Local News

လျှပ်စစ်မီတာခတွေ ပေးဆောင်ဖို့ စစ်ကောင်စီ လျှပ်စစ်ဝန်ကြီးဌာနထုတ်ပြန်လာ

ပြည်သူတွေအနေနဲ့ လစဉ် လျှပ်စစ်ဓာတ်အားခပေးဆောင်ရတာဟာ ပုံမှန်လုပ်ငန်းတစ်ခုဖြစ်လို့ ပုံမှန်ပေးဆောင်ပေးကြဖို့ဆိုပြီး စစ်ကောင်စီလက်အောက် လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန ကထုတ်ပြန်လာပါတယ်။

ပြည်သူတွေ ဓာတ်အားခ မပေးချေကြဖို့ နဲ့ လျှပ်စစ်ဓာတ်အားခတွေ ကောက်ခံနေတာကို ရပ်တန့်ဖို့ ဆိုတဲ့ ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့(ဖ.ဆ.လ.တ) ရဲ့ သတိပေးချက်ဆိုတာဟာ ပြည်သူတွေ ထိခိုက်အန္တရာယ်ရှိလာအောင် ပြုလုပ်နေတာဖြစ်တယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာပါရှိပါတယ်။

လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန အနေနဲ့ လျှပ်စစ်ဓာတ်အားကို ဆက်လက် ထုတ်လုပ်ဖြန့်ဖြူးပေးဖို့အတွက် ဓာတ်အားထုတ်လုပ်မှုစရိတ်၊ ဝယ်ယူနေရသော သဘာဝဓာတ်ငွေ့နဲ့(LNG) ဓာတ်အားခတွေအတွက် ဝင်ငွေမရရှိပါက အခက်အခဲဖြစ်ပေါ်လာနိုင်ပြီး ပြည်သူတွေ လျှပ်စစ်မီးလျော့နည်း ရရှိကာ မီးများအလှည့်ကျပေးရတဲ့အထိ ဖြစ်အောင် (ဖ.ဆ.လ.တ) ကလုပ်ဆောင်နေတာဆိုပြီး ပြောဆိုရေးသားထားတာကို အဲဒီထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

နိုင်ငံပိုင်လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးတွေက လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေတဲ့အပြင် ပုဂ္ဂလိကပိုင်စက်ရုံတွေကလည်း လျှပ်စစ်ဓာတ်အားတွေကို ဝယ်ယူဖြန့်ဖြူးပေးနေရတာကြောင့် လျှပ်စစ်ဓာတ်အားခတွေကို ပေးသွင်းမှသာ စဉ်ဆက်မပြတ် ဓာတ်အားထုတ်လုပ် ဝယ်ယူဖြန့်ဖြူးပေးနိုင်မယ်လို့ လည်းပါရှိပါတယ်။ပြည်သူအများစုကတော့ စစ်ကောင်စီလက်အောက် ကောက်ခံမယ့် အခွန်အမျိုးမျိုးကိုပေးဆောင်မှာ မဟုတ်ဘူးလို့ လူမှုကွန်ရက်အပါအဝင် အချင်းချင်းကြားပြောဆိုနေကြ
တာတွေ့ရပါတယ်။

ဘီဘီစီမြန်မာပိုင်း ဓါတ်ပုံ – CJ

Credit

Zawgyi

လွ်ပ္စစ္မီတာခေတြ ပုံမွန္ျပန္လည္ေပးေဆာင္ဖို႔ စစ္ေကာင္စီ လွ်ပ္စစ္ဝန္ႀကီးဌာနထုတ္ျပန္လာ

ျပည္သူေတြအေနနဲ႔ လစဥ္ လွ်ပ္စစ္ဓာတ္အားခေပးေဆာင္ရတာဟာ ပုံမွန္လုပ္ငန္းတစ္ခုျဖစ္လို႔ ပုံမွန္ေပးေဆာင္ေပးၾကဖို႔ဆိုၿပီး စစ္ေကာင္စီလက္ေအာက္ လွ်ပ္စစ္ ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန ကထုတ္ျပန္လာပါတယ္။ျပည္သူေတြ ဓာတ္အားခ မေပးေခ်ၾကဖို႔ နဲ႔ လွ်ပ္စစ္ဓာတ္အားခေတြ ေကာက္ခံေနတာကို ရပ္တန႔္ဖို႔ ဆိုတဲ့ ဖက္ဆစ္ဆန႔္က်င္ေရးလက္႐ုံးတပ္ဖြဲ႕(ဖ.ဆ.လ.တ) ရဲ႕ သတိေပးခ်က္ဆိုတာဟာ ျပည္သူေတြ ထိခိုက္အႏၲရာယ္ရွိလာေအာင္ ျပဳလုပ္ေနတာျဖစ္တယ္လို႔လည္း အဲဒီထုတ္ျပန္ခ်က္မွာပါရွိပါတယ္။

လွ်ပ္စစ္ ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန အေနနဲ႔ လွ်ပ္စစ္ဓာတ္အားကို ဆက္လက္ ထုတ္လုပ္ျဖန႔္ျဖဴးေပးဖို႔အတြက္ ဓာတ္အားထုတ္လုပ္မႈစရိတ္၊ ဝယ္ယူေနရေသာ သဘာဝဓာတ္ေငြ႕နဲ႔(LNG) ဓာတ္အားခေတြအတြက္ ဝင္ေငြမရရွိပါက အခက္အခဲျဖစ္ေပၚလာႏိုင္ၿပီး ျပည္သူေတြ လွ်ပ္စစ္မီးေလ်ာ့နည္း ရရွိကာ မီးမ်ားအလွည့္က်ေပးရတဲ့အထိ ျဖစ္ေအာင္ (ဖ.ဆ.လ.တ) ကလုပ္ေဆာင္ေနတာဆိုၿပီး ေျပာဆိုေရးသားထားတာကို အဲဒီထုတ္ျပန္ခ်က္မွာ ေတြ႕ရပါတယ္။

ႏိုင္ငံပိုင္လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံႀကီးေတြက လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ေနတဲ့အျပင္ ပုဂၢလိကပိုင္စက္႐ုံေတြကလည္း လွ်ပ္စစ္ဓာတ္အားေတြကို ဝယ္ယူျဖန႔္ျဖဴးေပးေနရတာေၾကာင့္ လွ်ပ္စစ္ဓာတ္အားခေတြကို ေပးသြင္းမွသာ စဥ္ဆက္မျပတ္ ဓာတ္အားထုတ္လုပ္ ဝယ္ယူျဖန႔္ျဖဴးေပးႏိုင္မယ္လို႔ လည္းပါရွိပါတယ္။

ျပည္သူအမ်ားစုကေတာ့ စစ္ေကာင္စီလက္ေအာက္ ေကာက္ခံမယ့္ အခြန္အမ်ိဳးမ်ိဳးကိုေပးေဆာင္မွာ မဟုတ္ဘူးလို႔ လူမႈကြန္ရက္အပါအဝင္ အခ်င္းခ်င္းၾကားေျပာဆိုေနၾက
တာေတြ႕ရပါတယ္။

Credit