Knowledge

ဘယ်တော့မှ လောကွတ် မပြုတတ်သူတွေရဲ့ ရင်ထဲက ခံစားချက်များ

ဘယ်တော့မှ လောကွတ် မပြုတတ်သူတွေရဲ့ ရင်ထဲက ခံစားချက်များလူမှုရေး မကောင်းဘူးလို့ ပြောခံရတဲ့သူတွေ အများစုကတော့ လောကွတ်ပြုဖို့ ဝန်လေးကြသူတွေ ဖြစ်ပါတယ်။လူထဲ နေပြီး

လူတော မတိုးဘူးလို့ အပြောခံရမှုတွေ ရှိနေပေမယ့် သူတို့ကတော့ သူတို့ အကြောင်းနဲ့သူတို့ ရှိနေတတ်ပါတယ်။ ဒီလို လောကွတ်မပြုတတ် သူတွေကတော့ ဒီလိုမျိုး ပုံစံတွေ ရှိနေတတ်ပါတယ်။

(၁) အပိုတွေလို့ ထင်တယ်စားပြီးပြီလား စားပါဦး စသဖြင့် စကားတွေကို သူတို့တွေက ပြောလေ့ မရှိကြပါဘူး။ သူတို့ကတော့ ဒီစကားတွေကို လောကွတ်အနေနဲ့ ပြောကြတာမျိုး မဟုတ်ဘဲ တကယ် ပြောချင်တဲ့ အချိန်တွေမှာပဲ ပြောတတ်ကြပါတယ်။တကယ်စားဖို့ ခေါ်တဲ့အခါမျိုးမှာပဲ သူတို့က စားပါဦးဆိုတဲ့ စကားကို သုံးတတ်ကြပါတယ်။ ကျန်းမာနေတာကို သိသိရက်နဲ့လည်း သူတို့က နေကောင်းလားလို့ မမေးတတ်ကြပါဘူး။ သူတို့စိတ်ထဲ အပိုပြောရတယ်ထင်တဲ့ လောကွတ်တွေကို ပြောလေ့ မရှိကြပါဘူး။

(၂) စိတ်ထဲက မပါရင် မပြောချင်ဘူးသူတို့တွေက စကားဆိုတာ ကိုယ့်စိတ်ကို ဖော်ပြတယ်လို့ တွေးကြသူတွေ ဖြစ်ပါတယ်။ အသက်မပါတဲ့ စကားကို မပြောချင်တဲ့သူတွေ ဖြစ်တာမို့ သူတို့တွေက စိတ်ထဲက မပါရင် တစ်စက်မှ မပြောတတ်ကြပါဘူး။ဒါကြောင့် ရိုးရှင်းတဲ့ စိတ်ထားပိုင်ရှင်တွေ ဖြစ်ပါတယ် ။ စိတ်ကို တစ်ဖြောင့်တည်း ထားပြီး ကောက်ကွေ့တတ်သူတွေ မဟုတ်ပါဘူး။

(၃) လူကောင်းဖြစ်ဖို့ ပိုအရေးကြီးတယ်စကားပြောတတ်ဖို့ထက် စိတ်ထားကောင်းတဲ့ လူကောင်းတစ်ယောက် ဖြစ်ဖို့ အရေးကြီးတယ်လို့ သူတို့က တွေးထားတတ်ကြပါတယ်။ဒါကြောင့် သူတို့က စကားပြောတတ်ပေမယ့်လည်း လောကွတ်ကို စိတ်ထဲမပါဘဲ ပြောဆိုတာမျိုး မလုပ် တတ်ကြပါဘူး။ စကားချိုသာပြီး လိမ်နေရတာမျိုးကို သူတို့ လိပ်ပြာမလုံသလို ခံစားရလို့ မလုပ်ကြတာ ဖြစ်ပါတယ်။

(၄) ကိုယ့်ပုံစံအတိုင်း နေတာပါသူတို့က လောကွတ် မပြုတတ်တာမျိုးတော့ မဟုတ်ပေမယ့် လောကွတ်ပြုဖို့ကို အရမ်း ဝန်လေးပြီး ပြောလေ့ မရှိတာမို့ အကျင့်မရှိတာမျိုးပါ ဖြစ်နေတတ်ပါတယ်။တကယ်တော့ သူတို့ လောကွတ်မပြုတာက သူတို့ရဲ့ ပုံစံဖြစ်ပြီး မယဉ်ကျေးတာမျိုးတော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကိုယ်ပိုင်ပုံစံနဲ့ ကိုယ် နေတာမျိုး ဖြစ်ပါတယ်။

(၅) လူများတဲ့ နေရာတွေကို သိပ်သဘောမကျဘူးသူတို့တွေက introvert တွေ ဖြစ်နေတတ်ကြပြီး အေးအေးဆေးဆေး နေရတာကို ပိုနှစ်သက်ကြပါတယ်။လူတွေ အများကြီးကို နှုတ်ဆက်ရတာစကားပြောရတာမျိုးတွေကို သူတို့တွေက စိတ်ရှုပ်တတ်ကြတာမို့ သူတို့က သီးသန့်နေတတ်ကြပါတယ်။ တစ်ယောက် တည်း နေတတ်သလို သိတဲ့သူ တွေ့ရင်တောင် သူတို့က တစ်ခါတစ်လေ ရှောင်သွားတတ်ကြပါသေးတယ်။

