Local News

စစ်ကောင်စီ၏ လက်ကျန်ရက်များ လက်ချိူး ရေတွက်လို့ရပြီ

နွေဦးတော်လှန်ရေး ဘယ်အခြေအနေရောက်နေသလဲလို့ မေးလာသူတွေကို ပြန်ဖြေချင်ပါတယ် ။ နွေဦးတော်လှန်ရေး အောင်မြင်ပြီးဆုံးဖို့ မကြာတော့ပါဘူး ။ စစ်ကောင်စီ သက်တမ်း ဘယ်နှစ်ရက် ကျန်သေးလဲလို့ စောင့်ကြည့်ရုံပါပဲ ။

ကောင်းပြီ ။ ဘာ့ကြောင့် ဒီလိုပြောနိုင်သလဲဟုတ်ကဲ့၊ သံတမန်နည်းလမ်းအရ ၁၀၀ % အောင်မြင်လာလို့ပါ ။ အာဏာသိမ်းခါစက ပိုစ့်တစ်ခုမှာ ရေးခဲ့ပါတယ် ။ ” ဒေါက်တာဆာဆာ ကုလကိုရောက်သွားတာဟာ ပြည်သူတွေအတွက် သိပ်ကို အားရှိစရာကောင်းတယ် ။

ပြည်တွင်းက G-Z တွေနဲ့ ပြည်သူတွေက တော်လှန်ရေး နည်းလမ်းနဲ့ ပြည်သူ့ဆန္ဒကို ထုတ်ဖော်နေချိန်မှာ ဒေါက်တာဆာဆာက ( diplomacy ) သံတမန်ပရိယာယ်နဲ့ ကြိူးစားပါလိမ့်မယ် ။ သံတမန်နည်းလမ်းက အချိန်တော့ ပေးရပါမယ် ။ ” လို့ ရေးခဲ့ဘူးပါတယ် ။

စာရေးသူဟာ ဒေါက်တာဆာဆာရဲ့ သံတမန်နည်းလမ်းကို အပြည့်အဝ ယုံကြည်သူမို့ ဒီတော်လှန်ရေးကို နိုင်ငံတကာသတင်းတွေ စောင့်ကြည့်နေပြီး စိတ်ဓာတ်ခွန်အားတွေ ပေးပါတယ် ။ ဒီရက်ပိုင်းမှာတော့ နွေဦးတော်လှန်ရေးဟာ ကမ္ဘာ့မျက်နှာစာမှာ ၁၀၀ % အောင်မြင်နေပါပြီ ။

မနေ့က ကုလအတွင်းရေးမှုးက ” သမ္မတ ဦးဝင်းမြင့် ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းစည်း ထိန်းသိမ်းထားသူ အားလုံးကို ချက်ချင်းလွှတ်ဖို့ အမိန့်ထုတ်လိုက်တယ် ။ ( NOW ) အခုချက်ချင်းလွှတ် ဆိုတာက အမိန့်ပါ။ဘာ့ကြောင့် ဒီလို ချက်ချင်းလွှတ်ခိုင်းရသလဲဆိုရင် ၊ အမိန့်မနာခံရင် အရေးယူဖို့ ပြင်ဆင်ထားလို့ နိုင်ငံတကာ သိအောင် လုပ်ထုံးလုပ်နည်းအရ စတိတ်မန့်ထုတ်တဲ့ သဘောပါပဲ ။ဒီလိုအမိန့်ပေးနိုင်အောင် ဘာတွေပြင်ဆင်ထားသလဲဆိုရင် ၊ ကမ္ဘာပေါ်က နိုင်ငံရေး ၊ စစ်ရေး ပြဿနာတွေ ဖြစ်ပွားနေတဲ့ နိုင်ငံတွေကို

