Knowledge

တစ်လအတွင်း ဆံပင် ကျန်းမာသန်စွမ်းပြီး ကြီးထွားမြန်စေမယ့် လျို့ဝှက်ချက်

ဆံသားကျန်းမာသန်စွမ်းဖို့အတွက် ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ ပျိုမေတွေကို အကြံပေးချင်ပါတယ်။ တစ်ယောက်တစ်မျိုး ညွှန်းနေကြတဲ့ အလှကုန်တွေကြား ဗျာမများရအောင် နည်းလမ်းကောင်းလေးတွေ ပေးချင်ပါတယ်၊

(၁) ဆံကေသာအတွက် (curry leaves) ပျဉ်တော် သိမ်ရွက်ကို ကျို ရမယ့်အပိုင်းပါ၊ ၊ ပျဉ်တော်သိမ်ရွက် အနည်းငယ်ကို ရေနဲ့ပွတ်ပွတ်ဆူအောင်ပြုတ်၊သံပုရာတစ်လုံးကိုအရည်ညှစ်ယူပြီး သကြား အနည်းငယ် ထည့်ပေးပါ။

ပျဉ်တော်သိမ်ရွက်က အစာခြေစနစ်အတွက် အထူးကောင်းမွန်ပြီးဆံကေသာ ပြသနာ အတော်များများကို ကူညီဖြေရှင်းပေးပါတယ် ဒါကို သောက်ပေးရမှာဖြစ်ပါတယ်။

(၂) ဆံပင်ကျွတ်ခြင်းမှ ကာကွယ်ဖို့ Hair mask တစ်ခုခုပြုလုပ်ရပါမယ်။ ပျဉ်တော်သိမ် အနည်းငယ်ယူပြီး ပျစ်ပျစ်လေးဖြစ်အောင် ကျိုလိုက်ပါ၊

အဲဒါကို ဒိန်ချဉ်နဲ့ ရောစပ်ပြီး ဆံပင်ကို လိမ်းပြီး အဲဒီအတိုင်း ဦးရေပြားပေါ် ၂၅ မိနစ်ခန့်ထားပြီး ဆံပင်ကို ခေါင်းလျှော်ရည်ပျော့ပျော့နဲ့ လျှော်ပေးပါ။

အဲဒီအတိုင်း တစ်ပတ် ၁ ကြိမ် လုပ်ပေးပါက အချိန် တိုအတွင်း ဆံပင်တွေ ရှည်ထွက်လာတာ တွေ့ရပါလိမ့်မယ်။ ဆံကေသာကို နက်မှောင် လင်းလက်တောက်ပြောင်စေပြီး သန်စွမ်းကျန်းမာစေမှာဖြစ်ပါတယ်။

(၃) ဆံပင်ကျွတ်ခြင်းကင်းဖို့ ဆံပင်သန်ဆေးပြုလုပ်ရပါမယ်။ ပျဉ်တော်သိမ် အနည်းငယ်နဲ့ အုန်းဆီကို ဇလုံတစ်ခုထဲ ပေါင်းထည့်ပါ။

အဲဒီနှစ်ခုပေါင်းလိုက်တဲ့အခါ ဆံပင် ပိုကြီးထွားမြန်စေပါတယ်။ ဒီနှစ်ခုကို အနက်ရောင် အနယ်ထိုင်သွားတဲ့အထိ ပွက်ပွက်ဆူူအောင် တည်လိုက်ပါ။

အနယ်ကျ သွားပြီးလို့ အေးလာတဲ့အခါ ဦးရေဖျားတစ်ခုလုံး လိမ်းပေးပါ။ ၁ နာရီကြာအောင် ထားပြီး ခေါင်းလျှော်ရည် ပျော့ပျော့နဲ့ ဆေးချရပါမယ်

ဒီဆံပင်သန်ဆေးကို တစ်ပတ် ၂ ကြိမ်စလိမ်းပြီးလို့ ၁၅ ရက်အတွင်း အကျိုးရလဒ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီအဆီက ဆံပင်ကြီးထွားစေရုံ မဟုတ်ဘဲ ဆံပင်မဖြူ အောင်လည်း ကာကွယ်ပေးပါတယ်။ဒီနည်းလမ်းဟာ ဆံပင်သန်စွမ်းခြင်းနဲ့ ကြီးထွားဖို့အတွက် အကောင်းဆုံး နည်းဖြစ်ပါတယ်။

