Knowledge

ငွေထက်ယောက်ျားကို ချစ်တဲ့မိန်းမဆိုတာ

အိမ်ရှေ့မှာ တီဗီကြည့်ရင်း ဒေါသတွေတရှူးရှူးဖြစ်နေတဲ့ ယောက်ျားဖြစ်သူကို

သူ့မိန်းမက….”ယောက်ျား… ဘာဖြစ်နေတာတုန်း”“ဘာဖြစ်ရမလဲမိန်းမရဲ့ ဟိုမှာကြည့်စမ်း ဇတ်ကား ထဲမှာ မိန်းမဖြစ်သူက ယောက်ျားကို သိန်းတစ်ထောင်ရလို့ ရောင်းစားလိုက်သတဲ့”“ဟင်. ဒါက ရုပ်ရှင်ထဲမို့ပါ အဲ့ဒါဘာဖြစ်လို့လဲရှင့်”

“မင်း ဆိုရင်ရော ငါ့ကို ရောင်းစားမှာမို့လား”“အိုရှင်…သိန်းတစ်ထောင်ဆိုတာ ရန်ကုန်မြို့မှာ တိုက်တစ်လုံးတောင်မရတာ ရောင်းစရာလားလို့”“ဒါဆို သိန်းနှစ်ထောင်ဆိုရင်ရောကွာ”“ဟင့်အင်း မရောင်းဘူး”“ငါးထောင်”“လုံးဝမရောင်းဘူး”ယောက်ျားဖြစ်သူရဲ့ မျက်နှာကြီး တစ်ဖြေးဖြေး ပြုံးလာတယ်“သိန်း ခုနှစ်ထောင် ဆိုရင်ရော မိန်းမ”“ဒီမယ် ယောက်ျား ကုန်ကုန်ပြောမယ်..ရှင့်ကိုလေ သိန်းတစ်သောင်းရတောင် ကျုပ်က မရောင်းဘူးရှင့်”“ဝါးးးးးပျော်ပြီလေ အဲ့လောက်ချစ်တာလားမိန်းမရယ်”

“ရှင်ပဲတွေးကြည့်လေ ကုဋေရှစ်ဆယ် သူဌေးသားတောင် နေ့ချင်းညချင်းမွဲသွားသေးတာ ကျုပ်လည်း သုံးရင် မွဲမှာပေါ့”“သြော်..ဒါဆို ငွေထက်ယောက်ျားကိုချစ်တာပေါ့လေ”“မဟုတ်တာ ငွေက အသုံးမခံဘူး ယောက်ျားက တစ်သက်လုံး ခိုင်းစားလို့ရတယ်လေ”“ဟိုက် သွားပါပြီကွာ”။ရယ်မောခြင်းဖြင့် ကျန်းမာကြစေသောဝ်။

Credit

Zawgyi

ငွေထက်ယောက်ျားကို ချစ်တဲ့မိန်းမဆိုတာ…
အိမ်ရှေ့မှာ တီဗီကြည့်ရင်း ဒေါသတွေတရှူးရှူးဖြစ်နေတဲ့ ယောက်ျားဖြစ်သူကို

သူ့မိန်းမက….”ယောက်ျား… ဘာဖြစ်နေတာတုန်း”“ဘာဖြစ်ရမလဲမိန်းမရဲ့ ဟိုမှာကြည့်စမ်း ဇတ်ကား ထဲမှာ မိန်းမဖြစ်သူက ယောက်ျားကို သိန်းတစ်ထောင်ရလို့ ရောင်းစားလိုက်သတဲ့”“ဟင်. ဒါက ရုပ်ရှင်ထဲမို့ပါ အဲ့ဒါဘာဖြစ်လို့လဲရှင့်”“မင်း ဆိုရင်ရော ငါ့ကို ရောင်းစားမှာမို့လား”

“အိုရှင်…သိန်းတစ်ထောင်ဆိုတာ ရန်ကုန်မြို့မှာ တိုက်တစ်လုံးတောင်မရတာ ရောင်းစရာလားလို့”“ဒါဆို သိန်းနှစ်ထောင်ဆိုရင်ရောကွာ”“ဟင့်အင်း မရောင်းဘူး”“ငါးထောင်”“လုံးဝမရောင်းဘူး”ယောက်ျားဖြစ်သူရဲ့ မျက်နှာကြီး တစ်ဖြေးဖြေး ပြုံးလာတယ်“သိန်း ခုနှစ်ထောင် ဆိုရင်ရော မိန်းမ”“ဒီမယ် ယောက်ျား ကုန်ကုန်ပြောမယ်..ရှင့်ကိုလေ သိန်းတစ်သောင်းရတောင် ကျုပ်က မရောင်းဘူးရှင့်”“ဝါးးးးးပျော်ပြီလေ အဲ့လောက်ချစ်တာလားမိန်းမရယ်”“ရှင်ပဲတွေးကြည့်လေ ကုဋေရှစ်ဆယ် သူဌေးသားတောင် နေ့ချင်းညချင်းမွဲသွားသေးတာ ကျုပ်လည်း သုံးရင် မွဲမှာပေါ့”

“သြော်..ဒါဆို ငွေထက်ယောက်ျားကိုချစ်တာပေါ့လေ”“မဟုတ်တာ ငွေက အသုံးမခံဘူး ယောက်ျားက တစ်သက်လုံး ခိုင်းစားလို့ရတယ်လေ”“ဟိုက် သွားပါပြီကွာ”။ရယ်မောခြင်းဖြင့် ကျန်းမာကြစေသောဝ်။

Credit