ။ သိမ်မွေ့ပြီး အားနာတတ်တဲ့ မိန်းကလေးတွေကို အခက်တွေ့အောင် လုပ်တာ မြင်ရင်လည်းသူတို့က ကာကွယ်ပေးတတ်ကြပါသေးတယ်။ သူငယ်ချင်းတွေကြားလည်း သူက လူမိုက် ဖြစ်နေတတ်ပါတယ်။(5) မခၽြဲတတ္ဘူးသူတို့ရဲ့ အသိသာဆုံး တစ်ချက်ကတော့ မနူးညံ့တာပါပဲ။ ချွဲနွဲ့တဲ့ အမူအရာလည်း မလုပ်တတ်သလို အသံကလည်း ချွဲမနေတတ်ကြပါဘူး။သူတို့က ချွဲဖို့ကိုလည်း မစဉ်းစားချင်ကြသူတွေလည်း ဖြစ်ပါတယ်။ သူတို့က ကိုယ်နေတတ်သလို နေတာ ရှက်စရာမှ မဟုတ်တာလို့ တွေးထားကြသူတွေ ဖြစ်ပါတယ်။

(6) ထက်မြက်တယ်များသောအားဖြင့် ဂျစ်ကန်ကန် ကောင်မလေးတွေက ဉာဏ်ပြေးတာ များပါတယ်။ သူတို့က ခပ်ထက်ထက် ဂျစ်ကန်ကန်ဆိုတဲ့ အနေအထားကို ပိုင်ဆိုင်ထားကြတာပါ။ဂျစ်ကန်ကန် တကူးတက နေတာ မဟုတ်ဘဲ သူတို့ရဲ့ ပုံစံကိုက အဲ့လို ဖြစ်နေတာပါ။ ဒါပေမယ့် သူတို့ သူများကို ထိခိုက်အောင် မလုပ်တတ်ကြပါဘူး။စဉ်းစားဆင်ခြင်နိုင်စွမ်းလည်း အပြည့် ရှိကြပါတယ်။

Credit

Unicode