Local News

ဆိုက်ကားကိုလှမ်းတားပြီး သူ့ဆီလာလှူပေးတဲ့သူကို ကျေးဇူးတင်လွန်းလို့ လက်အုပ်လေးချီကာ ထိုင်ကန်တော့နေတဲ့ ဆိုက်ကားဆရာအဘိုးရဲ့ဗီဒီယိုလေး

အသက်အရွယ်ရနေပေမယ့်လည်းဝမ်းရေးကြောင့်လမ်းပေါ်ထွက်ပြီး အလုပ်လုပ်နေရတဲ့သက်ကြီးရွယ်အိုတွေကိုမြင်တိုင်းပြည်သူတွေအနေနဲ့စိတ်မကောင်းဖြစ်နေရတာဖြစ်ပါတယ်။

အေးအေးချမ်းချမ်းနေရမယ့်ဒီလိုအရွယ်မှာစားဝတ်နေရေးအခက်အခဲအတွက်ကိုယ်တိုင်ဖြေရှင်းနေတဲ့အဘိုးအဘွားတွေကိုနေရာတိုင်းမှာတွေ့နေရတာလည်းဖြစ်ပါတယ်။ဒီလိုအဘိုးအဘွားတွေကိုစေတနာရှင်ပြည်သူတွေကလည်းတွေ့တဲ့နေရာမှာတွေ့သလိုကူညီထောက်ပံ့ပေးနေကြတာဖြစ်ပါတယ်။မနေ့ကဆိုရင်လည်းမန္တလေးမြို့မှာရှိတဲ့စေတနာရှင်တစ်ဦးကလမ်းပေါ်မှာဆိုက်ကားနင်းနေတဲ့အဘိုးအိုတစ်ဦးအတွက်သွားရောက်လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။စေတနာရှင်အမျိုးသားကအဘိုးနင်းလာတဲ့ဆိုက်ကားကိုလှမ်းတားပြီး အဘိုးရဲ့လက်ထဲကိုအလှူငွေ(၅)သောင်းကျပ်တိတိထည့်ပေးခဲ့တာဖြစ်ပါတယ်။ဆိုက်ကားဆရာအဘိုးကတော့သူ့ကိုအခုလိုမျိုးလှူဒါန်းပေးတဲ့စေတနာရှင်ကိုကျေးဇူးတင်လွန်းလို့ထိုင်ပါကန်တော့ခဲ့တာဖြစ်ပါတယ်။အလှူငွေလာပေးတဲ့သူကသူ့ကိုကန်တော့ဖို့မလိုကြောင်းပြောပေးပေမယ့်လည်းဆိုက်ကားဆရာအဘိုးကလက်အုပ်ချီပြီးကျေးဇူးတွေတင်နေရှာတာပဲဖြစ်ပါတယ်။အဘိုးကအသက်(၆၅)နှစ်ရှိနေပြီဖြစ်ပြီးဝမ်းရေးကြောင့်ဆိုက်ကားနင်းရင်းရှာဖွေစားသောက်ရတာဖြစ်ပါတယ်။အရင်ရက်တွေကဆိုရင်အဘိုးကနေမကောင်းဖြစ်နေတာကြောင့်အလုပ်နားထားရပြီးအခုမှဆိုက်ကားပြန်နင်းတာဖြစ်ကြောင်းပြောခဲ့တာလည်းဖြစ်ပါတယ်။သူ့ကိုလာလှူတဲ့သူကိုကျေးဇူးတင်လွန်းလို့ထိုင်ကန်တော့ခဲ့တဲ့ ဆိုက်ကားဆရာအဘိုးရဲ့ဗီဒီယိုလေးကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Video Credit-စိုင်းနေမျိုး မောင်မောင်’s FB Acc

Credit

Unicode