Credit

Unicode

ဘယ်တော့မှ လောကွတ် မပြုတတ်သူတွေရဲ့ ရင်ထဲက ခံစားချက်များလူမှုရေး မကောင်းဘူးလို့ ပြောခံရတဲ့သူတွေ အများစုကတော့ လောကွတ်ပြုဖို့ ဝန်လေးကြသူတွေ ဖြစ်ပါတယ်။

လူထဲ နေပြီး လူတော မတိုးဘူးလို့ အပြောခံရမှုတွေ ရှိနေပေမယ့် သူတို့ကတော့ သူတို့ အကြောင်းနဲ့သူတို့ ရှိနေတတ်ပါတယ်။ ဒီလို လောကွတ်မပြုတတ် သူတွေကတော့ ဒီလိုမျိုး ပုံစံတွေ ရှိနေတတ်ပါတယ်။

(၁) အပိုတွေလို့ ထင်တယ်စားပြီးပြီလား စားပါဦး စသဖြင့် စကားတွေကို သူတို့တွေက ပြောလေ့ မရှိကြပါဘူး။ သူတို့ကတော့ ဒီစကားတွေကို လောကွတ်အနေနဲ့ ပြောကြတာမျိုး မဟုတ်ဘဲ တကယ် ပြောချင်တဲ့ အချိန်တွေမှာပဲ ပြောတတ်ကြပါတယ်။တကယ်စားဖို့ ခေါ်တဲ့အခါမျိုးမှာပဲ သူတို့က စားပါဦးဆိုတဲ့ စကားကို သုံးတတ်ကြပါတယ်။ ကျန်းမာနေတာကို သိသိရက်နဲ့လည်း သူတို့က နေကောင်းလားလို့ မမေးတတ်ကြပါဘူး။ သူတို့စိတ်ထဲ အပိုပြောရတယ်ထင်တဲ့ လောကွတ်တွေကို ပြောလေ့ မရှိကြပါဘူး။

(၂) စိတ်ထဲက မပါရင် မပြောချင်ဘူးသူတို့တွေက စကားဆိုတာ ကိုယ့်စိတ်ကို ဖော်ပြတယ်လို့ တွေးကြသူတွေ ဖြစ်ပါတယ်။ အသက်မပါတဲ့ စကားကို မပြောချင်တဲ့သူတွေ ဖြစ်တာမို့ သူတို့တွေက စိတ်ထဲက မပါရင် တစ်စက်မှ မပြောတတ်ကြပါဘူး။ဒါကြောင့် ရိုးရှင်းတဲ့ စိတ်ထားပိုင်ရှင်တွေ ဖြစ်ပါတယ် ။ စိတ်ကို တစ်ဖြောင့်တည်း ထားပြီး ကောက်ကွေ့တတ်သူတွေ မဟုတ်ပါဘူး။

(၃) လူကောင်းဖြစ်ဖို့ ပိုအရေးကြီးတယ်စကားပြောတတ်ဖို့ထက် စိတ်ထားကောင်းတဲ့ လူကောင်းတစ်ယောက် ဖြစ်ဖို့ အရေးကြီးတယ်လို့ သူတို့က တွေးထားတတ်ကြပါတယ်။ဒါကြောင့် သူတို့က

စကားပြောတတ်ပေမယ့်လည်း လောကွတ်ကို စိတ်ထဲမပါဘဲ ပြောဆိုတာမျိုး မလုပ် တတ်ကြပါဘူး။ စကားချိုသာပြီး လိမ်နေရတာမျိုးကို သူတို့ လိပ်ပြာမလုံသလို ခံစားရလို့ မလုပ်ကြတာ ဖြစ်ပါတယ်။(၄) ကိုယ့်ပုံစံအတိုင်း နေတာပါသူတို့က လောကွတ် မပြုတတ်တာမျိုးတော့ မဟုတ်ပေမယ့် လောကွတ်ပြုဖို့ကို အရမ်း ဝန်လေးပြီး ပြောလေ့ မရှိတာမို့ အကျင့်မရှိတာမျိုးပါ ဖြစ်နေတတ်ပါတယ်။တကယ်တော့ သူတို့ လောကွတ်မပြုတာက သူတို့ရဲ့ ပုံစံဖြစ်ပြီး မယဉ်ကျေးတာမျိုးတော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကိုယ်ပိုင်ပုံစံနဲ့ ကိုယ် နေတာမျိုး ဖြစ်ပါတယ်။

(၅) လူများတဲ့ နေရာတွေကို သိပ်သဘောမကျဘူးသူတို့တွေက introvert တွေ ဖြစ်နေတတ်ကြပြီး အေးအေးဆေးဆေး နေရတာကို ပိုနှစ်သက်ကြပါတယ်။လူတွေ အများကြီးကို နှုတ်ဆက်ရတာ

စကားပြောရတာမျိုးတွေကို သူတို့တွေက စိတ်ရှုပ်တတ်ကြတာမို့ သူတို့က သီးသန့်နေတတ်ကြပါတယ်။ တစ်ယောက် တည်း နေတတ်သလို သိတဲ့သူ တွေ့ရင်တောင် သူတို့က တစ်ခါတစ်လေ ရှောင်သွားတတ်ကြပါသေးတယ်။

Credit