Local News

ဆိုင်ကယ်လုခံရပြီး ခြေလက်တွေဖြတ်ကာ ရက်ရက်စက်စက်လူမဆန်စွာ အသတ်ခံလိုက်ရတဲ့ မိန်းကလေးတစ်ဦး

လက်ရှိမြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးအခြေအနေတွေကတော့ တစ်စထက်တစ်စ ပိုမိုပြင်းထန်နေပြီး မသမာသူတွေကြောင့်လည်း ပြည်သူတွေမှာ အသက်ဆုံးရှုံးမှုတွေနဲ့ စိုးရိမ်ထိတ်လန့်နေကြရပါတယ်။အကြမ်းဖက်မှုတွေနဲ့ ခိုးဆိုးလုနှိုက်ပြီး အသက်အန္တရာယ်ပေးအထိ ရဲတင်းလာကြတဲ့ လူတချို့ကြောင့် ပြီးခဲ့တဲ့ညကလည်း မိန်းကလေးတစ်ဦး သတ်ဖြတ်ခံလိုက်ရပါတယ်..။

ဧရာဝတီတိုင်း ပုသိမ်ခရိုင်ကျောင်းကုန်းမြို့ ကိုင်းတာရွာသွားတဲ့လမ်းမှာ မိန်းကလေးတစ်ဦးဆိုင်ကယ်လုယက်ခံရကာ ခြေနဲ့လက်တွေကို ဖြတ်တောက်ပြီး အသက်ခံခဲ့ရတယ်လို့ သိရပါတယ်..။

ညဘက် (၇)နာရီ ဝန်းကျင်လောက်အချိန်က အသွားအပြန်ရုံးတက်ရင်း ကျောင်းကုန်းမြို့ကသချိုင်းတွေ အကျော် မှော်သေး-ကိုင်းတာလမ်း လူပြတ်တဲ့ အပြန်လမ်းမှာ လုယက်ပြီး အသက်ခံခဲ့ရတာ ဖြစ်ပါတယ်..။ဒါးကမြို့နယ် နေထိုင်တဲ့ သေဆုံးသူ အဆိုပါမိန်းကလေးဟာ ကျောင်းကုန်းမြတ်ကျွန်းသာရုံးမှာ တာဝန်ကျတာကြောင့်အဒေါ်တွေရှိရာ ကျောင်းကုန်းမြို့နယ်အပိုင်ထဲက ပိန်းဂရက်ကြီးရွာမှာ လတ်တလောနေကာ ရုံးတက်နေသူ ဖြစ်တယ်လို့ သိရပါတယ်..။

ပြည်သူတွေကတော့ အခုလို လူမဆန်စွာ ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့ မိန်းကလေးအတွက် ခံပြင်းဒေါသတွေနဲ့

စိတ်မကောင်းဖြစ်နေကြပြီး နောက်ဘဝတွေမှာလည်း အခုလို အဖြစ်ဆိုးမျိုး မကြုံစေဖို့နဲ့ ကောင်းရာသုဂတိလားစေဖို့ တောင်းပေးထားကြပါတယ်..။

Credit Original upload

Unicode