Credit

Unicode

တစ်လအတွင်း ဆံပင် ကျန်းမာသန်စွမ်းပြီး ကြီးထွားမြန်စေမယ့် လျို့ဝှက်ချက်

ဆံသားကျန်းမာသန်စွမ်းဖို့အတွက် ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ ပျိုမေတွေကို အကြံပေးချင်ပါတယ်။ တစ်ယောက်တစ်မျိုး ညွှန်းနေကြတဲ့ အလှကုန်တွေကြား ဗျာမများရအောင် နည်းလမ်းကောင်းလေးတွေ ပေးချင်ပါတယ်၊

(၁) ဆံကေသာအတွက် (curry leaves) ပျဉ်တော် သိမ်ရွက်ကို ကျို ရမယ့်အပိုင်းပါ၊ ၊ ပျဉ်တော်သိမ်ရွက် အနည်းငယ်ကို ရေနဲ့ပွတ်ပွတ်ဆူအောင်ပြုတ်၊သံပုရာတစ်လုံးကိုအရည်ညှစ်ယူပြီး သကြား အနည်းငယ် ထည့်ပေးပါ။

ပျဉ်တော်သိမ်ရွက်က အစာခြေစနစ်အတွက် အထူးကောင်းမွန်ပြီးဆံကေသာ ပြသနာ အတော်များများကို ကူညီဖြေရှင်းပေးပါတယ် ဒါကို သောက်ပေးရမှာဖြစ်ပါတယ်။

(၂) ဆံပင်ကျွတ်ခြင်းမှ ကာကွယ်ဖို့ Hair mask တစ်ခုခုပြုလုပ်ရပါမယ်။ ပျဉ်တော်သိမ် အနည်းငယ်ယူပြီး ပျစ်ပျစ်လေးဖြစ်အောင် ကျိုလိုက်ပါ၊

အဲဒါကို ဒိန်ချဉ်နဲ့ ရောစပ်ပြီး ဆံပင်ကို လိမ်းပြီး အဲဒီအတိုင်း ဦးရေပြားပေါ် ၂၅ မိနစ်ခန့်ထားပြီး ဆံပင်ကို ခေါင်းလျှော်ရည်ပျော့ပျော့နဲ့ လျှော်ပေးပါ။

အဲဒီအတိုင်း တစ်ပတ် ၁ ကြိမ် လုပ်ပေးပါက အချိန် တိုအတွင်း ဆံပင်တွေ ရှည်ထွက်လာတာ တွေ့ရပါလိမ့်မယ်။ ဆံကေသာကို နက်မှောင် လင်းလက်တောက်ပြောင်စေပြီး သန်စွမ်းကျန်းမာစေမှာဖြစ်ပါတယ်။

(၃) ဆံပင်ကျွတ်ခြင်းကင်းဖို့ ဆံပင်သန်ဆေးပြုလုပ်ရပါမယ်။ ပျဉ်တော်သိမ် အနည်းငယ်နဲ့ အုန်းဆီကို ဇလုံတစ်ခုထဲ ပေါင်းထည့်ပါ။

အဲဒီနှစ်ခုပေါင်းလိုက်တဲ့အခါ ဆံပင် ပိုကြီးထွားမြန်စေပါတယ်။ ဒီနှစ်ခုကို အနက်ရောင် အနယ်ထိုင်သွားတဲ့အထိ ပွက်ပွက်ဆူူအောင် တည်လိုက်ပါ။

အနယ်ကျ သွားပြီးလို့ အေးလာတဲ့အခါ ဦးရေဖျားတစ်ခုလုံး လိမ်းပေးပါ။ ၁ နာရီကြာအောင် ထားပြီး ခေါင်းလျှော်ရည် ပျော့ပျော့နဲ့ ဆေးချရပါမယ်။

ဒီဆံပင်သန်ဆေးကို တစ်ပတ် ၂ ကြိမ်စလိမ်းပြီးလို့ ၁၅ ရက်အတွင်း အကျိုးရလဒ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီအဆီက ဆံပင်ကြီးထွားစေရုံ မဟုတ်ဘဲ ဆံပင်မဖြူ အောင်လည်း ကာကွယ်ပေးပါတယ်။

ဒီနည်းလမ်းဟာ ဆံပင်သန်စွမ်းခြင်းနဲ့ ကြီးထွားဖို့အတွက် အကောင်းဆုံး နည်းဖြစ်ပါတယ်။

Credit