Local News

ထပ္တိုးအိမ္ေထာင္စု သိန္း၂၀ အတြက္ ကိုဗစ္ေထာက္ပံ့ေၾကး က်ပ္ ၅၆ ဘီလီယံေက်ာ္ ထပ္မံေထာက္ပံ့ေပးသြားမည္

ထပ္တိုးအိမ္ေထာင္စု သိန္း၂၀ အတြက္ ကိုဗစ္ေထာက္ပံ့ေၾကး က်ပ္ ၅၆ ဘီလီယံေက်ာ္ ထပ္မံေထာက္ပံ့ေပးသြားမည္ဇန္နဝါရီ ၂၄ ထပ္တိုးအိမ္ေထာင္စု သိန္း၂၀ အတြက္ ကိုဗစ္ေထာက္ပံ့ေၾကး က်ပ္ ၅၆ ဘီလီယံေက်ာ္ ထပ္မံေထာက္ပံ့ေပးသြားမယ္လို့ ျပည္ေထာင္စု အစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦမင္းသူ က ေျပာၾကားလိုက္ပါတယ္။

ျပည္ေထာင္စု ဝန္ႀကီး ဦးမင္းသူက “ ယခုေနာက္ဆုံးစိစစ္ေတြ႕ရွိခ်က္ေတြအရ ထပ္တိုး အိမ္ေထာင္စု ( ၂၀၁၁၀၉၅ ) စုအတြက္ ေငြက်ပ္ ( ၅၆.၀၇၆၆) ဘီလီယံ ထပ္မံ ေထာက္ပံ့ေပးဖို့ အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီက ခြင့္ျပဳေပးလိုက္ပါၿပီ။

မၾကာခင္မွာ ေထာက္ပံ့ေငြေတြ လက္ေရာက္ေပးအပ္နိုင္ေတာ့မွာျဖစ္ပါတယ္” လို့ဆိုပါတယ္။နိုင္ငံေတာ္မွ ထပ္တိုးေထာက္ပံ့မယ့္ အိမ္ေထာင္စုေတြကို ေထာက္ပံ့မွုျပဳရာမွာ အျငင္းပြားဖြယ္ရာကိစၥေတြ မျဖစ္ပြားေစဖို့၊ ပြင့္လင္းျမင္သာတဲ့ေထာက္ပံ့မွုမ်ိဳးျဖစ္ေစဖို့၊သက္ဆိုင္ရာ အိမ္ေထာင္စုမ်ား လက္ဝယ္သို့ ေထာက္ပံ့ေငြေတြ မွန္မွန္ ကန္ကန္ေရာက္ရွိေစဖို့နဲ႔၊

ႀကီးၾကပ္ကြပ္ကဲမွုအားနည္းတဲ့အတြက္ေၾကာင့္မလိုလားအပ္တဲ့ ျပႆနာေတြမျဖစ္ေပၚ ေစဖို့တို့အတြက္ ေနျပည္ေတာ္ေကာင္စီ၊ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အစိုးရေတြအေနနဲ႔ ထိေရာက္စြာ ႀကီးၾကပ္ကြပ္ကဲၿပီး အဖြဲ႕စနစ္ျဖင့္ စနစ္တက် လက္ေရာက္ေပးအပ္သြားဖို့အတြက္လည္း ဗဟိုေကာ္မတီကတစ္ဆင့္ ညႊန္ၾကားထားၿပီး၊

ျဖစ္တယ္လို့ဝန္ႀကီးက ထပ္မံေျပာပါတယ္။လက္ရွိတြင္ နိုင္ငံေတာ္မွ COVID-19 ကာလအတြင္းမွာ စီးပြားေရး ထိခိုက္မွုသက္သာေရးစီမံခ်က္ (CERP ) အရ ပုံမွန္ဝင္ေငြမရွိတဲ့ အေျခခံ လူတန္းစား အိမ္ေထာင္စုေတြကို စားေသာက္ေရးအဆင္ေျပေစဖို့ ေထာက္ပံ့မွု (၄)ႀကိမ္ ျပဳလုပ္နိုင္ခဲ့ၿပီး နိုင္ငံေတာ္ ဘ႑ာေငြမွ က်ပ္ ၅၆၈.၆၄ ဘီလီယံကို သုံးစြဲခဲ့ပါတယ္လို့ဆိုပါတယ္။

