Local News

တပည့်တွေရဲ့အနာဂတ်လေးလှပဖို့အတွက် မြေဖြူကိုင်တာကိုစွန့်လွှတ်ပြီး ကွမ်းယာရောင်းကာ ရိုးရိုးသားသားရှာဖွေစားသောက်နေတဲ့ CDM ဆရာတစ်ဦး

တပည့်တွေရဲ့အနာဂတ်လေးလှပဖို့အတွက် မြေဖြူကိုင်တာကိုစွန့်လွှတ်ပြီး ကွမ်းယာရောင်းကာ ရိုးရိုးသားသားရှာဖွေစားသောက်နေတဲ့ CDM ဆရာတစ်ဦးဒီလိုအချိန်မှာ ပြည်သူတွေအားလုံးက ခက်ခဲနေကြတာကြောင့် CDM ဝန်ထမ်းတွေလည်း စားဝတ်နေရေးအတွက်ကိုယ့်အားကိုယ်ကိုးပြီးဖြေရှင်းနေကြတာဖြစ်ပါတယ်။ဝန်ထမ်းတွေကလည်း ပြည်သူတွေထဲက ပြည်သူတွေပဲဖြစ်တာကြောင့်လက်ရှိအခြေအနေမှာ တတ်နိုင်တဲ့နေရာကနေ ရပ်တည်နေတာဖြစ်ပါတယ်။ပြည်သူတွေကလည်းCDM ဝန်ထမ်းတွေကို ပစ်မထားဘဲ လက်လှမ်းမှီသလောက် ကူညီပေးပြီး အားပေးနှစ်သိမ့်ပေးနေကြတာဖြစ်ပါတယ်။တချို့အစိုးရဝန်ထမ်းတွေဆိုရင် ပင်စင်ယူခါနီးမှာတောင် စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ပြည်သူတွေဘက်က ရပ်တည်ပေးခဲ့တာဖြစ်ပါတယ်။အခုဆိုရင်လည်း ကလေးတွေကို ပညာအမွေတွေပေးနေတဲ့ ဆရာကြီးတစ်ယောက်က တပည့်တွေရဲ့အနာဂတ်အတွက် မြေဖြူကို စွန့်လွှတ်ခဲ့တာဖြစ်ပါတယ်။ဆရာကြီးကတော့ ပင်စင်ယူဖို့အဝေးကြီးလိုသေးပေမယ့် သတ္တိရှိရှိနဲ့ CDM လုပ်ပြီး မိသားစုစားဝတ်နေရေး၊ကျန်းမာရေးအတွက် လစာကိုမမျှော်ကိုးခဲ့တာဖြစ်ပါတယ်။ဆရာကြီးကတော့ ကျောင်းဆရာဘဝကိုစွန့်လွှတ်ပြီးနောက်မှာ မိသားစုစားဝတ်နေရေးအတွက် ကွမ်းယာရောင်းကာ ရိုးရိုးသားသားရှာဖွေစားသောက်နေတာဖြစ်ပါတယ်။ဆရာကြီးက မြေဖြူကိုင်တာထက် ထုံးဖြူကိုင်ခဲ့တာကြောင့် သူ့ရဲ့တပည့်တွေကလည်း လေးစားဂုဏ်ယူနေကြတာဖြစ်ပါတယ်။ဆရာ့တပည့်လေးတွေက လမ်းပေါ်ထွက်ပြီး အာဏာရှင်ကို တွန်းလှန်နေကြချိန်မှာ ဆရာကြီးကလည်း တစ်ထောင့်တစ်နေရာကနေ အားဖြည့်ပေးခဲ့တဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Credit

Unicode

တပည့်တွေရဲ့အနာဂတ်လေးလှပဖို့အတွက် မြေဖြူကိုင်တာကိုစွန့်လွှတ်ပြီး ကွမ်းယာရောင်းကာ ရိုးရိုးသားသားရှာဖွေစားသောက်နေတဲ့ CDM ဆရာတစ်ဦးဒီလိုအချိန်မှာ ပြည်သူတွေအားလုံးက ခက်ခဲနေကြတာကြောင့် CDM ဝန်ထမ်းတွေလည်း စားဝတ်နေရေးအတွက်ကိုယ့်အားကိုယ်ကိုးပြီးဖြေရှင်းနေကြတာဖြစ်ပါတယ်။ဝန်ထမ်းတွေကလည်း ပြည်သူတွေထဲက ပြည်သူတွေပဲဖြစ်တာကြောင့်

လက်ရှိအခြေအနေမှာ တတ်နိုင်တဲ့နေရာကနေ ရပ်တည်နေတာဖြစ်ပါတယ်။ပြည်သူတွေကလည်းCDM ဝန်ထမ်းတွေကို ပစ်မထားဘဲ လက်လှမ်းမှီသလောက် ကူညီပေးပြီး အားပေးနှစ်သိမ့်ပေးနေကြတာဖြစ်ပါတယ်။တချို့အစိုးရဝန်ထမ်းတွေဆိုရင် ပင်စင်ယူခါနီးမှာတောင် စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ပြည်သူတွေဘက်က ရပ်တည်ပေးခဲ့တာဖြစ်ပါတယ်။အခုဆိုရင်လည်း ကလေးတွေကို ပညာအမွေတွေပေးနေတဲ့ ဆရာကြီးတစ်ယောက်က တပည့်တွေရဲ့အနာဂတ်အတွက် မြေဖြူကို စွန့်လွှတ်ခဲ့တာဖြစ်ပါတယ်။ဆရာကြီးကတော့ ပင်စင်ယူဖို့အဝေးကြီးလိုသေးပေမယ့် သတ္တိရှိရှိနဲ့ CDM လုပ်ပြီး မိသားစုစားဝတ်နေရေး၊ကျန်းမာရေးအတွက် လစာကိုမမျှော်ကိုးခဲ့တာဖြစ်ပါတယ်။

ဆရာကြီးကတော့ ကျောင်းဆရာဘဝကိုစွန့်လွှတ်ပြီးနောက်မှာ မိသားစုစားဝတ်နေရေးအတွက် ကွမ်းယာရောင်းကာ ရိုးရိုးသားသားရှာဖွေစားသောက်နေတာဖြစ်ပါတယ်။ဆရာကြီးက မြေဖြူကိုင်တာထက် ထုံးဖြူကိုင်ခဲ့တာကြောင့် သူ့ရဲ့တပည့်တွေကလည်း လေးစားဂုဏ်ယူနေကြတာဖြစ်ပါတယ်။

ဆရာ့တပည့်လေးတွေက လမ်းပေါ်ထွက်ပြီး အာဏာရှင်ကို တွန်းလှန်နေကြချိန်မှာ ဆရာကြီးကလည်း တစ်ထောင့်တစ်နေရာကနေ အားဖြည့်ပေးခဲ့တဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Credit