Local News
ကိုဗစ်ကာကွယ် ဆေးတွေသောက်လို့ ကျောက်ကပ်ပျက်စီးပြီးသေစေနိုင်
တကယ်ဆို Cevit / D3 / Zinc တွေက နေ့စဥ်စားသောက်တဲ့ အစားအစာထဲ လိုအပ်သလောက်ပါပြီးသားပါ။
အဟာရရှိမယ့်အစားအစာစား ၊အိပ်ရေးဝဝအိပ်တာနဲ့တင် လုံလောက်နေတာ သူများပြောတိုင်း ဝယ်သောက် ၊အလွန်အကျွံ့တွေဖြစ်ပြီး မသေသင့်ဘဲသေသွားရတာတွေ.
လူ့ခန္ဓာကိုယ်ခုခံအား( immune ) အတွက်လိုအပ်တာက တစ်နေ့ကို Cevit 200mg /D3 500 iu / Zinc 20 mg ပဲ လိုတာပါ။
အဟာရပြည့်တဲ့အစားအစာမစားနိုင်လို့ဆေးသောက်မယ်ဆိုရင်တောင် တစ်နေ့ကို Cevit 1000mg ထက်ပိုမသောက်သင့်​၊( BPI Cevit ) တစ်ပြားကို 100mg ပါတယ်။Vicee / Vitacee ဆေးတွေ တစ်ပြားကို500mg ပါတယ်..D3 က တကယ်ဆို နေပူစာနာရီဝက်လောက်လှုံ့ရုံနဲ့တင် အဆင်ပြေပါတယ်။
ပြဿနာရှိတာက Zinc ပါ။Zinc တစ်ပြား 20mg ပါတဲ့အတွက် တစ်နေ့အလွန်ဆုံး တစ်ပြားသောက်သင့်ပေမယ့်.ပိုသောက်တဲ့သူတွေ အော့အန်တာ ဖျားနာတာ ကျောက်ကပ်ပျက်စီးတာတွေဖြစ်တတ်ပါတယ်။
cevit ကို ချဥ်ပေါင်ရွက် ၊မာလကာသီး ၊လိမ်မော်သီး တွေကရ ၊D3 ကို နေပူစာလှုံယုံ ၊နွားနို့သောက်ယုံမျှနဲ့ လုံလောက်ပေမယ့်
ပုစွန်အခွံ့ကရတဲ့ Zinc ကိုကျတော့ ဆေးနဲ့ပဲဖြည့်စည်းကြတဲ့အတွက် မလိုလားအပ်တဲ့ဆိုးကျိုးတွေရစေပါတယ်။အဲ့ဒီဆေးတွေသောက်တဲ့အခါ ခန္ဓာကိုယ်ကလိုအပ်တဲ့ပမာဏကိုသာ စုတ်ယူပြီး ပိုတာကိုကျောက်ကပ်က အလုပ်လုပ်ကာ စွန့်ထုတ်ရလို့
ကျောက်ကပ်အလုပ်ပိုလုပ်ရကာ လနဲ့ချည်ကြာတော့ ကျောက်ကပ်ပျက်စီးစေတာပါ။
( ကျောက်ကပ် ဟာ )လူ့ခန္ဓာကိုယ်ထဲ ၂လုံးပါပြီး အဲ့ဒီ၂လုံးစလုံးရဲ့၈၀% ပျက်စီးနေရင်တောင် ကိုယ်ခံအားကောင်းတဲ့လူတွေ မသိသာပါဘူး။
သိတဲ့အချိန်ဆို နောက်ကျသွားပါပြီ။ဒါကြောင့် ကျောက်ကပ်ကို ဆရာဝန်တွေကsilent murder ( တိတ်တဆိတ် လူသတ်သမား ) လို့ခေါ်ကြပါတယ်.။( အချုပ်အားဖြင့် ).Cevit ၊D3 ၊Zinc ဆေးဝါးတွေကို ကိုဗစ်ရန်ကာကွယ်ချင်ရင် တစ်နေ့တစ်တွဲသာသောက်ပါ ။ကိုယ်ခံအား အရမ်းကောင်းချင်လို့ တစ်အား ပိုသောက်မိခဲ့ရင် ကိုဗစ်ကြောင့်မသေဆေးကြောင့်
သေတတ်ပါကြောင်း ကျန်းမာရေးဆိုင်ရာ ဗဟုသုတအဖြစ်​မျှဝေလိုက်ရပါတယ်။Courtesy – Khin Win /36Myanmar /ကျမ္မာရေးဗဟုသုတအဖြင့်ကူးယူဖော်ပြပါသည် ။
Credit Original upload
Zawgyi Version