Local News

မင်းအောင်လှိုင်တို့စစ်အုပ်စု ဖန်တီးနေတဲ့ ကိုဗစ်အကြောင်းကို ရေးသားလာတဲ့ အိပန်ဆယ်လို

မင်းအောင်လှိုင်တို့စစ်အုပ်စုဖန်တီးနေတဲ့ကိုဗစ်အကြောင်းကို ရေးသားလာတဲ့အိပန်ဆယ်လိုအာဏာသိမ်းပြီးကာလတွေမှာတော့စကစကနေအပူတပြင်းနဲ့အလိုရှိနေတဲ့ပန်ဆယ်လိုကတော့လွတ်မြောက်ရာဖြစ်တဲ့။အမေရိကန်နိုင်ငံကိုသွားရောက်နိုင်ခဲ့လို့လူတွေရဲ့ဝေဖန်မှုကိုခံနေရပေမဲ့ပန်ဆယ်လိုကတော့အပြုံးမပျက်ခဲ့ပါဘူး။

ဒီနေ့လေးမှာတော့ပန်ဆယ်လိုက”COVID Third Waveဟာတစ်ပတ်ဆယ်ရက်အတွင်းအပြင်းအထန်အခြေအနေကို ဆိုက်ရောက်လာတယ်။COVIDဟာPsywarမဟုတ်တဲ့တကယ့်Seriousအခြေအနေပါ။ဒီရက်ထဲမှာCOVIDကိုစကစကလက်နက်အဖြစ်သုံးလာပြီလားလို့တွေးမိလာတယ်။အာဏာသိမျး၅လကျော်ကာလမှာဒီပြည်သူဟာအုပ်ချုပ်ခံဖို့ အပြင်းအထန်ငြင်းဆန်ရုန်းကန်နေတယ်၊ဆက်ပြီးလည်းတော်လှန်နေဦးမယ်ဆိုတာသိသာလာတယ်။ဘောမရပ်ကွက်ကစိမ်းပိန်းတို့ပေမမှီဒေါက်မမှီဉာဏ်ရည်တွေနဲ့ပြောနေသလိုနွေဦးတော်လှန်ရေးကိုဘယ်နိုင်ငံ၊ဘယ်အဖွဲ့အစည်းက ထောက်ပံ့နေတယ်ဆိုတာတွေဟာတကယ်မဟုတ်ဘူး။

ပြည်သူကပြည်သူကိုထောက်ကန်ထားတာ။ပြည်သူကပြည်သူကိုကူညီနေတာကြောင့်ဒီတော်လှန်ရေးဟာရပ်တန့်မသွားတာ။ဒါကိုစစ်ကောင်စီကနားလည်လက်ခံလာပြီ။နားလည်လက်ခံတယ်ဆိုလို့အထင်မကြီးလိုက်နဲ့နော်။ကောင်းသောနားလည်ခြင်းမျိုး မဟုတ်ဘူး။ပြည်သူကပြည်သူကိုကူညီထောက်ပံ့နေတာတွေရပ်တန့်သွားဖို့ကပြည်သူကိုတားမရဘူး။တားနေတဲ့ကြားကနည်းအမျိုးမျိုးနဲ့ဖောက်ထွက်နိုင်နေကြတာ။အလွယ်ဆုံးနည်းကပြည်သူကပြည်သူကိုထောက်ကန်ပေးနေတာတွေကိုရပ်တန့်ဖို့ပြည်သူတွေကိုဒုက္ခပေးထားနိုင်ဖို့ပဲရှိတယ်။ရဲတပ်ရင်းတွေမှာကူးစက်တယ်။သိတယ်နော်။သူတို့မသိတာ မဟုတ်ဘူး။ပြည်သူတွေကြားမှာတမင်လွှတ်ပေးထားတာ။အခုအတော်များများကူးစက်ခံနေရပြီ။

