Local News

ရဲများ အစုလိုက်အပြုံလိုက်ကူးစက်၊ စာသင်နေသော ကျောင်းဆရာမများလည်းကူးစက်ခံရ

ရဲစခန်းများတွင် ကိုဗစ်ကူးစက်မှု မြင့်တက်လာ၊ ပဲခူးနှင့် တောင်တွင်းကြီးတွင် ရဲများ အစုလိုက်အပြုံလိုက်ကူးစက်၊ စာသင်နေသော ကျောင်းဆရာမများလည်းကူးစက်ခံရရဲစခန်းများတွင် ကိုဗစ်ကူးစက်မှု မြင့်တက်လာ၊ ပဲခူးနှင့် တောင်တွင်းကြီးတွင် ရဲများ အစုလိုက်အပြုံလိုက်ကူးစက်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့ နယ်မြေရဲစခန်းတွင် ယနေ့ဇူလိုင် ၇ရက်နေ့မှာ ရဲတပ်သား ၃ဦးနှင့် အချုပ်သား၁၃ဦး စုစုပေါင်း ၁၆ဦးထံတွင် ကိုဗစ်ပိုးတွေ့ရှိကြောင်းမြို့နယ်ကိုဗစ်အထောက်အကူပြုအဖွဲ့ထံမှသိရသည်။

ပဲနွယ်ကုန်းတိုက်နယ်ဆေးရုံတွင် ယနေ့ ဇူလိုင်၇ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာ86ဦး ဆေးကုသမှုခံယူနေသည်ဟုမြို့နယ်ကိုဗစ်အထောက်အကူပြုအဖွဲထံမှသိရသည်

ကျောက်တံခါးမြို့နယ်အတွင်းတွင် ကိုဗစ်ရောဂါကူးစက်မှု များပြားနေပြီး လက်ရှိအချိန်တွင်အတည်ပြုလူနာများကို မြို့နယ်အတွင်းရှိဆေးရုံများတွင် ထားရှိရန်နေရာမရှိတော့တာကြောင့် ကုမ္မဏီပိုင်အဆောက်အဦးများတွင် ဆေးကုသခံယူဖို့စီစဉ်ထားကြောင်းမြို့နယ်ကိုဗစ်အထောက်အကူပြုအဖွဲထံမှသိရသည်

အလားတူ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့တွင် ဇူလိုင် ၆ ရက် က ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၇ ဦး စစ်ဆေးတွေ့ရှိခဲ့ရပြီး ယင်းအတည်ပြုလူနာများတွင် ယာဉ်ထိန်းရဲ ၁ ဦး၊ ဒုရဲအုပ်အဆင့်ရှိသူ ၁ ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၂ ဦးနှင့် မိသားစုဝင် အမျိုးသမီး ၄ ဦး တို့ကူးစက်ခံရကြောင်း သိရှိရသည်။ထို့ပြင် မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ဂွေးကုန်းအုပ်စု၊ စစ်တောကုန်းကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၊ ဆဋ္ဌမတန်း အတန်းပိုင်ဆရာမတွင်လည်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံနေရကြောင်း သိရှိရသည်။

စစ်တောကုန်းကျေးရွာ တာဝန်ရှိသူတစ်ဦးက ”အဲ့ကျောင်းကကျောင်းသား ၅ ဦးယောက်လည်း အနံ့မရဘူးလို့သိရတယ်။ အနံ့မရသူတွေကတော့ ဒီနေ့ မြို့သစ်မြို့ပြည်သူဆေးရုံမှာ ဆေးစစ်မယ်။ စစ်တောကုန်းရွာဘုန်းကြီးကျောင်းက ကိုရင်တွေနဲ့ ရွာကလေးအများစုလည်း ဖျားနေကြတယ်” ဟုပြောသည်။စစ်တောကျောင်း ပိုးကူးစက်ခံရသည့် ဆရာမ၏ အတန်းကိုသာပိတ်ပြီး ကျန်အတန်းအားလုံးကျောင်းတက်ရမည်ဟု ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဝေ က ညွှန်ကြားထားကြောင်း သိရှိရသည်။”အတန်းပိုင်ဆရာမရဲ့ ဇာတိက ကန်ကြီးရွာကလေ။ ကျောင်းကို နေ့ချင်းပြန်တက်တာ။ သူနဲ့ထိစပ်သူတွေ ဘယ်လောက်များနေပြီလဲမသိဘူးဗျာ။ အခုဖြစ်နေတာက စစ်ကောင်စီကလုပ်ချင်တာလုပ်နေတာ။ ကျွန်တော်တို့လည်း စိတ်ညစ်နေပြီ” ဟု ပရဟိတအဖွဲ့ဝင်တစ်ဦးကပြောသည်။

Credit

Zawgyi

ရဲစခန္းမ်ားတြင္ ကိုဗစ္ကူးစက္မႈ ျမင့္တက္လာ၊ ပဲခူးႏွင့္ ေတာင္တြင္းႀကီးတြင္ ရဲမ်ား အစုလိုက္အၿပဳံလိုက္ကူးစက္၊ စာသင္ေနေသာ ေက်ာင္းဆရာမမ်ားလည္းကူးစက္ခံရ

