Local News

သဘာဝဘေးအန္တရာယ် သတိပေးချက်

8.7.2021 ရက်မှစတင်ပြီး တပတ်အတွင်းကားလမ်းရေကျော်ခြင်း တောင်များ ပြိုကျခြင်းမြစ်ရေများလျှံပြီးရေကြီးခြင်းရေစီးဆင်းမှု့မကောင်းသောနေရာများတွင်ပြည့်လျှံရေကြီးခြင်းဖြစ်စဉ်များမြန်မာနိုင်ငံတောင်ပိုင်း ဒေသတွေမှာ တပတ်အတွင်းဖြစ်လာနိုင်သည်ကိုကြိုတင်အသိပေးခြင်းသဘာဝဘေးဆိုတာ ကြိုတင်သိရှိကာကွယ်နိုင်ရင် ဆုံးရှုံးမှု့လည်းနည်းနိုင်ပါတယ်လေထုက တသတ်မတ်ထဲသွားနေတာမဟုတ်ပါအမြဲပြောင်းလည်းနေပါတယ်ဒါပေမဲ့ လက်ရှိလေထု အနေအထားနဲ့တွက်ချက် ပြီးဖြစ်နိုင်ခြေကိုခန့်မှန်းတာပါဒါကြောင့် ကြိုတင်အသိပေးတော့မယ်လို့ဆုံးဖြတ်ပြီး ဒီသတိပေးချက်ကိုရေးသားလိုက်တာပါ

အဓိကဖြစ်စဉ်က ‌ဟိုင်နန်ကျွန်းက 97wပါသူရဲ့ ရွေ့လျှားမှု့က မြောက်ဘက်ကိုပါများရင်တရုတ်ပြည်ထဲကိုဝင်နိုင်ပြီးအနောက်ဘက်ကို အားများလာရင် ဗီယက်နန်နိုင်ငံ မြောက်ဘက်ဟနွိုန်းမြို့ဘက်ဝင်နိုင်တယ်ဗီယက်နန်ပင်လယ်ဘက်ကို ဝင်တာနဲ့လေဖိအားနည်းလည်း လေထုဖိအားတွေဆက်တိုက်ကျဆင်းပြီး မုန်တိုင်ငယ်အဆင့်လေတိုက်နှုန် 30mphကျော်သွားနိုင်တယ်အနောက်ဘက်ကို အားပြုပြီးရွှေလာနိုင်တယ်

ဒါဆိုရင် လက်ရှိ ဆွဲခေါ်နေတဲ့ မုတ်သုန်လေကိုပြန်ပြီး သက်ရောက်မှု့တွေရှိလာမယ်နောက်ပြိုကွဲးထွက်လာမယ့် တိမ်ဆိုင်တွေလည်းသက်ရောက်မှု့ရှိလာမယ်ဒါတွေနဲ့ သက်ရောက်မှု့အနီးဆုံးဖြစ်တဲ့နိုင်ငံတွေ ခံစားရပြီးမုတ်သုန် ထုတ်ကုန်နဲ့အနီးဆုံးဖြစ်တဲ့မြန်မာနိုင်ငံတောင်ပိုင်းမှာ ပိုပြီးခံစားရတတ်တယ်အထူးသဖြင့် တနင်္သာရီ တိုင်းဒေတွေမှာပိုပြီးဖြစ်ပွားနိုင်တယ်မွန်ပြည်နယ်တို့ ကရင်ပြည်နယ်ဘက်လည်း ပေါ့ဆလို့ မရတဲ့အတွက်သတိရှိကြပါမဖြစ်ခဲ့လျှင် ဝမ်းသာစရာပါဖြစ်ခဲ့သော် ကြိုတင်သိရှိကာကွယ်ထားနိုင်သည့်အတွက်ဆုံးရှုံးမှု့နည်းစေပါတယ် ကျေးဇူးပါ

Credit Original upload

Unicode




