Local News

ဖခင်ကောင်းနဲ့ မဆုံတွေ့ ခဲ့ရတဲ့ သားသမီးတွေ အကြောင်းနှင့် ကိုရေမွန် ရဲ့ သနားစရာဘဝအကြောင်းကို စိတ်မကောင်းစွာရင်ဖွင့်လာတဲ့ ဒေါ်ခင်မြတ်မွန်ရဲ့ ဗီဒီယို






Credit

Unicode

ဖခင်ကောင်းတွေနဲ့ မဆုံခဲ့တဲ့ သားနဲ့သမီးရဲ့အကြောင်းနဲ့ ငယ်စဉ်က ကိုရေမွန်ကိုယ်တိုင် မိသားစုအတွက် ခက်ခက်ခဲခဲရုန်းကန်ပေးခဲ့တဲ့ ဘဝအကြောင်းစုံကိုရှင်းပြလာတဲ့ ဒေါ်ခင်မြတ်မွန် ဗီဒီယိုဖိုင်

ပရိတ်သတ်ကြီးရေနိုင်ငံကျော်အဆိုတော် ရေမွန်(ခ)တွတ်ပီ (Idiots Band ) ဇွန် ၂၃ ရက်မနက်ပိုင်း က အစာအိမ်သွေးကြောပေါက်ရောဂါနဲ့ ဆုံးပါးခဲ့တာဖြစ်ပါတယ်။ရေမွန်ဟာ Idiots ဂီတအဖွဲ့နဲ့အတူ လူအဂီတပွဲဦးထွက် စီးရီးထွက်ရှိခဲ့ပြီး တေးသီချင်းတွေကိုလည်း ကိုယ်တိုင်ရေးသားသီဆိုခဲ့တဲ့ လူငယ်အဆိုတော်တစ်ဦးဖြစ်ပါတယ်။ရေမွန် ကွယ်လွန်ခဲ့တဲ့အတွက် နိုင်ငံတဝန်း ရေမွန်ရဲ့ ပရိသတ်အမြောက်အများက လူမှုကွန်ရက်စာမျက်နှာမှာ ရေမွန်အတွက် ဝမ်းနည်းကြောင်းဆုတောင်း ပေးခဲ့ကြတာပါ။ရေမွန်ရဲ့မိခင်ဒေါ်ခင်မြတ်မွန်ဟာဆိုရင်

သားဖြစ်သူဆုံးပါသွားတာကို ခုထက်တိတိုင်လက်မခံနိုင်ပါသေးဘူးနော်.။ဘဝကိုခက်ခက်ခဲခဲရုန်းကန်ပြီးသားနဲ့သမီးကိုရိုးသားစွာနဲ့ရှာဖွေကျွေးမွေးခဲ့ပုံကိုခုလိုပဲရင်ထဖွင့်လာခဲ့တာပဲဖြစ်ပါတယ်နော်။သားနဲ့သမီးကို ဖြူဖြူစင်စင်ရှာလို့ရတဲ့ ချွေးနည်း စာအစစ်နဲ့ ကျွေးမွေးစောင့်ရှောက်ခဲ့တယ်.အတောင်ပံ တစ်ဖက်စီမရှိတဲ့ ကလေးတွေလေ၊အဖေ တွေက ပိုးဆိုးပက်စက် နဲ့ပစ်သွားကြတဲ့ ကလေးတွေဖြစ်တဲ့ အတွက် အရမ်းကြိုးစားပြီး ပြုစု ပျိုးထောင်ခဲ့တယ်။

ပိုပြီးလည်းချစ်ခဲ့တယ်။ဒါပေမယ့်လည်း သားနဲ့သမီး ကို ပြည့်စုံအောင် မထားနိုင်ဘူးဆိုတဲ့ စိတ်ကြီး က အမြဲ ရှိနေတယ် ဆိုပြီးပြောပြလာတာပဲဖြစ်ပါတယ်။ရေမွန်တို့ရဲ့မိခင်ဒေါ်ခင်မြတ်မွန်ရဲ့ရင်တွင်းခံစားနေရတဲ့ဘဝအခက်အခဲတွေကြားထဲကရုန်းကန်ခဲ့ရတဲ့အကြောင်းအပြည့်အစုံကိုဗီဒီယိုလေးနဲ့တကွတစ်ဆင့်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Credit