ရဲစခန္းမ်ားတြင္ ကိုဗစ္ကူးစက္မႈ ျမင့္တက္လာ၊ ပဲခူးႏွင့္ ေတာင္တြင္းႀကီးတြင္ ရဲမ်ား အစုလိုက္အၿပဳံလိုက္ကူးစက္ေနေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။ပဲခူးတိုင္း၊ေက်ာက္တံခါးၿမိဳ႕နယ္ ပဲႏြယ္ကုန္းၿမိဳ႕ နယ္ေျမရဲစခန္းတြင္ ယေန႔ဇူလိုင္ ၇ရက္ေန႔မွာ ရဲတပ္သား ၃ဦးႏွင့္ အခ်ဳပ္သား၁၃ဦး စုစုေပါင္း ၁၆ဦးထံတြင္ ကိုဗစ္ပိုးေတြ႕ရွိေၾကာင္းၿမိဳ႕နယ္ကိုဗစ္အေထာက္အကူျပဳအဖြဲ႕ထံမွသိရသည္။ပဲႏြယ္ကုန္းတိုက္နယ္ေဆး႐ုံတြင္ ယေန႔ ဇူလိုင္၇ရက္ေန႔ထိ ကိုဗစ္အတည္ျပဳလူနာ86ဦး ေဆးကုသမႈခံယူေနသည္ဟုၿမိဳ႕နယ္ကိုဗစ္အေထာက္အကူျပဳအဖြဲထံမွသိရသည္။

ေက်ာက္တံခါးၿမိဳ႕နယ္အတြင္းတြင္ ကိုဗစ္ေရာဂါကူးစက္မႈ မ်ားျပားေနၿပီး လက္ရွိအခ်ိန္တြင္အတည္ျပဳလူနာမ်ားကို ၿမိဳ႕နယ္အတြင္းရွိေဆး႐ုံမ်ားတြင္ ထားရွိရန္ေနရာမရွိေတာ့တာေၾကာင့္ ကုမၼဏီပိုင္အေဆာက္အဦးမ်ားတြင္ ေဆးကုသခံယူဖို႔စီစဥ္ထားေၾကာင္းၿမိဳ႕နယ္ကိုဗစ္အေထာက္အကူျပဳအဖြဲထံမွသိရသည္အလားတူ မေကြးတိုင္းေဒသႀကီး၊ ေတာင္တြင္းႀကီးၿမိဳ႕တြင္ ဇူလိုင္ ၆ ရက္ က ကိုဗစ္-၁၉ အတည္ျပဳလူနာ ၁၇ ဦး စစ္ေဆးေတြ႕ရွိခဲ့ရၿပီး ယင္းအတည္ျပဳလူနာမ်ားတြင္ ယာဥ္ထိန္းရဲ ၁ ဦး၊ ဒုရဲအုပ္အဆင့္ရွိသူ ၁ ဦး အပါအဝင္ ရဲတပ္ဖြဲ႕ဝင္ ၁၂ ဦးႏွင့္ မိသားစုဝင္ အမ်ိဳးသမီး ၄ ဦး တို႔ကူးစက္ခံရေၾကာင္း သိရွိရသည္။ထို႔ျပင္ မေကြးတိုင္း၊ ၿမိဳ႕သစ္ၿမိဳ႕နယ္၊ ေဂြးကုန္းအုပ္စု၊ စစ္ေတာကုန္းေက်း႐ြာအေျခခံပညာအလယ္တန္းေက်ာင္း၊ ဆ႒မတန္း အတန္းပိုင္ဆရာမတြင္လည္း ကိုဗစ္-၁၉ ေရာဂါပိုးကူးစက္ခံေနရေၾကာင္း သိရွိရသည္။စစ္ေတာကုန္းေက်း႐ြာ တာဝန္ရွိသူတစ္ဦးက ”အဲ့ေက်ာင္းကေက်ာင္းသား ၅ ဦးေယာက္လည္း အနံ႔မရဘူးလို႔သိရတယ္။ အနံ႔မရသူေတြကေတာ့ ဒီေန႔ ၿမိဳ႕သစ္ၿမိဳ႕ျပည္သူေဆး႐ုံမွာ ေဆးစစ္မယ္။ စစ္ေတာကုန္း႐ြာဘုန္းႀကီးေက်ာင္းက ကိုရင္ေတြနဲ႔ ႐ြာကေလးအမ်ားစုလည္း ဖ်ားေနၾကတယ္” ဟုေျပာသည္။

စစ္ေတာေက်ာင္း ပိုးကူးစက္ခံရသည့္ ဆရာမ၏ အတန္းကိုသာပိတ္ၿပီး က်န္အတန္းအားလုံးေက်ာင္းတက္ရမည္ဟု ေက်ာင္းအုပ္ဆရာမႀကီး ေဒၚသန္းသန္းေဝ က ၫႊန္ၾကားထားေၾကာင္း သိရွိရသည္။”အတန္းပိုင္ဆရာမရဲ႕ ဇာတိက ကန္ႀကီး႐ြာကေလ။ ေက်ာင္းကို ေန႔ခ်င္းျပန္တက္တာ။ သူနဲ႔ထိစပ္သူေတြ ဘယ္ေလာက္မ်ားေနၿပီလဲမသိဘူးဗ်ာ။ အခုျဖစ္ေနတာက စစ္ေကာင္စီကလုပ္ခ်င္တာလုပ္ေနတာ။ ကြၽန္ေတာ္တို႔လည္း စိတ္ညစ္ေနၿပီ” ဟု ပရဟိတအဖြဲ႕ဝင္တစ္ဦးကေျပာသည္။

Credit