သံတမန်နည်းလမ်း ( သို့မဟုတ် ) စစ်ရေးမစ်ရှင်နဲ့ ဖြေရှင်းနိုင်ဖို့ မတည်ရံပုံငွေ သတ်မှတ်လိုက်တာပါ ။ ဒီရံပုံငွေအတွက် နော်ဝေးနိုင်ငံက အဆိုတင်သွင်းခဲ့ပြီး ၊ အဖွဲ့ဝင် နိုင်ငံအားလုံးက ထောက်ခံထားပါတယ် ။ မတည်ရံပုံငွေက အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော်ပါ ။ကုလလက်အောက်ခံ ( Peacekepping ) ငြိမ်းချမ်းမှု့ ထိန်းသိမ်းရေး အဖွဲ့အတွက် အသုံးပြုပါမယ် ။ ပြဿနာတစ်ခုကို သံတမန်နည်းလမ်း ( သို့မဟုတ် ) စစ်ရေးနဲ့ ဖြေရှင်းမှာပါ ။ ဖြေရှင်းဖို့ နိုင်ငံတွေကတော့ အီသီယိုပီးယား ၊ ဆီးရီးယား ၊ ယီမင် ၊ မြန်မာ ၊ တရုပ်နဲ့ လတ်တလော ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေပါ။

ဒေါ်လာ ၆ ဘီလီယံကျော်ဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လကနေ ၊ ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ အသုံးပြုပါမယ် ။လွန်ခဲ့တဲ့ ရက်ပိုင်းက ပြင်သစ်လွှတ်တော်မှာ NUG ကို အသိအမှတ်ပြုဖို့ ၉ ၅ % သေချာနေပါပြီ ။ ချက်သမ္မတနိုင်ငံက အသိအမှတ် ပြုထားပါတယ် ။ သူတို့ရဲ့အနောက်ကနေ ကမ္ဘာသိ ကြေငြာမယ့် နိုင်ငံတွေကတော့အမေရိကန် ၊ ကနေဒါ ၊ ဂျာမနီ ၊ အင်္ဂလန် ၊ ဂျပန် ၊ ကိုရီးယား ၊ သြစတေးလျ ၊ မလေးရှား ၊ အင်ဒို ၊ ဖိလစ်ပိုင်နဲ့ အီးယူ နိုင်ငံတွေပါ ။နောက်ထပ် သေချာပေါက် အောင်မြင်တဲ့ နည်းလမ်းကတော့ ပြည်သူ့ကိုယ်စားပြု NUG အစိုးရကို ကုလအဖွဲ့က တရားဝင် အစိုးရအဖြစ် ကြေငြာပါတော့မယ် ။

ဒီကြေငြာချက်ဟာ စက်တင်ဘာလထဲမှာ ကျင်းပမယ့် ( ၇၆ ) ကြိမ်မြောက် ကုလညီလာခံမှာ ဖြစ်ဖို့များပါတယ် ။ ဘာ့ကြောင့် ဒီလို ပြောနိုင်သလဲဆိုရင် ၊ စစ်ကောင်စီကို တရားဝင် အစိုးရအဖြစ်နဲ့ ကုလအဖွဲ့က မဆက်ဆံတော့ပါဘူး ။ ကုလ အစည်းအဝေးတွေမှာ မြန်မာကိုယ်စားပြုသူအဖြစ် လက်မခံတော့တာပါ ။

( ၇၆ ) ကြိမ်မြောက် ကုလညီလာခံဟာ အမေစုရဲ့ အသက်နဲ့လည်း တိုက်ဆိုင်နေလို့ အမေစုရဲ့ ဘုန်းတန်ခိုးဟာ အရှိန်ညီးညီး တောက်ပလာလပါလိမ့်ဦးမယ် = ဒါကတော့ စာရေးသူရဲ့ ပုဂ္ဂိုလ်ရေး လေးစားမှု့ သုံးသပ်ချက်ပါ ) ။ဆိုရရင် ….၊ diplomat ဟာ သိပ်ကို အရေးပါလှပါတယ် ။ ဘာ့ကြောင့်လည်းဆိုတော့ ကမ္ဘာကြီးဟာ နိုင်ငံများစွာနဲ့ ဖွဲ့စည်းထားတာပါ ။ ဒီနိုင်ငံတွေကို ကုလအဖွဲ့ကြီးက အသိအမှတ်ပြုရပါတယ် ။ နိုင်ငံတစ်ခုကို ကိုယ်စားပြုတဲ့ အစိုးရတစ်ရပ်ကို နိုင်ငံတကာက အသိအမှတ်ပြုမှသာ သံတမန်ဆက်သွယ်ပါတယ် ။ နိုင်ငံအချင်းချင်း နိုင်ငံရေး ၊ စီးပွားရေး ၊ ကဏ္ဍမျိူးစုံ ဆက်ဆံနိုင်ပါတယ် ။

