Knowledge

မျက်နှာပေါ်က အဆီဖု၊ အဆီကြိတ်တွေကို အရှင်းပျောက်ကင်းစေမယ့် အိမ်တွင်းကုထုံးများ

မျက်နှာပေါ်က အဆီဖု၊ အဆီကြိတ်တွေကို အရှင်းပျောက်ကင်းစေမယ့် အိမ်တွင်းကုထုံးများအဆီကြိတ်ဆိုတာဟာ ဝက်ခြံလိုမျိုး အဖုသေးသေးလေးတွေဖြစ်ပြီး ညှစ်လိုက်ရင် ဘာမှမထွက်လာပဲ မာမာလေးဖြစ်နေတာမျိုးပါ။

အဆီကြိတ်တွေဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းကတော့ ဟော်မုန်းမညီမျှခြင်းနဲ့ စိတ်ဖိစီးမှုများနေခြင်းတို့ကြောင့် အဖြစ်များပါတယ်။နောက်ပြီးတော့ ဆံပင်ကြောင့်လည်းဖြစ်နေနိုင်တဲ့အပြင် သင်သုံးနေတဲ့မိတ်ကပ်ကြောင့်လည်း ဖြစ်နေနိုင်ပါတယ်။ဒါကြောင့် မိတ်ကပ်လိမ်းပြီးတိုင်း သေသေချာချာ သန့်စင်ပေးဖို့ မမေ့ပါနဲ့နော်။နှဖူးပြင်ပေါ်မှာ ဝက်ခြံလိုမျိုးအဖုသေးသေးလေးတွေ အများကြီးဖြစ်နေတတ်တဲ့ချစ်တို့အတွက် ခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေက အရမ်းအသုံးဝင်မှာပါ။

(၁) ကြက်ဥအကာကြက်ဥတစ်လုံးကို အကာချည်းပဲ ယူလိုက်ပြီး ပျားရည်အနည်းငယ်နဲ့ ရောကာ သေသေချာချာ ခလောက်ပေးလိုက်ပါ။ရလာတဲ့အနှစ်ကို အသုံးမပြုခင် မျက်နှာနဲ့လက်ကို ဆပ်ပြာနဲ့ သေသေချာချာ ဆေးပေးဖို့လိုပါတယ်။ပြီးရင်တော့ ရလာတဲ့အနှစ်ကို သန့်စင်ခြောက်သွေ့တဲ့ မျက်နှာပေါ်မှာလိမ်းပြီး (၁၅) မိနစ်အကြာမှာ ရေနွေးနဲ့ မျက်နှာသစ်ပေးလိုက်ပါ။မျက်နှာသစ်ပြီးတဲ့အခါ moisturizer လိမ်ပေးဖို့ မမေ့ပါနဲ့။

(၂) ပန်းသီးရှာလကာပန်းသီးရှာလကာဟာ ဝက်ခြံတွေကို အမြန်ဆုံး ပျောက်ကင်းစေပြီး အသားအရေကို အထူးလှပစေတဲ့ သဘာဝကပေးတဲ့ တိုနာတစ်ခုဖြစ်ပါတယ်။ပန်းသီးရှာလကာတစ်ဇွန်းကို ရေ ၂ ခွက်နဲ့ရောပြီး ရလာတဲ့ အရည်လေးကို ဂွမ်းလေးနဲ့တို့ပြီးသန့်စင်ပြီးသားမျက်နှာပေါ်မှာ တိုနာလိုမျိုး တစ်နေ့ကို ၂ ကြိမ်(မနက်တစ်ကြိမ်၊ ညတစ်ကြိမ်)အသုံးပြုပေးရုံပါပဲ။

(၃) ရေနွေးငွေ့ရေနွေးငွေ့ပေါင်းတင်နည်းလေးဟာ အိမ်မှာတင် ကိုယ်တိုင်ပြုလုပ်လို့ရတဲ့ အထိရောက်ဆုံး နည်းလမ်းလေးတစ်ခုဖြစ်ပါတယ်။သံဇလုံထဲမှာ ဆူပွက်နေတဲ့ ရေကိုထည့်ပြီး ထွက်လာတဲ့အငွေ့ကို မျက်နှာနဲ့ ခံပေးလိုက်ရုံပါပဲ။ဒီနည်းလမ်းလေးဟာ ပိတ်နေတဲ့ ချွေးပေါက်တွေကို ပွင့်စေပြီး အညစ်အကြေးနဲ့ဘက်တီးရီးယားတွေကို သန့်စင်ပေးနိုင်တာကြောင့် အဆီဖုတွေကို ပျောက်ကင်းစေနိုင်ပါတယ်။(၄) ကြက်သွန်ဖြူကြက်သွန်ဖြူ (၄) တက်ခန့်ကို ကြိတ်ပြီး အဆီဖုလေးတွေရှိတဲ့နေရာမှာ အုံပေးလိုက်ပြီး (၁၅) မိနစ်အကြာမှာ ရေနွေးနဲ့ ဆေးကြောပေးလိုက်ပါ။ကြက်သွန်ဖြူဟာ အနံ့စွဲနိုင်တဲ့အတွက် ညအိပ်ခါနီး ဒါမှမဟုတ် အပြင်ထွက်စရာမရှိတဲ့နေ့တွေမှာ ပြုလုပ်ပေးရင်ပိုကောင်းပါတယ်။မျက်နှာသစ်ပေးပြီးတိုင်း moisturizer လိမ်းပေးဖို့မမေ့ပါနဲ့။

(၅) အစားအသောက်ဆင်ခြင်ပါတစ်ခါတလေ အဆီဖုလေးတွေဟာ အစားသောက်ကြောင့်လည်း ဖြစ်နေတတ်ပါတယ်။အချိုတွေ၊ သကြားတွေကိုလျှော့စားပေးလိုက်ရင် အဆင်ပြေသွားမှာပါ။

Credit

Unicode