Knowledge

ကျွန်မ ဆိုတာက မပျော်လဲ အားရပါးရ ပြုံးတတ်တယ်လေ

ပြုံးနေတိုင်း ပျော်နေတယ်လို့မထင်ပါနဲ့ ကျွန်မ မပျော် ပေမယ့် ရအောင် ပြုံးတတ်တဲ့ အကျင့်လေးရှိတယ် နာကျင်ကျင်နဲ့လဲ လှလှပပလေး ပြုံးပြတတ် ဖို့အထိ ကျွန်မ လေ့ကျင့်ထားပါတယ်ပျော်ရာမှာ မနေရ တော်ရာမှာ နေနေရတဲ့ ဘဝမှာ လွတ်လွတ်လပ်လပ် ပြုံးရ ပျော်ရတဲ့အချိန်တွေထက် ပျော်အောင် မနည်းနေနေရတဲ့အချိန်တွေကသာ ပိုများခဲ့တာလေ ။ဒါကိုပဲ ဘဝလို့ ခေါ်တယ်လို့ ထင်ပါတယ်
စလုံးရေ စကတည်းက . . . အူဝဲနဲ့စခဲ့ရတာလည်း အမြဲတမ်း အမှတ်ရပါတယ် ။ကိုယ်တစ်ဦးတည်းတစ်ယောက်တည်း မွေးဖွားလာခဲ့ရတာကိုလဲ အမြဲပဲ သတိတရ ရှိပါတယ် ။တစ်စုံတစ်ယောက် ရှိမှ တစ်စုံတစ်ယောက်က ပျော်အောင် ထားမှ ပျော်အောင်နေတတ်တဲ့ အရင်ကလို ခပ် ညံ့ညံ့ကောင်မလေးတစ်ယောက် မဟုတ်တော့ဘူး အခုဆို မပျော်တဲ့အရပ်မှာ အားရပါးရ ရယ်တတ် လာတဲ့အထိ ဟန်ဆောင်တတ် မြိုသိပ်တတ်လာပါပြီ

ရင့်ကျက်လာတာမျိုးဆိုတာထက် ဘဝအကြောင်းကို အရင်ကထက် ပိုပြီးသိလာတယ်လို့ပဲ ခေါင်းစဉ်တပ် ပါတယ် ။တစ်စုံတစ်ယောက် အပေါ် မှီခိုပြီးမှ ပျော်ရတဲ့အပျော် တွေဟာ . .. ခဏတာပဲ ခံတယ် ။ သူပေးသလောက် သူဆန္ဒရှိသလောက်ပဲ အချိန်ကြာတတ်တာလေ ။မနက်ဖြန် ဒါမှမဟုတ် ဒီနေ့လဲ အဲ့ဒီ အပျော်တွေကနေ အငိုတွေ ခဏခဏ ဖြစ်ခဲ့ဖူးပြီးပြီမဟုတ်လား
ကျွန်မ နောက်ထပ် နာကျင်မခံစားရအောင် အမှတ် အတေးလေးတော့ထားပါတယ် ။ကိုယ့်ရဲ့ ပျော်ရွှင်မှုဆိုတာ ကိုယ်နဲ့ဆိုင်တယ်ဆိုတာ စပြီးသိကတည်းက ကျွန်မ မပျော်ပေမယ့်လဲ ရအောင် ပြုံးတယ် ။မျက်နှာပြောင်တယ်လို့ ခေါင်းစဉ် တပ်ချင်လဲ တပ်ပါ ဒါပေမယ့် ကိုယ်မျက်ရည်ကျလို့လဲ လှောင်ရယ်မယ့် လူတွေချည်း ရပ်နေတဲ့အရပ်မှာ စာနာပါဆိုပြီးလိုက်ပြောပြနေတာထက်စာရင် ကျွန်မ အဆင်ပြေပါတယ်ဆိုပြီး ညာလိုက်တာက ပိုပြီး အဆင်ပြေပါတယ် ။

လူတစ်ယောက် ပျော်ခြင်းမပျော်ခြင်းဆိုတာ သူ့နှုတ်ခမ်းက အပြုံးတွေနဲ့ မဆိုင်တဲ့အကြောင်း လူတစ်ယောက်ကို နားလည်ချင်ပါတယ်ဆိုရင်သူ့စကားတွေချည်းကို နားထောင်ရုံမဟုတ်ပဲ မျက်ဝန်းက စကားလုံးတွေကို နားလည်တတ်အောင် ကြည့်တတ်တဲ့အကြောင်း တချို့လူတွေကို နားလည် သဘောပေါက်တတ်စေချင်တယ်ကျွန်မကို ကြည့်ပါ ပြုံးနေတဲ့အခါတိုင်း ရယ်နေတိုင်းအခါတိုင်း သူအဆင်ပြေနေတာပဲ ပျော်နေတာပဲလို့ ထင်ရင် မှားလိမ့်မယ် ကျွန်မ ဆိုတာက မပျော်လဲ အားရပါးရ ပြုံးတတ်တယ်လေ ။

Credit

Unicode