Local News

အာဏာ ပြန်အပ်လျှင် ကိုဗစ်ရင်ဆိုင်ရန် CDM ကျန်းမာရေးဝန်ထမ်းအားလုံး အလုပ်ပြန်ဆင်းမည်ဟု

အာဏာ ပြန်အပ်လျှင် ကိုဗစ်ရင်ဆိုင်ရန် CDM ကျန်းမာရေးဝန်ထမ်းအားလုံး အလုပ်ပြန်ဆင်းမည်ဟုမြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်း ရင် ဆိုင်နေရချိန် စစ်အာဏာသိမ်းအုပ်စုအနေဖြင့် CDM ကျန်းမာရေးဝန်ထမ်းများကို အပြစ်တင်နေမှုသည် လက်ခံနိုင်စရာမရှိဘဲ

ယနေ့ ပြည်သူကို အာဏာပြန်အပ်လျှင် CDM ကျန်းမာရေးဝန်ထမ်းအားလုံး အလုပ်ပြန်ဆင်းမည်ဖြစ်ကြောင်း ခွဲစိတ်ပါရဂူ ဗိုလ်ကြီးမင်းမောင်မောင်က ပြောဆိုသည်။ခွဲစိတ်ပါရဂူ ဗိုလ်ကြီးမင်းမောင်မောင်သည် အမှတ် (၁၄) စစ်မြေပြင်ဆေးတပ်ရင်းမှ ဆရာဝန်ကြီးတစ်ဦးဖြစ်ပြီး စစ်ကောင်စီကို ဆန့်ကျင်ပြီး နွေဦးတော်လှန်ရေးတွင် CDM တပ်မတော်ဆရာဝန်အဖြစ် ပါဝင်နေခြင်းဖြစ်သည်။အခု တတိယလှိုင်းဖြစ်တဲ့အခါမှာတော့ စစ်အုပ်စုနဲ့ သူတို့ကို ထောက်ခံသူတွေက ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေကိုပဲ အပြစ်ပြောနေတာတော့ လုံးဝ မတရားဘူး၊

CDM လုပ်ရခြင်းရအကြောင်းအရင်းကို သူတို့က Highlight မလုပ်ဘဲနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ပြည်သူလူထုကို လစ်လျူရှုထားတယ်ဆိုတဲ့ပုံစံမျိုးနဲ့ အပြစ်ဖို့နေတာတော့ စိတ်မကောင်းသလို ဒေါသလည်းထွက်ရတာပေါ့၊

ကျနော်ပြောနိုင်တာက အခုအချိန်မှာ ဆရာ ဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေဟာ စစ်အုပ်စုအနေနဲ့ ဒီနေ့ပြည်သူ့ဆီ အာဏာအပ်လိုက်၊ မနက်ဖြန် ကျန်းမာရေးဝန်ထမ်းတွေ အလုပ်ပြန်ဆင်းလိမ့်မယ်ဗျ” ဟု ခွဲစိတ်ပါရဂူ ဗိုလ်ကြီးမင်းမောင်မောင်က ပြောဆိုသည်။လက်ရှိ ကိုဗစ်တတိယလှိုင်း ရင်ဆိုင်နေရချိန်တွင် မြန်မာပြည်သည် အကြီးမားဆုံး စိန်ခေါ်မှုကို ရင်ဆိုင်နေရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ကျနော်တို့ စစ်ဆေးက ဆရာဝန်တွေလည်း ရှိတာပေါ့၊ ပြည်သူ ၅၆ သန်းနဲ့ ယှဉ်ရင် ဘယ်လို လုံလောက်မှာလည်း၊ CDM ဆရာ ဝန်တွေ ဒီလောက်များနေတာဘယ်လို ပြောင်းရွှေ့ပြီး လုပ်လုပ် အဆင်မပြေနိုင်ဘူး။

တကယ်ပြန်သုံးသပ်ရမယ်ဆို ဒီအာဏာ သိမ်းလိုက်တဲ့အခြေအနေကြောင့် ပြည်သူတွေအတွက် ကျန်းမာရေးအာမခံချက်ကလည်း အခက်အခဲဆုံးအခြေအနေ ရောက်သွားတယ်၊အခု ကိုဗစ်တတိယလှိုင်းဟာ မြန်မာနိုင်ငံအတွက် အကြီး မားဆုံး စိန်ခေါ်မှုလို့တောင် ပြောလို့ရတယ်” ဟု ၎င်းက ရှင်းပြသည်။မြန်မာနိုင်ငံတွင် ဇူလိုင် ၇ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၁၇၅,၉၂၃ ဦး ရှိပြီး သေဆုံးသူ ၃,၅၇၀ ဦးရှိကာ ယမန်နေ့ တစ်ရက်တည်းတွင်ပင် ကိုဗစ်လူနာကူးစက်ခံရသူ ၃,၉၄၇ ဦးရှိကြောင်း သိရှိရသည်။

Credit

Unicode