Knowledge

ဆံပင်စေးကပ်ကပ်ဖြစ်နေသူတွေ အတွက် အလွယ်ကူဆုံး နည်းလမ်းကောင်းများ

ဆံပင်စေးကပ်ကပ်ဖြစ်နေသူတွေအတွက် အလွယ် ကူဆုံးနည်းလမ်းကောင်းများဆံကေသာ အလှ က လူတိုင်းမြတ်နိုးတန်ဖိုးထားရတဲ့ အလှတရားတစ်ရပ်ပါပဲ။ ဒါ့ကြောင့် အလှစစ်ကို ကေသာမှာရှာ လို့ ရှေးလူကြီးတွေက ပြောစမှတ်ပြုခဲ့ကြတာပါ။ ဒါပေမယ့် ဒီလိုလှပတဲ့ ဆံကေသာကို ပိုင်ဆိုင်ရရှိဖို့အတွက်

ထိန်းသိမ်းရတာလည်း မလွယ်ကူလှပါဘူး။ဒါ့ကြောင့် အမြဲတမ်းလိုလို ဆံပင် က အဆီတွေနဲ့ စေးကပ်ကပ် ဖြစ်နေတဲ့ သူတွေအတွက် သက်သာစေမယ့် အလွယ်ကူဆုံး သဘာဝ နည်းလမ်းကောင်းများကို ရှာဖွေပြီး ဖော်ပြပေးလိုက်ပါတယ်။

(၁) ပန်းသီး ရှာလကာရည် ပန်းသီးရှာလကာရည်ကတော့ အလှအပရေးရာမှာ တော်တော့်ကို အသုံးဝင်တဲ့ အရာတစ်ခုပါပဲ။ ဒီတော့..ပန်းသီးရှာလကာရည်ရဲ့ ကောင်းကျိုးတွေကိုတော့ အထွေအထူးပြောနေစရာ မလိုတော့ဘူး ထင်ပါတယ်။ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်းနှစ်ဇွန်းကို တစ်လီတာပမာဏရှိတဲ့ ရေထဲ ရောစပ်လိုက်ပါ။ခေါင်းလျှော်ပြီးတဲ့အချိန်မှာ ပန်းသီးရှာလကာရည်ရောစပ်ထားတဲ့ ရေနဲ့ ဦးရေပြားပေါ် လောင်းချပြီး ဆေးကြောသန့်စင်ပေးပါ။ နောက်ပြီး ရေသန့်သန့်တစ်ခွက်နဲ့ ပြန်လည်သန့်စင်လိုက်ရုံ ပါပဲ။ပန်းသီးရှာလကာရည်ကို အသုံးပြုပြီးနောက်မှာလည်း ဆံပင်ပေါင်းဆေးကို ထပ်သုံးစရာ မလို တော့ ပါဘူးနော်။

တကယ်လို့ ပေါင်းတင်ဆေးကို သုံးချင်တယ်ဆိုရင်တောင် ပန်းသီးရှာ လကာ ရည် မလောင်းချခင် ခေါင်းလျှော်ကတည်းက တစ်ခါတည်း အသုံးပြုလိုက်ပါ။ပန်းသီးရှာ လကာ ရည်က ဦးရေပြားအဆီတွေကို ပိုမိုထုတ်လွှတ်စေတဲ့ ဆဲလ်သေများနဲ့ ဘတ်တီးရီးယား ပိုးမွှား များကို ဖယ်ရှား သန့်စင်ပေးတဲ့ အတွက် နည်းလမ်းကောင်းလေး တစ်ရပ်ပါပဲ။

