Local News

အသက် ၂ နှစ်အရွယ်ချစ်စရာကလေးငယ်လေးက မိခင်ရဲ့အသက်ကိုအချိန်မီကယ်တင်

အသက် ၂ နှစ်အရွယ်ချစ်စရာကလေးငယ်လေးက မိခင်ရဲ့အသက်ကိုအချိန်မီကယ်တင်နိုင်အောင်ကြိုးစားခဲ့လို့ဝိုင်းဝန်းချီးကျူးကြ

အိန္ဒိယနိုင်ငံ Ultar Pradesh ပြည်နယ် Moradabad City မှာ ဇူလိုင်လ ၄ ရက်နေ့က မိခင်ဖြစ်သူဟာ ၆ လအရွယ်သားငယ်ကိုရင်ခွင်ပိုက်ကာ အသက် ၂ နှစ်အရွယ်သမီးကြီး Chaimulaki ရဲ့လက်ကိုဆွဲကာ ဘူတာရုံကုန်းကျော်တံတားကို ဖြတ်လျှောက်နေစဉ် ရုတ်တရက် မိခင်ဖြစ်သူဟာ ကြမ်းပြင်ပေါ်လဲကျကာသတိလစ်သွားခဲ့ပါတယ် ။၂ နှစ်အရွယ်ကလေးဆိုတာမိခင်ရဲ့ရုတ်တရက်လဲကျသွားပုံကိုကြည့်ပြီး ဆောက်တည်ရာမရ မိခင်ကိုဖက်ပြီးအော်ဟစ်ငိုကြွေးနေတတ်ကြတဲ့အရွယ်ပါ ၊ မိခင်ဖခင်ကိုစတင်မှတ်မိစအရွယ်လို့ဆိုရမှာပါ ၊

ဒါပေမယ့် Chaimulaki လေးဟာငိုယုံသာငိုပြီးဘာလုပ်ရမယ်ဆိုတဲ့ အသိနဲ့သတိတရားကိုကပ်ပြီး အနီးအနားကကူညီပေးနိုင်မယ့်သူကို အပြေားအလွှားရှာဖွေဘို့ ကုန်းတံတားအောက်ကိုဆင်းသွားခဲ့ပါတယ် ။

မျက်မြင်များရဲ့ပြောကြားချက်အရ အကျီပန်းရောင်ဝတ်စုံနဲ့ကလေးငယ်လေးတစ်ဦးရဲ့မျက်နှာမှာညိုးငယ်နေပြီးမျက်ရည်စတွေစီးကျကာ တာဝန်ရှိသူရဲတပ်ဖွဲ့ဝင်တွေထံကို ရဲရဲဝံ့ဝံ့လျှောက်လှမ်းလာပြီး မပီကလာပီကလာနဲ့ ဘာပြောလို့ပြောမှန်းမသိတဲ့စကားသံနဲ့ ပြောဆိုနေပုံကမေမေနေမကောင်းလို့ မြန်မြန်လ်ိုက်ခဲ့ပေးကြပါ “လို့ဆိုတဲ့သဘောများသက်ရောက်နေမလားဘဲ ။ရဲလက်ကိုအတင်းဆွဲကာအကူအညီလာတောင်းလို့ ရဲတပ်ဖွဲ့ဝင်တွေဟာ ကလေးခေါ်တဲ့နောက် ကုန်းကျော်တံတားပေါ်လိုက်တက်ကြည့်ကြစဉ် ၆ လသားအရွယ်ကလေးငယ်က သတိလစ်နေတဲ့မိခင်ဖြစ်သူကိုဖက်၍ငိုနေတာကိုမြင်တွေ့လိုက်ကြရတယ် ။