အသေအပျောက်နှုန်းတွေများလာပြီ။ထုတ်သာမပြောကြတာအတော်များများဖျားနေကြပြီ။အသက်ဘေးကနေရုန်းကန်ဖို့စိတ်အား၊လူအား၊ငွေအားအကုန်သုံးရတာ။ဒီလိုဒုက္ခရောက်လာရင်တော်လှန်ရေးကိုအာရုံလျော့ပြီး COVIDမှာလုံးချလည်ရင်းအုပ်ချုပ်ခံသွားမယ်လို့စကစကမတွေးဘူးမပြောနိုင်ဘူး။လူပေါင်းသန်းချီ ချီတက်ဆန္ဒပြတဲ့၂ငါးလုံးလိုအရေးတော်ပုံနေ့ရက်တွေနောက်ပိုင်းမှာတောင်အခုလိုအစုလိုက်အပြုံလိုက်ကူးစက်မှုတွေမရှိခဲ့ဘူး။အခုကျမှဘာလို့အစုလိုက်အပြုံလိုက်ကူးစက်ခံနေရသလဲ။ကူးစက်မှုတွေအုံနဲ့ကျင်းနဲ့ဖြစ်လာချိန်မှာတောင်ကျောင်းတွေတရားဝင်မပိတ်သေးဘူး။ကူးစက်မှုကိုရပ်တန့်ဖို့ဘာအစီအမံမှမရှိသေးဘူး။

ဒေါ်အောင်ဆန်းစုကြည်ခေတ်ကCOVID Cen terတွေက ပစ္စည်းတွေအကုန်စစ်ဆေးရုံကိုသယ်ချသွားတာကြာပေါ့။အဲ့ပစ္စည်းတွေမရှိတော့တာမှမဟုတ်တာ။ဒါပေမယ့်လည်ပတ်နိုင်လား၊လည်ပတ်ဖို့ကြိုးစားလား။ဘာမှမလုပ်ဘူး။ရောဂါမူရင်းပိုင်ရှင်ကြီးရှီတို့ကလည်းCOVID Centerလာ ဆောက်ပေးမယ်ဘာညာလေသံကြားနေရပြီ။ထားပါဆောက်ပေးတော့လည်းကုခံရလို့သက်သာသူရှိလည်းမနည်းဘူးမလား။ရောဂါမြင့်တက်နေချိန်မှာတိုင်းပြည်ချောက်ထဲကျရန်လက်နှစ်လုံးအလို။စစ်တပ်မှကယ်တင်လိုက်သည်ဆိုတဲ့ကျေးဇူးရှင်ဖေဖေကြီးဇာတ်လမ်းကိုVersionပြောင်းရိုက်နေပြီလို့ပဲမြင်မိတယ်။စကစရဲ့အကြီးမားဆုံးအားနည်းချက်ကအမြဲတမ်းပြည်သူကို လျှော့တွက်တာပဲ။

COVIDပျံ့အောင်တွန်းပို့၊ကူးလာတဲ့။COVIDကိုကုပေးနိုင်ရင်ပြည်သူကဖြစ်သမျှတွေမေ့သွားပြီး အချစ်တော်ဝင်အုပ်ချုပ်ခံမယ်ထင်နေကြပြန်ပြီ။ဒီစစ်အာဏာသိမ်းမှုဟာ၂၀၂၁မှာဖြစ်တာ။ဒီပြည်သူကCOVIDဖြစ်ရင်စစ်ကားပေါ်ပြေးတက်မယ်တွေးတဲ့အထိရန်ငါပြတ်ပြီးသား။ကာကွယ်ပေးနိုင်ရင်ကောင်းပါတယ်။ကျေးဇူးတော့တင်စရာမရှိ။ကာကွယ်ဆေးရနေပြီဖြစ်တဲ့COVI Dကိုအောင်နိုင်တော့မယ့် အခြေအနေမှာကျန်းမာနေဆဲပြည်သူထောင်ချီကိုပစ်သတ်တဲ့အပြင်။COVID Third Waveကိုသယ်ဆောင်လာတာလည်းမင်းအောင်လှိုင်ရဲ့စစ်တပ်ပဲဆိုတာမမေ့ပါဘူး။

ဒီThird Waveမှာ အသက်ဆုံးပါးသူတွေဟာCOVIDကသတ်တာခံရတာထက်မင်းအောင်လှိုင်သတ်လို့သေရတာ။ကမ္ဘာမကြေဘူးကနေတစ်ကျပ်ဖိုးမှမလျော့ဘူး။အသက်တစ်ချောင်းချင်းစီနဲ့မြှောက်ပြီးကိုနာကျည်းတာ။စစ်တပ်ကျေးဇူးမူးလို့ရှူစရာမရှိ။

Credit

Unicode