အာဏာသိမ်းခါစက စစ်ကောင်စီဟာ သူ့ကို အသိအမှတ်ပြုဖို့ တရုပ် ၊ ရုရှားနဲ့ အာဆီယံနိုင်ငံတွေကို ချည်းကပ်ဖို့ အသည်းအသန် ကြိူးစားခဲ့တာ ၊ ကြိူးစားနေတာ သိကြမှာပါ ။ ဒါဟာ သိပ်ကို အရေးကြီးတဲ့ သံတမန်နည်းလမ်းပါ ။ ၈၈ အပြီးမှာ နဝတဖွဲ့ပြီး ကုလနဲ့ နိုင်ငံတကာက အသိအမှတ်ပြုအောင် လုပ်လိုက်တဲ့အချိန်မှာ ပြည်သူတွေ ဘာမှ မတတ်နိုင်တော့ပဲလက်လျှော့ခဲ့ရပါတယ် ။ အခုတစ်ခါလည်း ဒီလိုပါပဲ ။ သို့ပေမယ့် ဒေါက်တာဆာဆာနဲ့ NUG ရဲ့ သံတမန်ပရိယာယ်တွေဟာ စစ်ကောင်စီကို မလှုပ်နိုင်အောင် ချုပ်ထားလိုက်ပါပြီ ။သံတမန်အရေးမှာ အောင်မြင်လာတဲ့အတွက် ၊ လက်ကျန် တင်းခံနေသူတွေကို စစ်ရေးနဲ့ဖြေရှင်းတဲ့အခါမှာတော့ ပေါက်စိန်နဲ့ ပေါက်စရာ မလိုတော့ပါဘူး ။

PDF က တာဝန်ယူပါလိမ့်မယ် ။ နိုင်ငံတကာက ကူညီပါလိမ့်မယ် ။အနှစ်ချုပ်ရရင် ၊ NUG ရဲ့ သံတမန်နည်းလမ်း အောင်မြင်ဖို့အတွက် တော်လှန်ရေးကို ဇွဲရှိရှိနဲ့ ဒုက္ခခံ တော်လှန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ၊ စီဒီအမ်ဝန်ထမ်းတွေနဲ့ ပြည်သူ့တော်လှန်ရေးသမားတွေရဲ့ ကြိူးစားမှု့ဆိုတာ အသေအချာပါပဲ ။

ဒီတော့ …၊ နွေဦးတော်လှန်ရေး အောင်မြင်ဖို့အတွက် ၊ စစ်ကောင်စီသက်တမ်း ဘယ်နှစ်ရက် ကျန်ဦးမလဲ ဆိုတာကို လက်ချိူး ရေတွက်ရုံပါပဲ ။ စစ်ကောင်စီဟာ နိုင်ငံတကာ သံတမန်အရေးမှာ 100 % ရှုံးနိမ့်သွားပါပြီ ။ဘကြီးအောင် LA

Credit

Unicode

ေႏြဦးေတာ္လွန္ေရး ဘယ္အေျခအေနေရာက္ေနသလဲလို႔ ေမးလာသူေတြကို ျပန္ေျဖခ်င္ပါတယ္ ။ ေႏြဦးေတာ္လွန္ေရး ေအာင္ျမင္ၿပီးဆုံးဖို႔ မၾကာေတာ့ပါဘူး ။ စစ္ေကာင္စီ သက္တမ္း ဘယ္ႏွစ္ရက္ က်န္ေသးလဲလို႔ ေစာင့္ၾကည့္႐ုံပါပဲ ။