Credit ငြိမ်းနိုင်

Unicode

ထပ်တိုးအိမ်ထောင်စု သိန်း၂၀ အတွက် ကိုဗစ်ထောက်ပံ့ကြေး ကျပ် ၅၆ ဘီလီယံကျော် ထပ်မံထောက်ပံ့ပေးသွားမည် ဇန်နဝါရီ ၂၄ ထပ်တိုးအိမ်ထောင်စု သိန်း၂၀ အတွက် ကိုဗစ်ထောက်ပံ့ကြေး ကျပ် ၅၆ ဘီလီယံကျော် ထပ်မံထောက်ပံ့ပေးသွားမယ်လို့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦမင်းသူ က ပြောကြားလိုက်ပါတယ်။

ပြည်ထောင်စု ဝန်ကြီး ဦးမင်းသူက ယခုနောက်ဆုံးစိစစ်တွေ့ရှိချက်တွေအရ ထပ်တိုး အိမ်ထောင်စု( ၂၀၁၁၀၉၅ )စုအတွက် ငွေကျပ်( ၅၆.၀၇၆၆)ဘီလီယံ ထပ်မံ ထောက်ပံ့ပေးဖို့ အမျိုးသားအဆင့်ဗဟိုကော်မတီက ခွင့်ပြုပေးလိုက်ပါပြီ။ မကြာခင်မှာ ထောက်ပံ့ငွေတွေ လက်ရောက်ပေးအပ်နိုင်တော့မှာဖြစ်ပါတယ်လို့ဆိုပါတယ်။နိုင်ငံတော်မှ ထပ်တိုးထောက်ပံ့မယ့် အိမ်ထောင်စုတွေကို ထောက်ပံ့မှုပြုရာမှာ အငြင်းပွားဖွယ်ရာကိစ္စတွေ မဖြစ်ပွားစေဖို့၊

ပွင့်လင်းမြင်သာတဲ့ထောက်ပံ့မှုမျိုးဖြစ်စေဖို့၊သက်ဆိုင်ရာ အိမ်ထောင်စုများ လက်ဝယ်သို့ ထောက်ပံ့ငွေတွေ မှန်မှန် ကန်ကန်ရောက်ရှိစေဖို့နဲ့ ကြီးကြပ်ကွပ်ကဲမှုအားနည်းတဲ့အတွက်ကြောင့်မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်ပေါ် စေဖို့တို့အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေအနေနဲ့ ထိရောက်စွာ ကြီးကြပ်ကွပ်ကဲပြီး အဖွဲ့စနစ်ဖြင့် စနစ်တကျ လက်ရောက်ပေးအပ်သွားဖို့အတွက်လည်း၊

ဗဟိုကော်မတီကတစ်ဆင့် ညွှန်ကြားထားပြီး ဖြစ်တယ်လို့ဝန်ကြီးက ထပ်မံပြောပါတယ်။လက်ရှိတွင် နိုင်ငံတော်မှ COVID-19 ကာလအတွင်းမှာ စီးပွားရေး ထိခိုက်မှုသက်သာရေးစီမံချက် (CERP )အရ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံ လူတန်းစား အိမ်ထောင်စုတွေကို စားသောက်ရေးအဆင်ပြေစေဖို့ ထောက်ပံ့မှု (၄)ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး နိုင်ငံတော် ဘဏ္ဍာငွေမှ ကျပ် ၅၆၈.၆၄ ဘီလီယံကို သုံးစွဲခဲ့ပါတယ်လို့ဆိုပါတယ်။

Credit ငြိမ်းနိုင်