Love

မချစ်ခဲ့ရင် မချစ်ခဲ့ဘူးပေါ့ လမ်းခွဲချိန်မှာတော့ ရိုးသားပါ

မချစ်ခဲ့ရင် မချစ်ခဲ့ဘူးပေါ့လမ်းခွဲချိန်မှာတော့ ရိုးသားပါကိုယ့်က အစကတည်းက မချစ်ခဲ့ခြင်းတွေဟာ ပြဿနာမဟုတ်ဘူး ကိုယ်ညံ့လို့ ကိုယ်ခံခဲ့ရတာပါ

ဘာကြောင့်လဲ မေးရင် ကိုယ်က အယုံလွယ်လွန်းတာကိုး .. ဒါပေမယ့် လမ်းခွဲချိန်မှာတော့ မချစ်ခဲ့ရင် မချစ်ခဲ့ဘူးပေါ့အတတ်နိုင်ဆုံးရိုးသားပေးပါတချို့စိတ်တွေက ခန့်မန်းရသိပ်ခက်တယ် ကိုယ့်ကို တကယ်လဲမချစ်ပါပဲနဲ့ ပြီးတော့ ထားရစ်ခဲ့တော့မယ့်အရေးကို

ဒရမ်မာတွေခင်းပြီး မျှော်နေအောင် လုပ်ကြသေးတယ်သူပြန်လာရင် အရန်သင့် ပြန်လာရအောင် ကိုယ့်ကိုစောင့်နေစေချင်တဲ့အချိုးတွေလေ

မဖြစ်နိုင်လို့ပါဆိုတဲ့စကားတွေ သုံးကြတယ် ဘာကြောင့်မဖြစ်နိုင်တာလဲအဖြေကိုရှာတဲ့အခါ သူကိုယ်တိုင်ကြောင့်ဆိုတဲ့ အဖြေကိုကျသိပ်လက်သင့်မခံချင်ကြဘူးလေ ပြီးတော့ ခဏလေးစောင့်ပေးပါ တဲ့ ယုံမိတဲ့ တချို့လူတွေက စောင့်နေတတ်ကြတယ်

နောက်ကွယ်ကို လှမ်းကြည့်မိတော့ တခြားတစ်ယောက်နဲ့ ဇာတ်လမ်းတွေဆက်ဖြစ်နေကြရုံပါ သူပြောခဲ့သလို ကိုယ်နဲ့နီးဖို့ကြိုးစားနေခဲ့တာမဟုတ်ပဲ

ကိုယ့်ဆီအဆင်မပြေမှ ပြန်လာမှလမ်းကိုခင်းခဲ့ရုံပါ  သိပ်ချစ်ခဲ့မိတုန်းကတော့ မြင်နိုင်တဲ့မျက်လုံးတွေ ကန်းခဲ့ဖူးတယ် အခုချိန်ပြန်တွေးရင်ငါဘာကြောင့်တုံးခဲ့လဲဆိုပြီး ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်မိပါတယ်လမ်းခွဲတော့မယ်အချိန်ထိကို စိတ်ဒုက္ခတွေမပေးပါနဲ့တော့ မရေရာတဲ့

အကြောင်းပြချက်တွေနဲ့ နေနေခဲ့ရမယ့်လူကို စာနာပါ ဒဏ်ရာတွေဒီလောက်ပေးခဲ့ပြီးပြီပဲ ကျေနပ်တော့ပေါ့  တစ်နေ့ပြန်လာခဲ့မယ်ဆိုတဲ့

မျှော်လင့်ချက်တွေနဲ့ မထားခဲ့ပဲ မချစ်ခဲ့လို့ လမ်းခွဲရအောင်ဆိုတဲ့ အမှန်တရားကို အနည်းဆုံးတော့ ချပြခဲ့ပေးပါ မိန်းမသားတို့အတွက်သျှင်ယွန်း

