Local News

မိန်းကလေးတစ်ယောက် တကယ်စိတ်နာသွားရင်

မိန်းကလေးတွေဟာ သည်းခံနိုင်စွမ်းမြင့်မားလွန်းတဲ့အပြင် ချစ်သူကို အမြဲတမ်းခွင့်လွှတ်တတ်ကြသူတွေဖြစ်ပါတယ်။

မိန်းကလေးတစ်ယောက်က စိတ်နာတယ်လို့ဘယ်လောက်ပြောပြော ချစ်သူကို လက်မလွှတ်သေးဘူးဆိုရင် တကယ်စိတ်မကုန်သေးလို့ပါ။ခုဖော်ပြပေးမှာကတော့ မိန်းကလေးတစ်ယောက် တကယ်စိတ်နာသွားပြီဆိုရင် သူ့ကိုစိတ်နာစေတဲ့သူနဲ့ ပတ်သက်ပြီးဒီလိုဖြစ်သွားမှာပါ(၁) ချဉ်သွားတယ်မိန်းကလေးတွေဟာ ချစ်သူကို စိတ်နာသွားပြီဆိုရင် လုံးဝချဉ်သွားပါတော့တယ်။ ဘယ်လိုလုပ်လုပ်၊ ဘယ်လောက်ပြန်တောင်းပန်နေပါစေ၊ လုံးဝကို ဂရုမစိုက်တော့သလို၊

လုံးဝကို အကောင်းမမြင်ပေးနိုင်တော့တာပါ။အရင်က သူတို့ကိုချစ်လို့ လုပ်သမျှအကောင်းမြင်သလောက် ခုချိန်မှာတော့ ဘာလုပ်လုပ်ကို စိတ်ပျက်ဖို့ ကောင်းတယ်လို့ပဲ မြင်ကြတော့တာဖြစ်ပါတယ်။

(၂) နာမည်တောင်မကြားချင်တော့ဘူးမိန်းကလေးတွေ တကယ်စိတ်နာသွားပြီဆိုရင် အဲဒီ့လူရဲ့နာမည်တောင် မကြားချင်တော့ပါဘူး။ တစ်ဖက်ကတော့ ငါ့ကိုသူအရမ်းချစ်ခဲ့တာပဲသူငါကို လွမ်းနေမှာပဲလို့ ထင်မိရင်တော့ အမှားကြီးမှားသွားပါပြီ။ သင့်ကိုလွမ်းဖို့ နေနေသာသာ သင့်နာမည်ကိုတောင် လုံးဝမကြားချင်တော့တာမျိုးပါ။(၃) ရွံသွားတယ်မိန်းကလေးတစ်ယောက် တကယ်စိတ်နာသွားပြီဆိုရင် အဲ့ဒီ့လူကို ရွံသွားကြပါတယ်။ ကိုယ်ကကောင်းခဲ့သလောက်၊ ပေးဆပ်ခဲ့သလောက် ကိုယ့်အပေါ်ကို ပြန်မကောင်းနိုင်တဲ့သူအကြောင်း

တွေးလေလေ ရွံလေလေဖြစ်ပြီး အဲဒီ့လူကိုမေ့ဖျောက်ဖို့ ခွန်အားတွေ ရှိလာတာဖြစ်ပါတယ်။ မိန်းကလေးတွေဟာ လူတစ်ယောက်ကို ရွံသွားပြီဆိုရင် ဘယ်တော့မှ ပြန်ပြီးမလိုချင်တော့တာသေချာပါတယ်။

(၄) ပြန်ပတ်သက်ဖို့လုံးဝအစီအစဉ်မရှိတော့ဘူးမိန်းကလေးတွေဟာ စိတ်ကုန်တယ်၊ စိတ်နာတယ်လို့ ခဏခဏပြောပြီး သင့်ကိုမဖြတ်သေးဘူးဆိုရင် တကယ်စိတ်မနာသေးလို့ပါ။ သူတကယ်စိတ်နာသွားပြီဆိုရင်တော့သင့်ကိုဘယ်တော့မှ ပြန်လှည့်ကြည့်တော့မှာ မဟုတ်ပါဘူး။သင်ဘယ်လောက်ပဲ တောင်းပန်တောင်းပန်၊ ဘယ်လောက်ပဲ ကောင်းပြကောင်းပြ သူ့ရဲ့စိတ်တွေကတော့ သင့်ဖက်ကို ဘယ်တော့မှပြန်ပါလာတော့မှာ မဟုတ်ပါဘူး။

(၅) လုပ်ချင်တာလုပ်တယ်မိန်းကလေးတစ်ယောက် စိတ်နာသွားပြီဆိုရင် သင့်စကားကိုလုံးဝနားထောင်တော့မှာမဟုတ်သလို၊ သင့်ကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင် ထင်တော့မှာမဟုတ်ပါဘူး။ သူလုပ်ချင်ရာသူလုပ်မယ်၊ သင်ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ သူဂရုမစိုက်ပါဘူး။

