Love

ချစ်သူ ချော့နည်းလေးများ

ချစ်ခြင်းရဲ့ သင်္ကေတတွေထဲမှာ စိတ်ကောက်တယ် ဆိုတာကလည်း တစ်ခု အပါ အဝင်မို့လို့ ချစ်သူလေး စိတ်ကောက်နေတယ် ဆိုရင် ချော့လိုက်ပါနော်။ဒါကြောင့် ကိုယ့်ချစ်သူလေး စိတ်ကောက်နေတယ် ဆိုရင် ဘယ်လိုနည်းနဲ့ ချော့လို့ ရမလဲ ဆိုတာကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်တယ်နော်။၁။ အချစ်သီချင်းဆိုပြလိုက်ပါသီချင်းဆိုတာ စိတ်ကို နူးညံ့စေနိုင်တဲ့ အရာတွေထဲက တစ်ခုပါ။ အချစ်သီချင်း ချိုချိုလေးတွေကိုသာ သူ့မျက်နှာလေး ကြည့်ပြီး ဆိုပြလိုက်ပါ။ စိတ်ကောက်နေတာတွေက ချော့စရာတောင် မလိုတော့ဘဲ ချစ်သူ့ မျက်နှာက အပြုံးလေးတွေကို ဖန်ဆင်းလိုက်နိုင်မှာ သေချာပါတယ်။

၂။ အာရုံလွှဲလိုက်ပါစိတ်ကောက်နေတဲ့ အကြောင်းအရာအပေါ် နောက်ထပ် တွေးနေတဲ့ စိတ်တွေ ပျောက်သွားအောင် အာရုံလွှဲလိုက်ပါနော်။ ရုပ်ရှင် ကြိုက်တတ်တဲ့ ချစ်သူဆိုရင် ရုပ်ရှင် အကြောင်း ကောက်ခါ ငင်ခါ ပြောင်းပြောလိုက်တာမျိုး ပြုလုပ်ပေးပါ။ ဒါမှ မဟုတ် ဘေးနားက တစ်ခုခုကို လှမ်းပြလိုက်ပြီး အဲ့တာနဲ့ ပတ်သက်တဲ့ စိတ်ဝင်စား စရာကို ပြောပြလိုက်ပါ။၃။ ဘာစားမလဲ မေးပါပျော်ရွှင်စေနိုင်တဲ့ အရာတွေထဲမှာ အစား အစာကလည်း ပါဝင်တယ် ဆိုတာကို သတိရပေးပါ။ ချစ်သူလေး စိတ်ကောက်နေပြီဆိုရင်တော့ သူပြောပြဖူးတဲ့ စားချင်တယ် ဆိုတာလေးကိုသာ သတိတရ ရှာပေးနိုင်မယ်ဆိုရင်တော့ စိတ်အလို မကျလို့ စိတ်ကောက်နေတာတွေ အစား ချစ်ခြင်းတွေ ပြန်လည် နေရာယူသွားမှာ သေချာပြီပေါ့။

Credit Original upload

Unicode