ဒီတော့မှသူမခြေအနေတွေကိုသဘောပေါက်သွားကြတော့တယ် ။ရဲတပ်ဖွဲ့ဝင်တွေလည်းချက်ချင်း အရေးပေါ်ဌာနကိုချိတ်ဆက်ကာ အမြန်ဆုံးဆေးရုံကိုအချိန်မှီပို့ဆောင်နိုင်ခဲ့ပြီး ဆရာဝန်ရဲ့ကုသပေးမှုကြောင့်အသက်ချမ်းသာရာရရှိခဲ့ပါတယ် ၊

အခုတော့ကျမ္မာရေးအတော်ကလေးကောင်းမွန်လာပြီလို့သိရပါတယ် ။ရဲတပ်ဖွဲ့ဝင်တွေနဲ့ကျမ္မာရေးဝန်ထမ်းတွေကတော့ သမီးငယ်လေးဟာအသက်အရွယ်နဲ့မလိုက်အောင်အင်မတန်ကို သိတတ်လွန်းတယ်လို့ ဝိုင်းဝန်းဦချီးကျူးထောပနာပြုနေကြပါတယ် ။ကိုယ်တွေရဲ့ကလေးငယ်တွေဆိုရင်တော့ ဦးဦးရဲကြီးမြင်တာနဲ့တင် တင်ပါးနဲ့ဖဝါးတစ်သားတည်းကျပြေးမှာသေချာတယ် ၊ ဘာလို့လည်းဆိုတော့ ရပ်ကွက်ထဲမှာ ပြောမရဆိုမရ အငိုမတိတ်တဲ့ကလေးငယ်လေးတွေကို မိခင်တွေကဟဲ့ငိုနေနော် ဟိုမှာ နင့်အဖေရဲတွေလာနေပြီနော် လို့ခြိမ်းခြောက်လိုက်တာနဲ့အိမ်ထဲပြေးဝင်လာတာ တန်းကနဲပါဘဲခေတ်ကာလက မတူဘူးကိုးဗျ ။

Photo Credit SiThuMaung

Credit

Zawgyi

အသက္ ၂ ႏွစ္အ႐ြယ္ခ်စ္စရာကေလးငယ္ေလးက မိခင္ရဲ႕အသက္ကိုအခ်ိန္မီကယ္တင္ႏိုင္ေအာင္ႀကိဳးစားခဲ့လို႔ဝိုင္းဝန္းခ်ီးက်ဴးၾက

အိႏၵိယႏိုင္ငံ Ultar Pradesh ျပည္နယ္ Moradabad City မွာ ဇူလိုင္လ ၄ ရက္ေန႔က မိခင္ျဖစ္သူဟာ ၆ လအ႐ြယ္သားငယ္ကိုရင္ခြင္ပိုက္ကာ အသက္ ၂ ႏွစ္အ႐ြယ္သမီးႀကီး Chaimulaki ရဲ႕လက္ကိုဆြဲကာ ဘူတာ႐ုံကုန္းေက်ာ္တံတားကို ျဖတ္ေလွ်ာက္ေနစဥ္ ႐ုတ္တရက္ မိခင္ျဖစ္သူဟာ ၾကမ္းျပင္ေပၚလဲက်ကာသတိလစ္သြားခဲ့ပါတယ္ ။၂ ႏွစ္အ႐ြယ္ကေလးဆိုတာမိခင္ရဲ႕႐ုတ္တရက္လဲက်သြားပုံကိုၾကည့္ၿပီး ေဆာက္တည္ရာမရ မိခင္ကိုဖက္ၿပီးေအာ္ဟစ္ငိုေႂကြးေနတတ္ၾကတဲ့အ႐ြယ္ပါ ၊ မိခင္ဖခင္ကိုစတင္မွတ္မိစအ႐ြယ္လို႔ဆိုရမွာပါ ၊

ဒါေပမယ့္ Chaimulaki ေလးဟာငိုယုံသာငိုၿပီးဘာလုပ္ရမယ္ဆိုတဲ့ အသိနဲ႔သတိတရားကိုကပ္ၿပီး အနီးအနားကကူညီေပးႏိုင္မယ့္သူကို အေျပားအလႊားရွာေဖြဘို႔ ကုန္းတံတားေအာက္ကိုဆင္းသြားခဲ့ပါတယ္ ။

