Local News

ကမ္ဘာ့အချော မောဆုံး အမျိုးသားအဖြစ် နံပါတ် (၁၀) မှာ ရပ်တည်နိုင်ခဲ့ပြီး မြန်မာပြည်က ပရိတ်သတ်တွေ မသိသေးတဲ့ ပြည်သူဘဲ ပိုင်တံခွန်ရဲ့ လေးစားဖွယ်လုပ်ရပ်များနှင့် သူ့ဘဝအ‌ကြောင်

သေးတဲ့ ပြည်သူဘဲ ပိုင်တံခွန်ရဲ့ လေးစားဖွယ်လုပ်ရပ်များနှင့် သူ့ဘဝအ‌ကြောင်း

2020 ကမ္ဘာ့အချော မောဆုံး အမျိုးသားအဖြစ် နံပါတ် (၁၀) မှာ ရပ်တည်နိုင်ခဲ့ပြီး မြန်မာပြည်က ပရိတ်သတ်တွေ မသိသေးတဲ့ ပြည်သူဘဲ ပိုင်တံခွန်ရဲ့ လေးစားဖွယ်လုပ်ရပ်များနှင့် သူ့ဘဝအ‌ကြောင်း

ဒီကနေ့မှာဆိုရင်တော့ မိန်းကလေးတွေ တော်တော်များများရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ မော်ဒယ်မင်းသားချောလေး ပိုင်တံခွန် ရဲ့ အကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ပိုင်တံခွန် ကို ပရိတ်သတ်တွေ တ်ောတော်များများကတော့ အဖျားစွတ်ပြီး ခွန်ခွန် လို့ခေါ်ကြလေ့ရှိပါတယ်။ ပိုင်တံခွန် ကို ၁၉၉၆ခုနှစ် ၉လပိုင်း ၁၇ရက်နေ့တွင် မွေးဖွားခဲ့ပါတယ်။ အင်္ဂါသားတစ်ယောက်ဖြစ်ပြီးတော့ သူ့ရဲ့ရာသီခွင်ကတော့ leo ဖြစ်ပါတယ်။ အရပ်ကတော့ ၁၈၈ cm ရှိပြီးတော့ ဇာတိကတော့ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်ဖြစ်ပြီး မိဘတွေကတော့ ဦးထွန်းမိုးနဲ့ ဒေါ်ခင်ကြူတို့ဖြစ်ပါတယ်။ မွေးချင်း ‌ခြောက်ယောက်ရှိတဲ့

အနက်မှာမှ စတုတ္ထမြောက်သား လည်းဖြစ်ပါတယ်။ အစ်ကိုကြီး၊ အစ်မနှစ်ယောက်နဲ့ ညီ၂ယောက်ရှိပါတယ်။ ငယ်စဉ်အခါက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ခမောက်ကြီးမှ အထက်တန်းအောင်မြင်ခဲ့ပါတယ်။ ၂၀၁၄ခုနှစ်မှာတော့ မော်ဒယ်လုပ်ဖို့အတွက် ရန်ကုန်ကိုပြောင်းရွှေ့လာခဲ့ပါတယ်။အခုချိန်မှာဆိုရင်တော့ ရန်ကုန်မှာရှိတဲ့ ဒဂုံတက္ကသိုလ်အဝေးသင်ပညာရေးမှာ စိတ်ပညာမေဂျာအထူးပြုလေ့လာနေပါတယ်။ ပိုင်တံခွန် တစ်ယောက်ကတော့ ဝါသနာပါရာမော်ဒယ်အလုပ်ကို လုပ်ဆောင်နိုင်ဖို့အတွက် ၂၀၁၄မှာ John Lwin Model သင်တန်းနဲ့ ချိတ်ဆက်ခဲ့သည်။ ဂျွန်လွင်ထံမှာ ‌မော်ဒယ်ပညာနှင့် Catwalk လျှောက်နည်းတွေ

