ကိုယ့်ကိုယ်တောင် မပိုင်တဲ့ လောကကြီးမှာ သူ့ကို ပိုင်ချင်နေတဲ့ အကြောင်းလေးများ.သေတစ်နေ့ မွေးတစ်နေ့တဲ့ မချစ်တတ်ခင်ထိကတော့ ဘာပြဿနာမှ မရှိခဲ့ဘူး
ကိုယ့်အိပ်မက်တွေကို ထုဆစ်ရင်းကကိုယ့်မျှော်လင့်ချက်တွေကို လျှောက်လှမ်းရင်းက ကျွန်မ အချိန်တွေ ကုန်နေခဲ့တာလေ ..သူ့ကို မချစ်မိခင်အထိ ကျွန်မ ဘဝမှာပျော်ပါတယ် သူ့ နှုတ်ခမ်းပါးလေးနဲ့ ပြုံးပြတတ်တဲ့သူလေ … တစ်ခါတစ်လေ စကားလုံးလှလှလေးတွေနဲ့ ကျွန်မ နှလုံးသားကို လှုပ်နိုးတတ်တယ်ချစ်မိပြီဆိုတဲ့အနောက်မှာ
ဘယ်သူမဆို ပိုင်ဆိုင်ချင်တယ်ဆိုတဲ့ အတ္တတွေ ပါတတ်ကြပါတယ် မပိုင်ဆိုင်လဲ ဖြစ်ပါတယ်ဆိုတဲ့သူတွေကတော့ ပိုင်ဆိုင်ခွင့်မရတော့လို့သာ ရင်နာနာနဲ့ပြောတဲ့စကားပေါ့
ကျွန်မကတော့ အမှန်အတိုင်းဝန်ခံရရင် ကျွန်မ ချစ်နေမိတဲ့ သူ့ကို ပိုင်ချင်မိတယ် ရေစက်ရှိလို့ဆုံခဲ့ရင်ရေစက်တွေမကုန်ချင်ခဲ့သလို ဖြစ်ခြင်းပျက်ခြင်းဆိုတဲ့
သင်္ခါရတရားကို ဒီအချိန်မှာတော့ ဖြစ်ခြင်းနဲ့ပဲ အဆုံးသတ်ချင်နေမိတာ ဒီဇာတ်လမ်းတွေ ဘယ်တော့မှ မဆုံးချင်ဘူးအိပ်မက်တွေ မက်လို့မှ မပြီးသေးခင် အနာဂတ်တွေအကြောင်းတွေးလို့မှ မပြီးသေးခင်တဖြေးဖြေးဝေးသွားကြတာများ တစ်ချိန်က
နီးခဲ့ဖူးတယ်လို့ပြောရင် ဘယ်သူမှ ယုံမှာတောင်မဟုတ်တော့ဘူးလေ။
ကျွန်မကလဲ ရူးတယ် ကိုယ့်ကိုယ်တောင် မပိုင်တဲ့ လောကကြီးမှာ ကိုယ်မဟုတ်တဲ့ သူစိမ်းတစ်ယောက်ကိုပိုင်ချင်နေမိတာ
အချစ်ဟာ ဖြူတယ်တဲ့ ကျွန်မ အချစ်တွေကတော့ အတ္တတွေ ပါခဲ့လို့ထင်ပါတယ် ကိုယ်ပဲ ပူနေရပါတယ် ။
Credit Original upload
Unicode
ကိုယ့်ကိုယ်တောင် မပိုင်တဲ့ လောကကြီးမှာ သူ့ကို ပိုင်ချင်နေတဲ့ အကြောင်းလေးများသေတစ်နေ့ မွေးတစ်နေ့တဲ့ မချစ်တတ်ခင်ထိကတော့ ဘာပြဿနာမှ မရှိခဲ့ဘူး
ကိုယ့်အိပ်မက်တွေကို ထုဆစ်ရင်းက ကိုယ့်မျှော်လင့်ချက်တွေကို လျှောက်လှမ်းရင်းက ကျွန်မ အချိန်တွေ ကုန်နေခဲ့တာလေသူ့ကို မချစ်မိခင်အထိ ကျွန်မ ဘဝမှာပျော်ပါတယ်
သူ့… နှုတ်ခမ်းပါးလေးနဲ့ ပြုံးပြတတ်တဲ့သူလေတစ်ခါတစ်လေ စကားလုံးလှလှလေးတွေနဲ့ ကျွန်မ နှလုံးသားကို လှုပ်နိုးတတ်တယ် ချစ်မိပြီဆိုတဲ့အနောက်မှာ ဘယ်သူမဆို ပိုင်ဆိုင်ချင်တယ်ဆိုတဲ့ အတ္တတွေ ပါတတ်ကြပါတယ် မပိုင်ဆိုင်လဲ ဖြစ်ပါတယ်ဆိုတဲ့သူတွေကတော့ ပိုင်ဆိုင်ခွင့်မရတော့လို့သာ ရင်နာနာနဲ့ပြောတဲ့စကားပေါ့။ကျွန်မကတော့ အမှန်အတိုင်းဝန်ခံရရင် ကျွန်မ ချစ်နေမိတဲ့ သူ့ကို ပိုင်ချင်မိတယ် ရေစက်ရှိလို့ဆုံခဲ့ရင် ရေစက်တွေမကုန်ချင်ခဲ့သလို ဖြစ်ခြင်းပျက်ခြင်းဆိုတဲ့ သင်္ခါရတရားကို ဒီအချိန်မှာတော့ ဖြစ်ခြင်းနဲ့ပဲ အဆုံးသတ်ချင်နေမိတာ ဒီဇာတ်လမ်းတွေ ဘယ်တော့မှ မဆုံးချင်ဘူး
အိပ်မက်တွေ မက်လို့မှ မပြီးသေးခင် အနာဂတ်တွေအကြောင်းတွေးလို့မှ မပြီးသေးခင် တဖြေးဖြေးဝေးသွားကြတာများ တစ်ချိန်က နီးခဲ့ဖူးတယ်လို့ပြောရင် ဘယ်သူမှ ယုံမှာတောင်မဟုတ်တော့ဘူးလေ။ကျွန်မကလဲ ရူးတယ် ကိုယ့်ကိုယ်တောင် မပိုင်တဲ့ လောကကြီးမှာ ကိုယ်မဟုတ်တဲ့ သူစိမ်းတစ်ယောက်ကို ပိုင်ချင်နေမိတာ အချစ်ဟာ ဖြူတယ်တဲ့ ကျွန်မ အချစ်တွေကတော့ အတ္တတွေ ပါခဲ့လို့ထင်ပါတယ် ကိုယ်ပဲ ပူနေရပါတယ် ။
Credit Original upload