Local News

စစ်အုပ်စုက ကိုဗစ်အတွက် ဆရာဝန်တွေကို ကန်ထရိုက်စနစ်နဲ့ငှားမယ်(မအလ(ရုပ်သံ)

စစ်အုပ်စုကကိုဗစ်အတွက်ဆရာဝန်တွေကိုကန်ထရိုက်စနစ်နဲ့ငှားမယ်ဗီဒီယိုဖိုင်အောက်ဆုံးတွင်ပါသည်။(ဇော်ဂျီဖောင့်ဖြင့်ဖတ်မရသူများ အောက်တွင်ယူနီကုဒ်ဖြင့်ဖော်ပြထားသည်)

ကိုဗစ်၁၉တတိယလှိုင်းကိုထိန်းသိမ်းနိုင်ဖို့အတွက်ဆရာဝန်တွေကိုကန်ထရိုက်စနစ်နဲ့ငှါးရမ်းသွားမယ်လို့အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကဒီကနေ့ဇူလိုင်လ၉ရက်နေ့မှာပြုလုပ်တဲ့ကိုဗစ်၁၉ရောဂါကာကွယ်၊ကုသ၊

ထိန်းချုပ်ရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးမှာပြောကြားခဲ့တယ်လို့အကြမ်းဖက်စစ်အုပ်စုပိုင်MWDက၈နာရီသတင်းမှာထုတ်လွှင့်ခဲ့ပါတယ်။ကိုဗစ်၁၉တတိယလှိုင်းမှာအကြမ်းဖက်စစ်အုပ်စုရဲ့စီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့်မြန်မာနိုင်ငံအတွင်းမှာကူးစက်ပျံ့ပွါးမှုတွေ

ရောဂါကူးစက်မှုတွေများပြားနေပြီးသေဆုံးမှုတွေလည်းမြင့်တက်နေပါတယ်။ကြိုတင်ကာကွယ်ရေးနည်းလမ်းတစ်ခုကိုတစ်မှအသုံးမပြုခဲ့ဘဲ ကျောင်းတွေရုံးတွေကိုအတင်းဖွင့်လှစ်စေခဲ့တဲ့အကြမ်းဖက်စစ်အုပ်စုဟာသူတို့ရဲ့လက်အောက်ခံဝန်ထမ်းတွေနဲ့တပ်အတွင်းမှာကိုဗစ်ရောဂါကိုထိန်းမရအောင်ဖြစ်ပြီးနောက်အခုလိုပြောကြားလိုက်တာပါ။အာဏာသိမ်းယူပြီးစအချိန်ကတပ်မတော်ဆေးရုံတွေမှာပြည်သူအားလုံးကိုဆေးကုသပေးမယ်လို့ကြွားလုံးထုတ်ခဲ့တဲ့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ

တပ်မတော်ဆေးရုံတွေမှာဆေးဝါးကုသမှုလုံလောက်စွာမပေးနိုင်တော့ဘူးလို့လည်းဒီကနေ့မှာဝန်ခံခဲ့ပါတယ်။အကြမ်းဖက်စစ်အုပ်စုလက်အောက်မှာတာဝန်မထမ်းဆောင်လိုတဲ့ကျန်းမာရေးဝန်ထမ်းအများစုဟာ

CDMပြုလုပ်နေဆဲဖြစ်ပြီးကိုဗစ်၁၉ကာကွယ်ကုသရေးအတွက်စစ်တပ်ကအာဏာလက်လွှတ်လိုက်ပါကချက်ခြင်းအလုပ်ပြန်ဆင်းမယ်လို့သဘောထားမှတ်ချက်တွေပြုထားပါတယ်။

Credit Original upload

Unicode

စစ်အုပ်စုကကိုဗစ်အတွက်ဆရာဝန်တွေကိုကန်ထရိုက်စနစ်နဲ့ငှားမယ်ကိုဗစ်၁၉တတိယလှိုင်းကိုထိန်းသိမ်းနိုင်ဖို့အတွက်ဆရာဝန်တွေကို ကန်ထရိုက်စနစ်နဲ့ငှါးရမ်းသွားမယ်လို့အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကဒီကနေ့ဇူလိုင်လ ၉ရက်နေ့မှာပြုလုပ်တဲ့ကိုဗစ်၁၉ရောဂါကာကွယ်၊ကုသ၊ထိန်းချုပ်ရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးမှာပြောကြားခဲ့တယ်လို့ အကြမ်းဖက်စစ်အုပ်စုပိုင်MWDက၈နာရီသတင်းမှာထုတ်လွှင့်ခဲ့ပါတယ်။ကိုဗစ်၁၉တတိယလှိုင်းမှာအကြမ်းဖက်စစ်အုပ်စုရဲ့စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့်မြန်မာနိုင်ငံအတွင်းမှာကူးစက်ပျံ့ပွါးမှုတွ​ေ

ရောဂါကူးစက်မှုတွေများပြားနေပြီးသေဆုံးမှုတွေလည်းမြင့်တက်နေပါတယ်။ကြိုတင်ကာကွယ်ရေးနည်းလမ်းတစ်ခုကိုတစ်မှအသုံးမပြုခဲ့ဘဲ ကျောင်းတွေရုံးတွေကိုအတင်းဖွင့်လှစ်စေခဲ့တဲ့အကြမ်းဖက်စစ်အုပ်စုဟာသူတို့ရဲ့လက်အောက်ခံဝန်ထမ်းတွေနဲ့

တပ်အတွင်းမှာကိုဗစ်ရောဂါကိုထိန်းမရအောင်ဖြစ်ပြီးနောက်အခုလိုပြောကြားလိုက်တာပါ။အာဏာသိမ်းယူပြီးစအချိန်ကတပ်မတော်ဆေးရုံတွေမှာပြည်သူအားလုံးကိုဆေးကုသပေးမယ်လို့ကြွားလုံးထုတ်ခဲ့တဲ့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာတပ်မတော်ဆေးရုံတွေမှာဆေးဝါးကုသမှုလုံလောက်စွာမပေးနိုင်တော့ဘူးလို့လည်းဒီကနေ့မှာဝန်ခံခဲ့ပါတယ်။အကြမ်းဖက်စစ်အုပ်စုလက်အောက်မှာတာဝန်မထမ်းဆောင်လိုတဲ့ကျန်းမာရေးဝန်ထမ်းအများစုဟာCDMပြုလုပ်နေဆဲဖြစ်ပြီးကိုဗစ်၁၉ကာကွယ်

Credit Original upload