Local News

ပြည်သူ့ထံမှောက် အလင်းဝင်ရောက်လာတဲ့ ဗိုလ်ကြီးမင်းမောင်မောင် ရဲ့ ဆေးတပ်မှ ဆရာဝန် သူနာပြုများအတွက် တိုက်တွန်းချက်

တိုက်ကြီး ၊ အမှတ် ၁၄ စစ်မြေပြင် ဆေးတပ်ရင်းက ပထမတန်းခွဲစိပ် ပါရဂူ ဗိုလ်ကြီးမင်းမောင်မောင်ဟာ နွေဦးတော်လှန်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ပြီးဓမ္မဘက်ကရပ်တည်ဖို့ ပြည်သူ့ထံမှာ အလင်းဝင်ရောက်ရင်း လွတ်မြောက်နယ်မြေတနေရာကို ရောက်နေပြီလို့ RFA သတင်းဌာနမှာ

ဖေါ်ပြထားပါတယ် ။ငယ်စဉ်ကတည်းကစာဖတ်ဝါသနာပါခဲ့တဲ့ ကိုမင်းမောင်မောင်ဟာ တပ်မတော် ဆေးတက္ကသိုလ် အပါတ်စဉ် ၆ ကနေတဆင့် စစ်တပ်အတွင်းမှာပညာသည် တယောက်အနေနဲ့ တာဝန်ထမ်းခဲ့တာပါ ။၂၀၁၀အရပ်သားတပိုင်း အစိုးရ ဖြစ်လာချိန်မှာ တပ်မတော်ကို ပြုပြင်ပြောင်း လဲမှုတွေနဲ့ အတူ တိုးတက် လာမယ်လို့မျှော်လင့်ခဲ့ ပေမယ့်လည်း တပ်မတော်ရဲ့ ပြည်သူကို ရှေ့ရှုမှု့ မရှိတဲ့လုပ်ရင်တွေကြောင့် နှုတ်ထွက်စာ တင်ခဲ့ဖူးတယ်လို့ ဗိုလ်ကြီးမင်းမောင်မောင်က ပြောပါတယ် ။ဒါပေမယ့် အရာရှိပါရဂူ တဦးကို စစ်တပ်က လွယ်လွယ်နဲ့ ထွက်ဖို့ လက်မခံတာကြောင့်တပ်ထဲမှာ ဆက်နေခဲ့ရ တယ်လို့ ဆိုပါတယ် ။ ဒါပေမယ့် အာဏာသိမ်းပြီး နောက်ပိုင်း

ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ သူတွေကို ဖမ်းဆီးနှိပ် စက်တာတွေ ၊ သတ်ဖြတ်တာ ၊ လက်နက်နဲ့ဖြေရှင်းတာတွေကို မြင်လာပြီး နောက်ပိုင်းမှာ စစ်တပ်ကနေ အပြီးအပိုင်ထွက်ခဲ့ပြီး အခုလို ပြည်သူ့ ထံမှောက် အလင်းဝင်ရောက် လာခဲ့တာလို့ ပြောပါတယ် ။ သူထွက်ခဲ့တဲ့ စစ်တပ်အဖွဲ့အစည်းနဲ့ ပါတ်သက်ပြီး ဗိုလ်ကြီးမင်းမောင်မောင်ကတပ်ထဲမှာ ဓမ္မဘက်က ရပ်တည်ချင်တဲ့ တပ်မတော် သားတွေ ရှိနေသေး တယ်လို့ ပြောပါတယ် ။ အထူးသဖြင့် ဆေးတပ် ၊အင်ဂျင်နီယာတပ် ၊ ဆက်သွယ်ရေးတပ် ၊ အမြောက်တပ်စတဲ့ ပညာသည်တပ်တွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က အာဏာသိမ်းမှုကို လက်မခံနိုင်ဘူးလို့ ခန့်မှန်းသုံးသပ်ခဲ့ပါတယ် ။မမြင်ရတဲ့ အကြောက်တရားတွေ ၊ မိသားစု အသိုက်အမြှံ

ပျက်သွားမှာ စိုးရိမ်မှုတွေကြောင့်သာ လက်ရှိအခြေအနေကို မချစ်သော်လည်း အောင့်ခါနမ်းနေရတယ်လို့ သူက ပြောပါတယ် ။ဒါ့အပြင် ဆေးတပ်က ပညာသည် အုပ်စုဖြစ်တဲ့ ဆရာဝန် ၊သူနာပြု နဲ့ အခြားအဆင့် ရဲဘော် တွေကိုလည်း ပညာရှင်မာန ၊ သမားမာန ရှိကြဖို့ ၊ ဓမ္မနဲ့ အဓမ္မကြားမှာ ရဲရဲဝင့်ဝင့်ရပ်တည်ဖို့ကို ဗိုလ်ကြီးမင်းမောင်မောင်က တိုက်တွန်းသွားခဲ့ပါတယ် ။