အကြောင်းကတော့ သင်ဟာ သူ့ဘဝအတွက် ဘာမှအရေးမပါတော့သလို သင်နဲ့ပတ်သက်ပြီး ခံစားချက်တွေက ဆားမပါတဲ့ ဟင်းတစ်ခွက်လိုပဲ ပေါ့ရွှတ်ရွှတ်ကြီးနဲ့ စိတ်ပျက်ဖို့ ကောင်းနေလို့ပါ။

Credit Original  upload

Unicode

မိန်းကလေးတွေဟာ သည်းခံနိုင်စွမ်းမြင့်မားလွန်းတဲ့အပြင် ချစ်သူကို အမြဲတမ်းခွင့်လွှတ်တတ်ကြသူတွေဖြစ်ပါတယ်။

မိန်းကလေးတစ်ယောက်က စိတ်နာတယ်လို့ဘယ်လောက်ပြောပြော ချစ်သူကို လက်မလွှတ်သေးဘူးဆိုရင် တကယ်စိတ်မကုန်သေးလို့ပါ။ခုဖော်ပြပေးမှာကတော့ မိန်းကလေးတစ်ယောက် တကယ်စိတ်နာသွားပြီဆိုရင် သူ့ကိုစိတ်နာစေတဲ့သူနဲ့ ပတ်သက်ပြီးဒီလိုဖြစ်သွားမှာပါ(၁) ချဉ်သွားတယ်မိန်းကလေးတွေဟာ ချစ်သူကို စိတ်နာသွားပြီဆိုရင် လုံးဝချဉ်သွားပါတော့တယ်။ ဘယ်လိုလုပ်လုပ်၊ ဘယ်လောက်ပြန်တောင်းပန်နေပါစေ၊ လုံးဝကို ဂရုမစိုက်တော့သလို၊

လုံးဝကို အကောင်းမမြင်ပေးနိုင်တော့တာပါ။အရင်က သူတို့ကိုချစ်လို့ လုပ်သမျှအကောင်းမြင်သလောက် ခုချိန်မှာတော့ ဘာလုပ်လုပ်ကို စိတ်ပျက်ဖို့ ကောင်းတယ်လို့ပဲ မြင်ကြတော့တာဖြစ်ပါတယ်။

(၂) နာမည်တောင်မကြားချင်တော့ဘူးမိန်းကလေးတွေ တကယ်စိတ်နာသွားပြီဆိုရင် အဲဒီ့လူရဲ့နာမည်တောင် မကြားချင်တော့ပါဘူး။ တစ်ဖက်ကတော့ ငါ့ကိုသူအရမ်းချစ်ခဲ့တာပဲ ….သူငါကို လွမ်းနေမှာပဲလို့ ထင်မိရင်တော့ အမှားကြီးမှားသွားပါပြီ။ သင့်ကိုလွမ်းဖို့ နေနေသာသာ သင့်နာမည်ကိုတောင် လုံးဝမကြားချင်တော့တာမျိုးပါ(၃) ရွံသွားတယ်မိန်းကလေးတစ်ယောက် တကယ်စိတ်နာသွားပြီဆိုရင် အဲ့ဒီ့လူကို ရွံသွားကြပါတယ်။ ကိုယ်ကကောင်းခဲ့သလောက်၊ ပေးဆပ်ခဲ့သလောက် ကိုယ့်အပေါ်ကို ပြန်မကောင်းနိုင်တဲ့သူအကြောင်း

တွေးလေလေ ရွံလေလေဖြစ်ပြီး အဲဒီ့လူကိုမေ့ဖျောက်ဖို့ ခွန်အားတွေ ရှိလာတာဖြစ်ပါတယ်။ မိန်းကလေးတွေဟာ လူတစ်ယောက်ကို ရွံသွားပြီဆိုရင် ဘယ်တော့မှ ပြန်ပြီးမလိုချင်တော့တာသေချာပါတယ်။

(၄) ပြန်ပတ်သက်ဖို့လုံးဝအစီအစဉ်မရှိတော့ဘူးမိန်းကလေးတွေဟာ စိတ်ကုန်တယ်၊ စိတ်နာတယ်လို့ ခဏခဏပြောပြီး သင့်ကိုမဖြတ်သေးဘူးဆိုရင် တကယ်စိတ်မနာသေးလို့ပါ။ သူတကယ်စိတ်နာသွားပြီဆိုရင်တော့

သင့်ကိုဘယ်တော့မှ ပြန်လှည့်ကြည့်တော့မှာ မဟုတ်ပါဘူး။သင်ဘယ်လောက်ပဲ တောင်းပန်တောင်းပန်၊ ဘယ်လောက်ပဲ ကောင်းပြကောင်းပြ သူ့ရဲ့စိတ်တွေကတော့ သင့်ဖက်ကို ဘယ်တော့မှပြန်ပါလာတော့မှာ မဟုတ်ပါဘူး။