Local News

ဖခင်၏သေနတ်ယူကစားမိရာမှဒုဗိုလ်မှူးကြီးသားသေဆုံး

ဖခင်၏သေနတ်ယူကစားမိရာမှဒုဗိုလ်မှူးကြီးသားသေဆုံး
နေပြည်တော်ကောင်စီနယ်မြေပုဗ္ဗာသီရိမြို့နယ်၊ဘုရင့်နောင်ရပ်ကွက်နေ

စစ်ကောင်စီ ဒုတိယဗိုလ်မှူးကြီးညဏ်ထွန်းအောင်၏သားဖြစ်သူ အထက်တန်းကျောင်းသား မောင်စိုင်းဟိန်းဘုန်းထူး သေဆုံးရခြင်းမှာ ညီဖြစ်သူကဖခင်၏သေနတ်ကိုယူဆော့မိရာမှမတော်တဆကျည်ထွက်ကာထိမှန်ခဲ့ခြင်းကြောင့်ဖြသ်ကြောင်းသိရပါသည်။၂.၇.၂၀၂၁တွင် မတော်တဆသေဆုံးခဲ့ရသော မောင်စိုင်းဟိန်းဘုန်းထူးမှာ နေပြည်တော် အထက(၃)ဒသမတန်း(A)တွင်ပညာသင်ကြားလျှက်ရှိပြီးသေဆုံးချိန်တွင် အသက်(၁၇)အရွယ်ရှိပြီဖြစ်သည်။အဆိုပါဖြစ်ရပ်တွင် ညီဖြစ်သူ

မောင်စိုင်းလပြည့်မှ ဖခင်၏သေနတ်ကိုယူဆော့မိရာမှ မတော်တဆ ကျည်ထွက်သွားကာ မောင်စိုင်းဟိန်းဘုန်းထူး၏ ဦးခေါင်းကိုထိမှန်၍ပွဲချင်းပြီးသေဆုံးခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။၎င်းဖြစ်ရပ်သည် ဖခင်ဖြစ်သူ ဒုတိယဗိုလ်မှူးကြီးညဏ်ထွန်းအောင်၏ပေါ့ဆမှုလည်းပါဝင်ရာမည်သို့သောအရေးယူမှုများပြုလုပ်သွားမည့်အကြောင်းကိုမူထုတ်ပြန်ခြင်းတစုံတရာမရှိသေးကြောင်းသိရသည်။


စစ်ကောင်စီ
စိုင်းဟိန်းဘုန်းထူး
စိုင်းလပြည့်
လက်နက်မတော်တဆမှု
Credit

Unicode

ဖခင်၏သေနတ်ယူကစားမိရာမှဒုဗိုလ်မှူးကြီးသားသေဆုံး
နေပြည်တော်ကောင်စီနယ်မြေပုဗ္ဗာသီရိမြို့နယ်၊ဘုရင့်နောင်ရပ်ကွက်နေစစ်ကောင်စီ ဒုတိယဗိုလ်မှူးကြီးညဏ်ထွန်းအောင်၏သားဖြစ်သူ အထက်တန်းကျောင်းသား မောင်စိုင်းဟိန်းဘုန်းထူး သေဆုံးရခြင်းမှာ ညီဖြစ်သူကဖခင်၏သေနတ်ကိုယူဆော့မိရာမှမတော်တဆကျည်ထွက်ကာထိမှန်ခဲ့ခြင်းကြောင့်ဖြသ်ကြောင်းသိရပါသည်။၂.၇.၂၀၂၁တွင် မတော်တဆသေဆုံးခဲ့ရသော မောင်စိုင်းဟိန်းဘုန်းထူးမှာ နေပြည်တော် အထက(၃)ဒသမတန်း(A)တွင်ပညာသင်ကြားလျှက်ရှိပြီးသေဆုံးချိန်တွင် အသက်(၁၇)အရွယ်ရှိပြီဖြစ်သည်။အဆိုပါဖြစ်ရပ်တွင် ညီဖြစ်သူ

မောင်စိုင်းလပြည့်မှ ဖခင်၏သေနတ်ကိုယူဆော့မိရာမှ မတော်တဆ ကျည်ထွက်သွားကာ မောင်စိုင်းဟိန်းဘုန်းထူး၏ ဦးခေါင်းကိုထိမှန်၍ပွဲချင်းပြီးသေဆုံးခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

၎င်းဖြစ်ရပ်သည် ဖခင်ဖြစ်သူ ဒုတိယဗိုလ်မှူးကြီးညဏ်ထွန်းအောင်၏ပေါ့ဆမှုလည်းပါဝင်ရာမည်သို့သောအရေးယူမှုများပြုလုပ်သွားမည့်အကြောင်းကိုမူထုတ်ပြန်ခြင်းတစုံတရာမရှိသေးကြောင်းသိရသည်။


စစ်ကောင်စီ
စိုင်းဟိန်းဘုန်းထူး
စိုင်းလပြည့်
လက်နက်မတော်တဆမှု
Credit