Credit

Zawgyi

တိုက္ႀကီး ၊ အမွတ္ ၁၄ စစ္ေျမျပင္ ေဆးတပ္ရင္းက ပထမတန္းခြဲစိပ္ ပါရဂူ ဗိုလ္ႀကီးမင္းေမာင္ေမာင္ဟာ ေႏြဦးေတာ္လွန္ေရးအတြင္းမွာ အာဏာသိမ္းစစ္တပ္ကို ဆန႔္က်င္ၿပီးဓမၼဘက္ကရပ္တည္ဖို႔ ျပည္သူ႔ထံမွာ အလင္းဝင္ေရာက္ရင္း လြတ္ေျမာက္နယ္ေျမတေနရာကို ေရာက္ေနၿပီလို႔ RFA သတင္းဌာနမွာ

ေဖၚျပထားပါတယ္ ။ငယ္စဥ္ကတည္းကစာဖတ္ဝါသနာပါခဲ့တဲ့ ကိုမင္းေမာင္ေမာင္ဟာ တပ္မေတာ္ ေဆးတကၠသိုလ္ အပါတ္စဥ္ ၆ ကေနတဆင့္ စစ္တပ္အတြင္းမွာပညာသည္ တေယာက္အေနနဲ႔ တာဝန္ထမ္းခဲ့တာပါ ။၂၀၁၀အရပ္သားတပိုင္း အစိုးရ ျဖစ္လာခ်ိန္မွာ တပ္မေတာ္ကို ျပဳျပင္ေျပာင္း လဲမႈေတြနဲ႔ အတူ တိုးတက္ လာမယ္လို႔ေမွ်ာ္လင့္ခဲ့ ေပမယ့္လည္း တပ္မေတာ္ရဲ႕ ျပည္သူကို ေရွ႕ရႈမႈ႕ မရွိတဲ့လုပ္ရင္ေတြေၾကာင့္ ႏႈတ္ထြက္စာ တင္ခဲ့ဖူးတယ္လို႔ ဗိုလ္ႀကီးမင္းေမာင္ေမာင္က ေျပာပါတယ္ ။ဒါေပမယ့္ အရာရွိပါရဂူ တဦးကို စစ္တပ္က လြယ္လြယ္နဲ႔ ထြက္ဖို႔ လက္မခံတာေၾကာင့္တပ္ထဲမွာ ဆက္ေနခဲ့ရ တယ္လို႔ ဆိုပါတယ္ ။ ဒါေပမယ့္ အာဏာသိမ္းၿပီး ေနာက္ပိုင္း

ၿငိမ္းခ်မ္းစြာ ဆႏၵျပေနတဲ့ သူေတြကို ဖမ္းဆီးႏွိပ္ စက္တာေတြ ၊ သတ္ျဖတ္တာ ၊ လက္နက္နဲ႔ေျဖရွင္းတာေတြကို ျမင္လာၿပီး ေနာက္ပိုင္းမွာ စစ္တပ္ကေန အၿပီးအပိုင္ထြက္ခဲ့ၿပီး အခုလို ျပည္သူ႔ ထံေမွာက္ အလင္းဝင္ေရာက္ လာခဲ့တာလို႔ ေျပာပါတယ္ ။ သူထြက္ခဲ့တဲ့ စစ္တပ္အဖြဲ႕အစည္းနဲ႔ ပါတ္သက္ၿပီး ဗိုလ္ႀကီးမင္းေမာင္ေမာင္ကတပ္ထဲမွာ ဓမၼဘက္က ရပ္တည္ခ်င္တဲ့ တပ္မေတာ္ သားေတြ ရွိေနေသး တယ္လို႔ ေျပာပါတယ္ ။ အထူးသျဖင့္ ေဆးတပ္ ၊အင္ဂ်င္နီယာတပ္ ၊ ဆက္သြယ္ေရးတပ္ ၊ အေျမာက္တပ္စတဲ့ ပညာသည္တပ္ေတြရဲ႕ ၇၀ ရာခိုင္ႏႈန္းေလာက္က အာဏာသိမ္းမႈကို လက္မခံႏိုင္ဘူးလို႔ ခန႔္မွန္းသုံးသပ္ခဲ့ပါတယ္ ။မျမင္ရတဲ့ အေၾကာက္တရားေတြ ၊ မိသားစု အသိုက္အျမႇံ

ပ်က္သြားမွာ စိုးရိမ္မႈေတြေၾကာင့္သာ လက္ရွိအေျခအေနကို မခ်စ္ေသာ္လည္း ေအာင့္ခါနမ္းေနရတယ္လို႔ သူက ေျပာပါတယ္ ။ဒါ့အျပင္ ေဆးတပ္က ပညာသည္ အုပ္စုျဖစ္တဲ့ ဆရာဝန္ ၊သူနာျပဳ နဲ႔ အျခားအဆင့္ ရဲေဘာ္ ေတြကိုလည္း ပညာရွင္မာန ၊ သမားမာန ရွိၾကဖို႔ ၊ ဓမၼနဲ႔ အဓမၼၾကားမွာ ရဲရဲဝင့္ဝင့္ရပ္တည္ဖို႔ကို ဗိုလ္ႀကီးမင္းေမာင္ေမာင္က တိုက္တြန္းသြားခဲ့ပါတယ္ ။

Credit