Local News

ကိုယ်ပိုင်အခန်းတောင် မရှိဘဲ ဘိလိယက်ခုံဘေးလေးမှာ ကွယ်လွန်သွားတဲ့ မြန်မာ့လက်ရွေးစင်ကစားသမား ကိုချစ်ကို

မြန်မာနိုင်ငံတွင်အရည်အချင်းရှိပြီးထူးချွန်လွန်းတဲ့အားကစားသမားများစွာရှိပါတယ်။သူတို့ရဲ့တစ်ဘဝလုံးကိုအားကစားလောကမှာပဲနှစ်မြှုပ်ရင်းဖြတ်သန်းကုန်ဆုံးခဲ့ကြတာပါ။

မနေ့ကလည်းမြန်မာ့လက်ရွေးစင်ဘိလိယက်ကစားသမားတစ်ဦးကွယ်လွန်သွားခဲ့တာကြောင့်ပြည်သူတွေအားလုံးကနှမျောတသဖြစ်ခဲ့ကြရပါတယ်။သူကွန်လွန်သွားခဲ့ပုံတွေကိုပြည်သူတစ်ဦးမှလူမှုကွန်ယက်တွင်အသေးစိတ်ရေးသားပြောပြထားတာဖြစ်ပါတယ်။

ကစားသမားရဲ့ နာမည်ကတော့ကိုချစ်ကိုလို့ခေါ်ပြီးကိုယ်ပိုင်လေ့ကျင့်ရေးရုံရအောင်ကြိုးစားနေသူတစ်ဦးဖြစ်ပါတယ်။သူကတော့ဘိလိယက်လေ့ကျင့်ရုံထဲ ကွယ်လွန်သွားတာဖြစ်ပြီးလွန်ခဲ့တဲ့ရက်အနည်းငယ်လောက်ကတည်းက စဖျားခဲ့တာဖြစ်ကြောင်းကနဦးသတင်းများအရသိရှိရပါတယ်။

စဖျားတဲ့အချိန်မှာ ကိုယ်အပူချိန်တက်နေတာကြောင့် ဘယ်ဆေးခန်းမှ လက်မခံတဲ့အတွက် အသိဆရာဝန် (Family Doctor)နဲ့ ပြကြည့်တဲ့အခါ ကိုဗစ်ရောဂါမဟုတ်ကြောင်း အဆုတ်ဓာတ်မှန်တွေရိုက်၊ စစ်ဆေးမှုတွေ ပြုလုပ်ပြီး အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

မနေ့ကမနက်ပိုင်းတွင်သူအိပ်ပျော်နေတာကိုသွားနှိုးတော့မှဆုံးသွားမှန်းသိရပြီးကွယ်လွန်ချိန်မှာပါးစပ်မှအမြှုပ်တွေထွက်နေကြောင်းကိုလည်းဆရာဝန်ပြောပြချက်အရသိရှိရပါတယ်။

မနေ့က အစာမှားပြီး Food Poison 80% နဲ့COVID 20% ဖြစ်နိုင်တယ်လို့ ဆရာဝန်မှပြောကြားထားပေမယ့် dead body အတည်ပြုချက်ကတော့ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ Dead body သယ်ဖို့အတွက်လည်း ဘယ်ကမှ လာရောက်ခြင်းမရှိတဲ့အတွက် နေပြည်တော်မှ ဆရာမတစ်ယောက်ရဲ့ကူညီမှုဖြင့် ဗဟန်းမြို့နယ်က နာရေးကူညီမှုကားကို အကူအညီလှမ်းတောင်းရတယ်လို့ သိရှိရပါတယ်။

ကိုယ်ပိုင်အခန်းလေးတောင် မရဘဲ ဘိလိယက်ခုံဘေးမှာ ဖြစ်သလိုနေထိုင်ရတဲ့ ကိုချစ်ကိုရဲ့ အိပ်ရာလေးကို မြင်ပြီး ပြည်သူတွေက စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်။ ကိုချစ်ကိုတစ်ယောက် ကောင်းရာမွန်ရာဘုံဘဝသို့ ရောက်ရှိပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Credit

Unicode