မ်က္ျမင္မ်ားရဲ႕ေျပာၾကားခ်က္အရ အက်ီပန္းေရာင္ဝတ္စုံနဲ႔ကေလးငယ္ေလးတစ္ဦးရဲ႕မ်က္ႏွာမွာညိဳးငယ္ေနၿပီးမ်က္ရည္စေတြစီးက်ကာ တာဝန္ရွိသူရဲတပ္ဖြဲ႕ဝင္ေတြထံကို ရဲရဲဝံ့ဝံ့ေလွ်ာက္လွမ္းလာၿပီး မပီကလာပီကလာနဲ႔ ဘာေျပာလို႔ေျပာမွန္းမသိတဲ့စကားသံနဲ႔ ေျပာဆိုေနပုံက

ေမေမေနမေကာင္းလို႔ ျမန္ျမန္လ္ိုက္ခဲ့ေပးၾကပါ “လို႔ဆိုတဲ့သေဘာမ်ားသက္ေရာက္ေနမလားဘဲ ။ရဲလက္ကိုအတင္းဆြဲကာအကူအညီလာေတာင္းလို႔ ရဲတပ္ဖြဲ႕ဝင္ေတြဟာ ကေလးေခၚတဲ့ေနာက္ ကုန္းေက်ာ္တံတားေပၚလိုက္တက္ၾကည့္ၾကစဥ္ ၆ လသားအ႐ြယ္ကေလးငယ္က သတိလစ္ေနတဲ့မိခင္ျဖစ္သူကိုဖက္၍ငိုေနတာကိုျမင္ေတြ႕လိုက္ၾကရတယ္ ။

ဒီေတာ့မွသူမေျခအေနေတြကိုသေဘာေပါက္သြားၾကေတာ့တယ္ ။ရဲတပ္ဖြဲ႕ဝင္ေတြလည္းခ်က္ခ်င္း အေရးေပၚဌာနကိုခ်ိတ္ဆက္ကာ အျမန္ဆုံးေဆး႐ုံကိုအခ်ိန္မွီပို႔ေဆာင္ႏိုင္ခဲ့ၿပီး ဆရာဝန္ရဲ႕ကုသေပးမႈေၾကာင့္အသက္ခ်မ္းသာရာရရွိခဲ့ပါတယ္ ၊

အခုေတာ့က်မၼာေရးအေတာ္ကေလးေကာင္းမြန္လာၿပီလို႔သိရပါတယ္ ။ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔က်မၼာေရးဝန္ထမ္းေတြကေတာ့ သမီးငယ္ေလးဟာအသက္အ႐ြယ္နဲ႔မလိုက္ေအာင္အင္မတန္ကို သိတတ္လြန္းတယ္လို႔ ဝိုင္းဝန္းဦခ်ီးက်ဴးေထာပနာျပဳေနၾကပါတယ္ ။ကိုယ္ေတြရဲ႕ကေလးငယ္ေတြဆိုရင္ေတာ့ ဦးဦးရဲႀကီးျမင္တာနဲ႔တင္ တင္ပါးနဲ႔ဖဝါးတစ္သားတည္းက်ေျပးမွာေသခ်ာတယ္ ၊ ဘာလို႔လည္းဆိုေတာ့ ရပ္ကြက္ထဲမွာ ေျပာမရဆိုမရ အငိုမတိတ္တဲ့ကေလးငယ္ေလးေတြကို မိခင္ေတြကဟဲ့ငိုေနေနာ္ ဟိုမွာ နင့္အေဖရဲေတြလာေနၿပီေနာ္ “လို႔ၿခိမ္းေျခာက္လိုက္တာနဲ႔အိမ္ထဲေျပးဝင္လာတာ တန္းကနဲပါဘဲေခတ္ကာလက မတူဘူးကိုးဗ် ။

Photo Credit SiThuMaung

Credit