Credit

Zawgyi

မခ်စ္ခဲ့ရင္ မခ်စ္ခဲ့ဘူးေပါ့ လမ္းခြဲခ်ိန္မွာေတာ့ ရိုးသားပါကိုယ့္က အစကတည္းက မခ်စ္ခဲ့ျခင္းေတြဟာ ျပႆနာမဟုတ္ဘူး

ကိုယ္ညံ့လုိ့ ကိုယ္ခံခဲ့ရတာပါဘာေၾကာင့္လဲ ေမးရင္ ကိုယ္က အယံုလြယ္လြန္းတာကိုး ဒါေပမယ့္ လမ္းခြဲခ်ိန္မွာေတာ့မခ်စ္ခဲ့ရင္ မခ်စ္ခဲ့ဘူးေပါ့ အတတ္နိုင္ဆံုးရိုးသားေပးပါ တခ်ိဳ႕စိတ္ေတြက ခန့္မန္းရသိပ္ခက္တယ္ ကိုယ့္ကို တကယ္လဲမခ်စ္ပါပဲနဲ႕ ျ

ပီးေတာ့ ထားရစ္ခဲ့ေတာ့မယ့္အေရးကို ဒရမ္မာေတြခင္းျပီး ေမွ်ာ္ေနေအာင္ လုပ္ၾကေသးတယ္ သူျပန္လာရင္

အရန္သင့္ ျပန္လာရေအာင္ ကုိယ့္ကိုေစာင့္ေနေစခ်င္တဲ့အခ်ိဳးေတြေလမျဖစ္နုိင္လို့ပါဆုိတဲ့စကားေတြ သံုးၾကတယ္ ဘာေၾကာင့္မျဖစ္နုိင္တာလဲအေျဖကိုရွာတဲ့အခါ သူကိုယ္တိုင္ေၾကာင့္ဆိုတဲ့

အေျဖကိုက် သိပ္လက္သင့္မခံခ်င္ၾကဘူးေလ ျပီးေတာ့ ခဏေလးေစာင့္ေပးပါ တဲ့ ယံုမိတဲ့ တခ်ိဳ႕လူေတြက ေစာင့္ေနတတ္ၾကတယ္ ..

ေနာက္ကြယ္ကို လွမ္းၾကည့္မိေတာ့ တျခားတစ္ေယာက္နဲ႕ ဇာတ္လမ္းေတြဆက္ျဖစ္ေနၾကရံုပါ သူေျပာခဲ့သလုိကိုယ္နဲ႕နီးဖုိ့ၾကိဳးစားေနခဲ့တာမဟုတ္ပဲ ကိုယ့္ဆီအဆင္မေျပမွ ျပန္လာမွလမ္းကိုခင္းခဲ့ရံုပါ  သိ္ပ္ခ်စ္ခဲ့မိတုန္းကေတာ့

ျမင္နိုင္တဲ့မ်က္လံုးေတြ ကန္းခဲ့ဖူးတယ္ အခုခ်ိန္ျပန္ေတြးရင္ ငါဘာေၾကာင့္တုံးခဲ့လဲဆိုျပီး ကိုယ့္ကိုယ္ကိုပဲ အျပစ္တင္မိပါတယ္

လမ္းခြဲေတာ့မယ္အခ်ိန္ထိကို စိတ္ဒုကၡေတြမေပးပါနဲ႕ေတာ့ မေရရာတဲ့အေၾကာင္းျပခ်က္ေတြနဲ႕ ေနေနခဲ့ရမယ့္လူကို စာနာပါဒဏ္ရာေတြဒီေလာက္ေပးခဲ့ျပီးျပီပဲ ေက်နပ္ေတာ့ေပါ့ … တစ္ေန့ျပန္လာခဲ့မယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေတြနဲ႕ မထားခဲ့ပဲ

မခ်စ္ခဲ့လုိ့ လမ္းခဲြရေအာင္ဆိုတဲ့ အမွန္တရားကို အနည္းဆံုးေတာ့ ခ်ျပခဲ့ေပးပါ မိ္န္းမသားတို့အတြက္သွ်င္ယြန္း

Credit