ေကာင္းၿပီ ။ ဘာ့ေၾကာင့္ ဒီလိုေျပာႏိုင္သလဲဟုတ္ကဲ့၊ သံတမန္နည္းလမ္းအရ ၁၀၀ % ေအာင္ျမင္လာလို႔ပါ ။ အာဏာသိမ္းခါစက ပိုစ့္တစ္ခုမွာ ေရးခဲ့ပါတယ္ ။ ” ေဒါက္တာဆာဆာ ကုလကိုေရာက္သြားတာဟာ ျပည္သူေတြအတြက္ သိပ္ကို အားရွိစရာေကာင္းတယ။ျပည္တြင္းက G-Z ေတြနဲ႔ ျပည္သူေတြက ေတာ္လွန္ေရး နည္းလမ္းနဲ႔ ျပည္သူ႔ဆႏၵကို ထုတ္ေဖာ္ေနခ်ိန္မွာ ေဒါက္တာဆာဆာက ( diplomacy ) သံတမန္ပရိယာယ္နဲ႔ ႀကိဴးစားပါလိမ့္မယ္ ။ သံတမန္နည္းလမ္းက အခ်ိန္ေတာ့ ေပးရပါမယ္ ။ ” လို႔ ေရးခဲ့ဘူးပါတယ္ ။

စာေရးသူဟာ ေဒါက္တာဆာဆာရဲ႕ သံတမန္နည္းလမ္းကို အျပည့္အဝ ယုံၾကည္သူမို႔ ဒီေတာ္လွန္ေရးကို ႏိုင္ငံတကာသတင္းေတြ ေစာင့္ၾကည့္ေနၿပီး စိတ္ဓာတ္ခြန္အားေတြ ေပးပါတယ္ ။ ဒီရက္ပိုင္းမွာေတာ့ ေႏြဦးေတာ္လွန္ေရးဟာ ကမာၻ႔မ်က္ႏွာစာမွာ ၁၀၀ % ေအာင္ျမင္ေနပါၿပီ ။

မေန႔က ကုလအတြင္းေရးမႈးက ” သမၼတ ဦးဝင္းျမင့္ ၊ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဖမ္းစည္း ထိန္းသိမ္းထားသူ အားလုံးကို ခ်က္ခ်င္းလႊတ္ဖို႔ အမိန႔္ထုတ္လိုက္တယ္ ။ ( NOW ) အခုခ်က္ခ်င္းလႊတ္ ဆိုတာက အမိန႔္ပါ ။ ဘာ့ေၾကာင့္ ဒီလို ခ်က္ခ်င္းလႊတ္ခိုင္းရသလဲဆိုရင္ ၊အမိန႔္မနာခံရင္ အေရးယူဖို႔ ျပင္ဆင္ထားလို႔ ႏိုင္ငံတကာ သိေအာင္ လုပ္ထုံးလုပ္နည္းအရ စတိတ္မန႔္ထုတ္တဲ့ သေဘာပါပဲ ။ဒီလိုအမိန႔္ေပးႏိုင္ေအာင္ ဘာေတြျပင္ဆင္ထားသလဲဆိုရင္ ၊ ကမာၻေပၚက ႏိုင္ငံေရး ၊ စစ္ေရး ျပႆနာေတြ ျဖစ္ပြားေနတဲ့ ႏိုင္ငံေတြကို သံတမန္နည္းလမ္း ( သို႔မဟုတ္ ) စစ္ေရးမစ္ရွင္နဲ႔ ေျဖရွင္းႏိုင္ဖို႔

မတည္ရံပုံေငြ သတ္မွတ္လိုက္တာပါ ။ ဒီရံပုံေငြအတြက္ ေနာ္ေဝးႏိုင္ငံက အဆိုတင္သြင္းခဲ့ၿပီး ၊ အဖြဲ႕ဝင္ ႏိုင္ငံအားလုံးက ေထာက္ခံထားပါတယ္ ။ မတည္ရံပုံေငြက အေမရိကန္ေဒၚလာ ၆ ဘီလီယံေက်ာ္ပါ ။ကုလလက္ေအာက္ခံ ( Peacekepping ) ၿငိမ္းခ်မ္းမႈ႕ ထိန္းသိမ္းေရး အဖြဲ႕အတြက္ အသုံးျပဳပါမယ္။