(၂) ကြက်ဥအကာ ကြက်ဥနဲ့ ဆံပင်ပေါင်းတင်တဲ့ နည်းလမ်းကလည်း လူသိများပြီးတော့ တကယ့်ကို ထိရောက်တဲ့ နည်းလမ်းလေးပါပဲနော်။ ကြက်ဥအကာမှ ပါဝင်တဲ့ ပရိုတင်းဓာတ်က ဦးရေပြားနဲ့ဆံသားများကို အားဖြည့်သန်စွမ်းစေပြီးတော့ ဦးရေပြားအဆီပြန်ခြင်းကိုလည်း သက်သာစေပါတယ်။ကြက်ဥအကာ တစ်လုံးထဲကို သံပရိုရည် ဒါမှမဟုတ် သံပရာရည် သုံးစက်လောက် ရောစပ်ပေးပြီး ဦးရေပြားအနံှ့ သုတ်လိမ်းပေးပါ။ ၃မိနစ်ခန့် ဦးရေပြားကို ညင်သာစွာ Massage လုပ်ပေးပြီး shower cap နဲ့ နာရီဝက်ခန့် အုပ်ထားပေးပါ။ပြီးရင်တော့ ရေအေးအေးနဲ့ ခေါင်းလျှော်ပေးလိုက်ရုံပါပဲ။

ဒီနည်းလမ်း အတိုင်း တစ်ပတ်နှစ်ကြိမ်လောက် ပုံမှန်ပြုလုပ်ပေးသွားမယ်ဆိုရင်တော့ ဆံပင်စေးကပ်ကပ်ဖြစ်တာ သိသိ သာသာ လျော့ပါးသွားတာကို တွေ့မြင်ရမှာပါ။(၃) မုန့်ဖုတ်ဆိုဒါမုန့်ဖုတ်ဆိုဒါက ဆံကေသာနဲ့ ဦးရေပြားပေါ်မှာ ကပ်ညှိနေတဲ့ အညစ်အကြေးများကို ခေါင်းလျှော်ရည် လိုမျိုး ဖယ်ရှားသန့်စင်ပေးနိုင်တဲ့ အစွမ်းရှိပြီးတော့

ဆံပင်ပေါင်းတင်ဆေးလို ဆံကေသာကို ပျော့ပျောင်း စေတဲ့ အကျိုးအာနိသင် နှစ်မျိုးစလုံးကို တစ်ပြိုင်နက် ပေးစွမ်းနိုင်ပါတယ်။ဒ့ါကြောင့် အဆီပြန်လွန်းတဲ့ ဆံကေသာကို ပိုင်ဆိုင်ထားသူတွေအတွက်တော့ ထိရောက်တဲ့ နည်းလမ်းကောင်း တစ်ရပ်ပါပဲနော်။ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၅ဇွန်း၊ ၆ဇွန်းလောက်ကို ရေနွေးတစ်ခွက်ထဲ ရောထည့် လိုက်ပါ။ပြီးရင်တော့ ဦးရေပြားနဲ့ ဆံကေသာပေါ် နှံ့နေအောင် သုတ်လိမ်းပြီး ၅မိနစ်ခန့် ပေါင်းတင် ထားပါ။ နောက်ဆုံးမှာတော့ ခေါင်းလျှော်ရည်နဲ့ ဆေးကြောသန့်စင် လိုက်ရုံပါပဲ။ ဒီနည်းအတိုင်းကို တော့ တစ်ပတ်ကို နှစ်ကြိမ်လောက် ပြုလုပ်ပေးရုံနဲ့ ထူးခြားတဲ့ ရလဒ်ကို ခံစားရမှာပါ။(၄) ငှက်ပျောသီး ငှက်ပျောသီးမှာ ပါဝင်တဲ့ သဘာဝဓာတ်ပစ္စည်းများက ဆံကေသာကို

အားဖြည့်ပေးမယ့် အကောင်းဆုံး သော အရာတစ်ခုပါပဲ။ ငှက်ပျောသီးနှစ်လုံး၊ သံလွင်ဆီ၊ အုန်းဆီနဲ့ ပျားရည် တို့ကို စားပွဲတင်ဇွန်း တစ်ဇွန်းစီ ဆတူရောစပ်ပြီး ဦးရေပြားနဲ့ ဆံကေသာအနှံ့သုတ်လိမ်းပေးပါ။၁၅ မိနစ်၊ မိနစ် ၂၀ လောက်ထားပြီး ခေါင်းလျှော်လိုက်ရုံပါပဲနော်။ ငှက်ပျောသီးက ဆံကေသာနဲ့ ဦးရေပြားပေါ်က အဆီတွေကို ဖယ်ရှားသန့်စင်ပေးနိုင်တဲ့ အကောင်းဆုံး ကူညီပေးနိုင်မှာပါ။

