Knowledge

မိန်းကလေးတွေ သူတို့ချစ်သူကို ချစ်နေရက်သားနဲ့ လမ်းခွဲခဲ့ရတဲ့အကြောင်းအရင်းမျာ

းမိန်းကလေးတွေရဲ့ စိတ်ဓာတ်ခိုင်မာမှုတွေကို အချစ်နဲ့ပတ်သက်လာတဲ့ အခါမှာ ပိုတွေ့မြင်ရတတ်ပါတယ်။မိန်းကလေးတွေဟာ သူတို့ဘယ်လောက်ပဲ ချစ်နေပေမယ့်လည်းသူတို့ကိုနာကျင်အောင်

လုပ်လာခဲ့မယ် ဆိုရင်တော့ ပြတ်သားစွာ တုံ့ပြန်တတ်ကြပါတယ်။နောက်ပြီး သူတို့ အရမ်းချစ်ရတဲ့သူ ဖြစ်နေရင်တောင် သူတို့စိတ်ထဲမှာ ဒီလိုခံစားလာရရင်တော့ လမ်းခွဲ ထားရစ်ခဲ့တတ်ကြပါသေးတယ်။သူမရဲ့ ပင်ကိုယ်ပုံစံကို ပြောင်းလဲဖို့ ဖိအားပေးလာတဲ့အခါမိန်းကလေးတွေဟာ သူတို့ တကယ်ချစ်တဲ့ သူအတွက်ဆို ဘယ်အရာကို မဆို ပြောင်းလဲပေးဖို့ အသင့်ဖြစ်နေတတ်ကြတဲ့ သူတွေပါ။

ဒါပေမယ့် ဘယ်သူ့ရဲ့ စေခိုင်းချက်မှ မပါပဲ သူတို့ရဲ့ သဘောနဲ့ပဲ ပြောင်းလဲတတ်ကြပါတယ်။ဒါကိုမှ သူတို့ကို အတင်းပြောင်းလဲ ခိုင်းတာမျိုးတွေ လုပ်လာတဲ့အခါမှာသူတို့ရဲ့ ပုံစံဟာ တဖြည်းဖြည်း

ပျောက်ဆုံးသွားသလို ခံစားလာရတတ်ပြီး မပျော်ရွှငနိုင်တော့ပါဘူး။အချစ်ဆိုတာ တစ်ဖက်လူကို ကိုယ်လိုချင်တဲ့ပုံစံ လုပ်ယူခြင်းမဟုတ်ပဲ သူ့ရဲ့ အရှိအတိုင်းကိုပဲ လက်ခံတတ်ရမယ် ဆိုပြီး မှတ်ယူထားတတ်ကြတာကြောင့်ပဲ ဖြစ်ပါတယ်။တစ်ခြားတစ်ယောက်နဲ့ နှိုင်းယှဉ်တတ်တယ်ကိုယ့်ချစ်သူက ကိုယ့်ကို တစ်ခြားတစ်ယောက်နဲ့ အမြဲလိုလို နှိုင်းယှဉ်ပြနေတဲ့အခါ အရမ်းကို စိတ်ပျက်စရာ ကောင်းနေမှာ အမှန်ပါ။တစ်ခြား

မိန်းကလေးတစ်ယောက်ရဲ့ နေပုံထိုင်ပုံ၊ ပြောဆို ပြုမူပုံတွေနဲ့ကိုယ့်ကို လာနှိုင်းယှဉ်နေတယ်ဆိုကတည်းကကိုယ့်ကိုယ်တစ်စက်မှ အထင်မကြီးပဲ တစ်ခြားမိန်းကလေးကိုပဲ သဘောကျ

နှစ်သက်နေသလိုပါပဲ။ဒီလို ကိစ္စတွေမျိုးတွေကြုံလာရတဲ့အခါ မိန်းကလေးတွေဟာ ချစ်နေရက်နဲ့တောင် လမ်းခွဲဖို့ ဝန်မလေးတတ်ကြပါဘူး။လေးစားမှု မရှိဘူးချစ်သူရည်းစားပဲ ဖြစ်ဖြစ်၊ သူငယ်ချင်းပဲ ဖြစ်ဖြစ် ဒါမှမဟုတ် မိသားစုပဲ ဖြစ်ဖြစ် ဘယ်လောက်ပဲ ရင်းနှီးတဲ့သူတွေ ဖြစ်နေပါစေလေးစားတတ်မှုဆိုတဲ့ အရာလေးကို ကြားခံထားနိုင်မှ

အဲဒီ့ ဆက်ဆံရေးဟာ တည်မြဲတာဖြစ်ပါတယ်။သူက ငါ့သားသမီးပဲ၊ သူကငါ့ချစ်သူပဲ ဆိုပြီး ပြောချင်သလိုပြော၊ ကိုယ်စိတ်ထင်သလို ပြုမူနေရင်တော့ လုံးဝ အဆင်မပြေနိုင်ပါဘူး။

ဒီလို လေးစားမှု မရှိတဲ့ ဆက်ဆံရေးမျိုးကို မိန်းကလေးတွေက အရမ်းကို မုန်းတတ်ကြတဲ့အတွက်ကိုယ့်ကိုယ် လေးစားမှု မရှိတဲ့သူကို လမ်းခွဲဖို့ ဖြစ်လာတတ်ကြပါတယ်။ကိုယ်ကပဲ တစ်ဖက်သတ် ဂရိုစိုက်နေရသလို ခံစားလာရတယ်Relationship တစ်ခုမှာ နှစ်ဦးနှစ်ဖက် ဂရုစိုက် နွေးထွေးမှုတွေနဲ့ ချစ်ခင်နေမှ ဒီဆက်ဆံရေးဟာ ရေရှည်မှာ အဆင်ပြေနိုင်တာပါ။

ကိုယ့်ချစ်သူက ကိုယ့်ကို လုံးဝဂရုစိုက် အလေးထားမှု မရှိပဲ ကိုယ်ကချည်း ဂရုစိုက် ချစ်ပေးနေရတဲ့ အခါမှာတော့ဒီဆက်ဆံရေးဟာ ဘယ်လိုမှ မနွေးထွေးနိုင်တော့ပါဘူး။ဒီလိုမျိုး ခံစားလာရပြီ

ကိုယ့်ချစ်သူက သွေးအေးလာပြီး ကိုယ့်ကိုစိမ်းကားနေတာ ဂရုစိုက်ဖို့ မေ့လျော့နေတဲ့ အခါမျိုးမှာ မိန်းကလေးတွေဟာ ချစ်နေရက်နဲ့တောင် ကိုယ့်ကို တန်ဖိုးမထားတဲ့သူကို ချန်ရစ်ထားခဲ့နိုင်ကြပါတယ်နော်။

Credit

Unicode