ျပႆနာတစ္ခုကို သံတမန္နည္းလမ္း ( သို႔မဟုတ္ ) စစ္ေရးနဲ႔ ေျဖရွင္းမွာပါ ။ ေျဖရွင္းဖို႔ ႏိုင္ငံေတြကေတာ့ အီသီယိုပီးယား ၊ ဆီးရီးယား ၊ ယီမင္ ၊ ျမန္မာ ၊ တ႐ုပ္နဲ႔ လတ္တေလာ ျဖစ္ေပၚလာႏိုင္တဲ့ ျပႆနာေတြပါ ။ ေဒၚလာ ၆ ဘီလီယံေက်ာ္ဟာ ၂၀၂၁ ခုႏွစ္ ဇူလိုင္လကေန ၊ ၂၀၂၂ ခုႏွစ္ ဇူလိုင္လအထိ အသုံးျပဳပါမယ္ ။လြန္ခဲ့တဲ့ ရက္ပိုင္းက ျပင္သစ္လႊတ္ေတာ္မွာ NUG ကို အသိအမွတ္ျပဳဖို႔ ၉ ၅ % ေသခ်ာေနပါၿပီ ။ ခ်က္သမၼတႏိုင္ငံက အသိအမွတ္ ျပဳထားပါတယ္ ။ သူတို႔ရဲ႕အေနာက္ကေန ကမာၻသိ ေၾကျငာမယ့္ ႏိုင္ငံေတြကေတာ့ အေမရိကန္ ၊ ကေနဒါ ၊ ဂ်ာမနီ ၊ အဂၤလန္ ၊ ဂ်ပန္ ၊ ကိုရီးယား ၊ ၾသစေတးလ် ၊ မေလးရွား ၊ အင္ဒို ၊ ဖိလစ္ပိုင္နဲ႔ အီးယူ ႏိုင္ငံေတြပါ ။

ေနာက္ထပ္ ေသခ်ာေပါက္ ေအာင္ျမင္တဲ့ နည္းလမ္းကေတာ့ ျပည္သူ႔ကိုယ္စားျပဳ NUG အစိုးရကို ကုလအဖြဲ႕က တရားဝင္ အစိုးရအျဖစ္ ေၾကျငာပါေတာ့မယ္ ။ ဒီေၾကျငာခ်က္ဟာ စက္တင္ဘာလထဲမွာ က်င္းပမယ့္ ( ၇၆ ) ႀကိမ္ေျမာက္ ကုလညီလာခံမွာ ျဖစ္ဖို႔မ်ားပါတယ္။

ဘာ့ေၾကာင့္ ဒီလို ေျပာႏိုင္သလဲဆိုရင္ ၊ စစ္ေကာင္စီကို တရားဝင္ အစိုးရအျဖစ္နဲ႔ ကုလအဖြဲ႕က မဆက္ဆံေတာ့ပါဘူး ။ ကုလ အစည္းအေဝးေတြမွာ ျမန္မာကိုယ္စားျပဳသူအျဖစ္ လက္မခံေတာ့တာပါ ။( ၇၆ ) ႀကိမ္ေျမာက္ ကုလညီလာခံဟာ အေမစုရဲ႕ အသက္နဲ႔လည္း တိုက္ဆိုင္ေနလို႔ အေမစုရဲ႕ ဘုန္းတန္ခိုးဟာအရွိန္ညီးညီး ေတာက္ပလာလပါလိမ့္ဦးမယ္ = ဒါကေတာ့ စာေရးသူရဲ႕ ပုဂၢိဳလ္ေရး ေလးစားမႈ႕ သုံးသပ္ခ်က္ပါ ) ။ဆိုရရင္၊ diplomat ဟာ သိပ္ကို အေရးပါလွပါတယ္ ။ ဘာ့ေၾကာင့္လည္းဆိုေတာ့ ကမာၻႀကီးဟာ ႏိုင္ငံမ်ားစြာနဲ႔ ဖြဲ႕စည္းထားတာပါ။