Credit

Unicode

ဆံပင်စေးကပ်ကပ်ဖြစ်နေသူတွေအတွက် အလွယ် ကူဆုံးနည်းလမ်းကောင်းများဆံကေသာ အလှ က လူတိုင်းမြတ်နိုးတန်ဖိုးထားရတဲ့ အလှတရားတစ်ရပ်ပါပဲ။ ဒါ့ကြောင့် အလှစစ်ကို ကေသာမှာရှာ လို့ ရှေးလူကြီးတွေက ပြောစမှတ်ပြုခဲ့ကြတာပါ။ ဒါပေမယ့် ဒီလိုလှပတဲ့ ဆံကေသာကို ပိုင်ဆိုင်ရရှိဖို့အတွက် ထိန်းသိမ်းရတာလည်း မလွယ်ကူလှပါဘူး။

ဒါ့ကြောင့် အမြဲတမ်းလိုလို ဆံပင် က အဆီတွေနဲ့ စေးကပ်ကပ် ဖြစ်နေတဲ့ သူတွေအတွက် သက်သာစေမယ့် အလွယ်ကူဆုံး သဘာဝ နည်းလမ်းကောင်းများကို ရှာဖွေပြီး ဖော်ပြပေးလိုက်ပါတယ်။(၁) ပန်းသီး ရှာလကာရည် ပန်းသီးရှာလကာရည်ကတော့ အလှအပရေးရာမှာ တော်တော့်ကို အသုံးဝင်တဲ့ အရာတစ်ခုပါပဲ။ ဒီတော့..ပန်းသီးရှာလကာရည်ရဲ့

ကောင်းကျိုးတွေကိုတော့ အထွေအထူးပြောနေစရာ မလိုတော့ဘူး ထင်ပါတယ်။ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်းနှစ်ဇွန်းကို တစ်လီတာပမာဏရှိတဲ့ ရေထဲ ရောစပ်လိုက်ပါ။ ခေါင်းလျှော်ပြီးတဲ့အချိန်မှာ ပန်းသီးရှာလကာရည်ရောစပ်ထားတဲ့ ရေနဲ့ ဦးရေပြားပေါ် လောင်းချပြီး ဆေးကြောသန့်စင်ပေးပါ။ နောက်ပြီး ရေသန့်သန့်တစ်ခွက်နဲ့

ပြန်လည်သန့်စင်လိုက်ရုံ ပါပဲ။ပန်းသီးရှာလကာရည်ကို အသုံးပြုပြီးနောက်မှာလည်း ဆံပင်ပေါင်းဆေးကို ထပ်သုံးစရာ မလို တော့ ပါဘူးနော်။ တကယ်လို့ ပေါင်းတင်ဆေးကို သုံးချင်တယ်ဆိုရင်တောင် ပန်းသီးရှာ လကာ ရည် မလောင်းချခင် ခေါင်းလျှော်ကတည်းက တစ်ခါတည်း အသုံးပြုလိုက်ပါ။ပန်းသီးရှာ လကာ ရည်က ဦးရေပြားအဆီတွေကိုပိုမိုထုတ်လွှတ်စေတဲ့ ဆဲလ်သေများနဲ့ ဘတ်တီးရီးယား ပိုးမွှား များကို ဖယ်ရှား သန့်စင်ပေးတဲ့ အတွက် နည်းလမ်းကောင်းလေး တစ်ရပ်ပါပဲ။(၂) ကြက်ဥအကာ ကြက်ဥနဲ့ ဆံပင်ပေါင်းတင်တဲ့ နည်းလမ်းကလည်း လူသိများပြီးတော့ တကယ့်ကို ထိရောက်တဲ့ နည်းလမ်းလေးပါပဲနော်။ ကြက်ဥအကာမှ ပါဝင်တဲ့ ပရိုတင်းဓာတ်က ဦးရေပြားနဲ့ဆံသားများကို