ကို သင်ယူခဲ့သည်။ နောက်ပိုင်းမှာဆိုရင်တော့ John Lwin International Model Agency ရဲ့ကြော်ငြာပွဲများတွင် ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သူ့ရဲ့အနုပညာအလုပ်တွေကို တစ်စတစ်စ ချဲ့ထွင်လာခဲ့ပါတယ်။ တီဗီကြော်ငြာတွေ၊ သီချင်းဗီဒီယိုများနှင့် ဖက်ရှင်မဂ္ဂဇင်းတွေမှာလဲ လည်း ပါဝင်လာနိုင်ခဲ့ပါတယ်။ သူရဲ့ကြိုးစားအားထုတ်မှုတွေကြောင့် မော်ဒယ်လောကမှာ ပိုင်တံခွန်ဆိုတဲ့ နာမည်တစ်လုံးကိုရရှိလာခဲ့ပါတယ်။၂၀၁၆ ခုနှစ်တွင် နန်းဆုရတီစိုးနှင့်အတူ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသော “Asean Celebrity Explore Quest Malaysia 2016” (ACEQM) တွင် နိုင်ငံကိုယ်စားပြုအနုပညာရှင်အဖြစ် တက်ရောက်ခဲ့သည်။

အဲ့ဒီ့ပွဲမှာဆိုရင်တော့ ပိုင်တံခွန်နှင့် နန်းဆုရတီစိုးတို့နှစ်ဉီးဟာ မြန်မာရိုးရာယဉ်ကျေးမှု အကတစ်ခုဖြစ်တဲ့ ဦးရွှေရိုးနှင့် ဒေါ်မိုးအကကို ကပြဖျော်ဖြေခဲ့ပါသည်။ မော်ဒယ်လောကမှာ အတော်အသင့်အောင်မြင်ပြီးတဲ့ နောက်ပိုင်းမှာဆိုရင်တော့ သူဝါသနာပါရာ သရုပ်ဆောင်တစ်ယောက် ဖြစ်လာစေဖို့ ကြိုးပမ်းခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်တွင် သန်းခေါင်ယံခရီးသည်များ Midnight Traveler လို့ခေါ်တဲ့ ရုပ်ရှင်တွင် ဇာတ်ဆောင်မင်းသားအဖြစ် နန်းခင်ဇေယျာနှင့်အတူ တွဲဖက်သရုပ်ဆောင်ခဲ့သည်။ ထို့နောက် Bad Boy 2 ဆိုတဲ့ ရုပ်ရှင်ကားမှာလည်း တွင်လည်း ဇာတ်ဆောင်မင်းသားအဖြစ် သရုပ်ဆောင် ဇေရဲထက် ၊ ပက်ထရစ်ရှာတို့နှင့်အတူ

တွဲဖက်သရုပ်‌ဆောင်ခဲ့သည်။ သူထူးစံ အကယ်ဒမီရရှိခဲ့တဲ့ သမန်းကျားရုပ်ရှင်ဇာတ်ကားတွင်လည်း ပိုင်တံခွန်သည် အိန်ဂျယ်လမုန်နှင့်အတူ ပါဝင် သရုပ်ဆောင်ခဲ့သည်။ ၂၀၁၉ ခုနှစ် မတ်လတွင် Documentry ဇာတ်လမ်းတွဲတစ်ခုဖြစ်သော ခရီးသွားကောက်ကြောင်းတွင် ဇာတ်ဆောင်မင်းသားအဖြစ်ရွေးချယ်ခံခဲ့ရသည်။ ၂၀၁၉ ခုနှစ် ဧပြီလတွင် ငြိမ်းသော်၊ ချမ်းမင်းရဲထွဋ်နှင့် သင်ဇာဝင့်ကျော်တို့ပါဝင်သော “သူဘယ်သူလဲရုပ်ရှင်ကား”တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ပိုင်တံခွန် သည် “Asean Celebrity Explore Quest Malaysia 2016” (ACEQM) ၏ သံအမတ်တစ်ဦးလည်း ဖြစ်သည်။ သူရဲ့ယောကျာ်းပီသလှတဲ့ ရုပ်ရည်ကြောင့် ထိုင်းနိုင်ငံမှာရှိတဲ့ ပရိတ်သတ်တွေကြား မှာရေပန်းစားလာခဲ့ပါတယ်။ သူအရမ်းကို ကြိုက်နှစ်သက်ခဲ့ရတဲ့ ထိုင်းမင်းသမီးလေး တစ်ယောက်ဖြစ်တဲ့ baifernနဲ့ 711ဆိုတဲ့ ပေါက်စီကြော်ငြာ ရိုက်ကူးခဲ့ပါသေးတယ်။

