Local News

ပုဇွန်တောင်(၅၅)လမ်းက မီးလောင်မှုကြောင့် နေစရာမရှိတော့တဲ့ ပြည်သူတွေကို နေရာထိုင်ခင်းတွေပေးမယ့်အကြောင်း ဖွင့်ဟလိုက်တဲ့ ပြည်သူတစ်ဦး

မြန်မာပြည်သူတွေကတော့ နိုင်ငံရေးအခြေအနေတွေကြောင့် အခက်အခဲတွေကြုံတွေ့နေသလို ခိုးယူလုယက်ခံရမှုတွေ၊ခြိမ်းခြောက်ခံရမှုတွေ၊ မီးဘေးတွေကြောင့် ဒုက္ခပင်လယ်ဝေနေကြပါတယ်။

မနေ့ကညနေပိုင်းကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ (၂)ရပ်ကွက်၊ (၅၄)လမ်းနှင့် (၅၅)လမ်းကြားတွင် မီးလောင်မှုဖြစ်ပွားသွားခဲ့ပါတယ်။ မီးကအရှိန်အဟုန်ပြင်းပြင်းနဲ့လောင်ကျွမ်းခဲ့တာဖြစ်ပြီး တစ်ခြားတိုက်တွေကိုပါ မီးလောင်အားကောင်းကောင်းနဲ့ ကူးစက်လောင်ကျွမ်းသွားခဲ့တာဖြစ်ပါတယ်။

အဆိုပါမီးလောင်မှုကြောင့် တစ်လမ်းလုံးမီးခိုးငွေ့တွေဖုံးလွှမ်းသွားခဲ့သလို  ရပ်ကွက်နေပြည်သူတွေလည်း ချောင်းတွေဆိုးတဲ့အထိ ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။တိုင်းပြည်အခြေအနေတွေကြောင့် အခက်အခဲတွေရင်ဆိုင်နေရချိန် အခုလိုမီးလောင်မှုဖြစ်ပွားသွားခဲ့တာကြောင့်

မီးလောင်သွားတဲ့ တိုက်ခန်းမှာနေထိုင်တဲ့ ပြည်သူတွေဟာ ဒုက္ခရောက်သွားခဲ့ရပါတယ်။ ယခုမှာတော့ Swe Swe Ooဆိုတဲ့ FB Accပိုင်ရှင်အမျိုးသမီးတစ်ဦးဟာ အဆိုပါမီးလောင်မှုကြောင့် တိုက်ခန်းပျက်စီးပြီး နေစရာမရှိတော့တဲ့ပြည်သူတွေကို နေရာထိုင်ခင်းအလုံအလောက်ပေးမယ့်အကြောင်း ဖွင့်ဟလိုက်ပါတယ်။

အဆိုပါပြည်သူတစ်ဦးကတော့ ” (54)လမ်း နဲ့ (55)လမ်းကြားညနေကမီးလောင်သွားတဲ့တိုက်ပါ အိမ်ထောင်စုတွေ ဒီအချိန်ကြီးမီးဘေးသင့်တာ စိတ်မကောင်းဘူးနေစရာအခက်အခဲရှိရင်ကျမကိုဆက်သွယ်ပေးပါ။ကျမမှာနေရာထိုင်ခင်းအလုံအလောက်ပေးနိုင်ပါတယ်။

လူမျိူးဘာသာ မရွေး ကျမဆီနေလို့ရပါတယ်။ စားစရာလည်းရှိပါတယ် “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေသားထားခဲ့တာပဲဖြစ်ပါတယ်။ မြန်မာပြည်သူတွေအနေနဲ့ ရန်သမျိုး(၅)ပါးဘေးမှ အမြန်ဆုံးကင်းဝေးကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်။
Credit

Unicode