အားဖြည့်သန်စွမ်းစေပြီးတော့ ဦးရေပြားအဆီပြန်ခြင်းကိုလည်း သက်သာစေပါတယ်။ကြက်ဥအကာ တစ်လုံးထဲကို သံပရိုရည် ဒါမှမဟုတ်သံပရာရည် သုံးစက်လောက် ရောစပ်ပေးပြီး ဦးရေပြားအနံှ့ သုတ်လိမ်းပေးပါ။ ၃မိနစ်ခန့် ဦးရေပြားကို ညင်သာစွာ Massage လုပ်ပေးပြီး shower cap နဲ့ နာရီဝက်ခန့် အုပ်ထားပေးပါ။

ပြီးရင်တော့ ရေအေးအေးနဲ့ ခေါင်းလျှော်ပေးလိုက်ရုံပါပဲ။ ဒီနည်းလမ်း အတိုင်း တစ်ပတ်နှစ်ကြိမ်လောက် ပုံမှန်ပြုလုပ်ပေးသွားမယ်ဆိုရင်တော့ ဆံပင်စေးကပ်ကပ်ဖြစ်တာ သိသိ သာသာ လျော့ပါးသွားတာကို တွေ့မြင်ရမှာပါ။(၃) မုန့်ဖုတ်ဆိုဒါမုန့်ဖုတ်ဆိုဒါက ဆံကေသာနဲ့ ဦးရေပြားပေါ်မှာ ကပ်ညှိနေတဲ့ အညစ်အကြေးများကို ခေါင်းလျှော်ရည် လိုမျိုး

ဖယ်ရှားသန့်စင်ပေးနိုင်တဲ့ အစွမ်းရှိပြီးတော့ ဆံပင်ပေါင်းတင်ဆေးလို ဆံကေသာကို ပျော့ပျောင်း စေတဲ့ အကျိုးအာနိသင် နှစ်မျိုးစလုံးကို တစ်ပြိုင်နက် ပေးစွမ်းနိုင်ပါတယ်။ဒ့ါကြောင့် အဆီပြန်လွန်းတဲ့ ဆံကေသာကို ပိုင်ဆိုင်ထားသူတွေအတွက်တော့ ထိရောက်တဲ့ နည်းလမ်းကောင်း တစ်ရပ်ပါပဲနော်။ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၅ဇွန်း၊ ၆ဇွန်းလောက်ကို

ရေနွေးတစ်ခွက်ထဲ ရောထည့် လိုက်ပါ။ပြီးရင်တော့ ဦးရေပြားနဲ့ ဆံကေသာပေါ် နှံ့နေအောင် သုတ်လိမ်းပြီး ၅မိနစ်ခန့် ပေါင်းတင် ထားပါ။ နောက်ဆုံးမှာတော့ ခေါင်းလျှော်ရည်နဲ့ ဆေးကြောသန့်စင် လိုက်ရုံပါပဲ။ ဒီနည်းအတိုင်းကို တော့ တစ်ပတ်ကို နှစ်ကြိမ်လောက် ပြုလုပ်ပေးရုံနဲ့ ထူးခြားတဲ့ ရလဒ်ကို ခံစားရမှာပါ။

(၄) ငှက်ပျောသီးငှက်ပျောသီးမှာ ပါဝင်တဲ့ သဘာဝဓာတ်ပစ္စည်းများက ဆံကေသာကို အားဖြည့်ပေးမယ့် အကောင်းဆုံး သော အရာတစ်ခုပါပဲ။ ငှက်ပျောသီးနှစ်လုံး၊ သံလွင်ဆီ၊ အုန်းဆီနဲ့ ပျားရည် တို့ကို စားပွဲတင်ဇွန်း တစ်ဇွန်းစီ ဆတူရောစပ်ပြီး ဦးရေပြားနဲ့ ဆံကေသာအနှံ့သုတ်လိမ်းပေးပါ။

၁၅ မိနစ်၊ မိနစ် ၂၀ လောက်ထားပြီး ခေါင်းလျှော်လိုက်ရုံပါပဲနော်။ ငှက်ပျောသီးက ဆံကေသာနဲ့ ဦးရေပြားပေါ်က အဆီတွေကို ဖယ်ရှားသန့်စင်ပေးနိုင်တဲ့ အကောင်းဆုံး ကူညီပေးနိုင်မှာပါ။

Credit