ဒီႏိုင္ငံေတြကို ကုလအဖြဲ႕ႀကီးက အသိအမွတ္ျပဳရပါတယ္ ။ ႏိုင္ငံတစ္ခုကို ကိုယ္စားျပဳတဲ့ အစိုးရတစ္ရပ္ကို ႏိုင္ငံတကာက အသိအမွတ္ျပဳမွသာ သံတမန္ဆက္သြယ္ပါတယ္ ။ ႏိုင္ငံအခ်င္းခ်င္း ႏိုင္ငံေရး ၊ စီးပြားေရး ၊ က႑မ်ိဴးစုံ ဆက္ဆံႏိုင္ပါတယ္ ။အာဏာသိမ္းခါစက စစ္ေကာင္စီဟာ သူ႔ကို အသိအမွတ္ျပဳဖို႔ တ႐ုပ္ ၊

႐ုရွားနဲ႔ အာဆီယံႏိုင္ငံေတြကို ခ်ည္းကပ္ဖို႔ အသည္းအသန္ ႀကိဴးစားခဲ့တာ ၊ ႀကိဴးစားေနတာ သိၾကမွာပါ ။ ဒါဟာ သိပ္ကို အေရးႀကီးတဲ့ သံတမန္နည္းလမ္းပါ ။ ၈၈ အၿပီးမွာ နဝတဖြဲ႕ၿပီး ကုလနဲ႔ ႏိုင္ငံတကာက အသိအမွတ္ျပဳေအာင္ လုပ္လိုက္တဲ့အခ်ိန္မွာ ျပည္သူေတြ ဘာမွ မတတ္ႏိုင္ေတာ့ပဲ လက္ေလွ်ာ့ခဲ့ရပါတယ္ ။အခုတစ္ခါလည္း ဒီလိုပါပဲ ။ သို႔ေပမယ့္ ေဒါက္တာဆာဆာနဲ႔ NUG ရဲ႕ သံတမန္ပရိယာယ္ေတြဟာ စစ္ေကာင္စီကို မလႈပ္ႏိုင္ေအာင္ ခ်ဳပ္ထားလိုက္ပါၿပီ။သံတမန္အေရးမွာ ေအာင္ျမင္လာတဲ့အတြက္ ၊ လက္က်န္ တင္းခံေနသူေတြကို စစ္ေရးနဲ႔ေျဖရွင္းတဲ့အခါမွာေတာ့ ေပါက္စိန္နဲ႔ ေပါက္စရာ မလိုေတာ့ပါဘူး ။

PDF က တာဝန္ယူပါလိမ့္မယ္ ။ ႏိုင္ငံတကာက ကူညီပါလိမ့္မယ္ ။အႏွစ္ခ်ဳပ္ရရင္ ၊ NUG ရဲ႕ သံတမန္နည္းလမ္း ေအာင္ျမင္ဖို႔အတြက္ ေတာ္လွန္ေရးကို ဇြဲရွိရွိနဲ႔ ဒုကၡခံ ေတာ္လွန္ေနတဲ့ တိုင္းရင္းသား လက္နက္ကိုင္ေတြ ၊ စီဒီအမ္ဝန္ထမ္းေတြနဲ႔ ျပည္သူ႔ေတာ္လွန္ေရးသမားေတြရဲ႕ ႀကိဴးစားမႈ႕ဆိုတာ အေသအခ်ာပါပဲ ။

ဒီေတာ့၊ ေႏြဦးေတာ္လွန္ေရး ေအာင္ျမင္ဖို႔အတြက္ ၊ စစ္ေကာင္စီသက္တမ္း ဘယ္ႏွစ္ရက္ က်န္ဦးမလဲ ဆိုတာကို လက္ခ်ိဴး ေရတြက္႐ုံပါပဲ ။ စစ္ေကာင္စီဟာ ႏိုင္ငံတကာ သံတမန္အေရးမွာ 100 % ရႈံးနိမ့္သြားပါၿပီ ။ဘႀကီးေအာင္ LA

Credit