နောက်ပြီးတော့ ထိုင်းနိုင်ငံက ပရိတ်သတ်တွေအတွက် ဩဂုတ်လ ၃ရက် ၂၀၁၉ ခုနှစ်မှာ တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ fan meetingလုပ်ပြီး ပရိတ်သတ်တွေ့ဆုံခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာဆိုရင်တော့ OPPO MYANMAR, TELENOR MYANMAR, SUNKIST MYANMAR, T247 ENERGY DRINK နှင့် SAILUN TIRE MYANMAR တို့ရဲ့ အမှတ်တံဆိပ်သံအမတ်အဖြစ် ဖြစ်လာခဲ့ပါတယ်။ ငယ်စဉ်ကတည်းက အနုပညာဝါသနာပါသူတစ်ဦးဖြစ်ပြီး ပန်းချီဆွဲရတာကိုလည်း နှစ်သက်တဲ့ အနုပညာရှင်တစ်ယောက်ပါ။ သီချင်းဆိုတာကိုလည်း သဘောကျတာကြောင့် ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၆ရက်နေ့မှာ

ချစ်သူ လို့အမည်ရတဲ့ တစ်ကိုယ်တော်သီချင်းအယ်လ်ဘမ်မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီ့အယ်လ်ဘမ်ကနေ ရရှိတဲ့ အကျိုးအမြတ်အားလုံးကို အနန္တမေတ္တာမိဘမဲ့ကျောင်းသို့ လှူဒါန်းခဲ့သည်။ ပိုင်တံခွန် ကတော့ တိရစ္ဆာန်လေးတွေကို သားသမီးလို ချစ်တတ်ပြီး သနားကြင်နာတတ်တဲ့ စိတ် လေး ရှိတဲ့ သူလေးဖြစ်ပါတယ်။၂၀၂၁ ကတော့ ပိုင်တံခွန် အတွက် အရမ်းကို ကံကောင်းတဲ့ နှစ်တစ်နှစ်လို့ပြောလို့ရပါတယ်။ သူ့ရဲ့သာသနာ့ဘောင်ကို ဝင်ရောက်နေစဉ်မှာ ရိုက်ကူးခဲ့တဲ့ ဘုန်းကြီး ဝတ်နဲ့ ဓာတ်ပုံတွေဟာဆိုရင်တော့ တရုတ် နီပေါ ထိုင်ဝမ် ဂျပန် လာအို အပြင် အခြားသော အာရှ နိုင်ငံတွေကို

ပျံ့နှံ့ခဲ့ပါတယ်။အလွန်ကြည်ညိုစရာကောင်းလွန်းတာကြောင့် အမျိုးသမီးထုတွေရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပြီး နိုင်ငံတကာကို ပထမဆုံးထိုးဖောက်နိုင်တဲ့ မော်ဒယ်မင်းသားတစ်လက်ဖြစ်လာခဲ့ပါတယ်။သူ့ရဲ့စကားသံဝဲဝဲလေးက ပရိတ်သတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားထားနိင်တဲ့ အကြောင်းရင်းထဲကတစ်ခုလို့လည်းပြောလို့ရပါသေးတယ်။ TC Candler ရဲ့ The Most Handsome Face Of 2020 မှာ ကမ္ဘာ့နိုင်ငံအသီးသီမှ နာမည်ကြီး အမျိုးသား အနုပညာရှင်တွေကို ကျော်ဖြတ်ပြီး ကမ္ဘာ့အချော မောဆုံး အမျိုးသားအဖြစ် နံပါတ် (၁၀) မှာ ရပ်တည်နိုင်ခဲ့တာကြောင့် မြန်မာနိုင်ငံ အတွက်တကယ့်ကို ဂုဏ်ယူစရာ ကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်။

Credit Original upload

Zawgyi