Local News

ဟိုဘက်ရပ်ကွက်ဘာတွေတုန်လှုပ်ကြောက်နေလဲဆိုတာ ပြောလိုက်တဲ့ ပန်ဆယ်လို

ဟိုဘက်ရပ်ကွက်ဘာတွေတုန်လှုပ်ကြောက်နေလဲဆိုတာပြောလိုက်တဲ့ပန်ဆယ်လိုဟိုဘက်ရပ်ကွက်ကတော့အလျှော့ခံရမှာကြောက်လို့ထောင်ထဲဝင်နေပါရစေဖြစ်ကုန်ကြပြီ။ပြည်ထဲရေးဝန်ကြီးကတော်ကအိမ်မှာနေတာတောင်PDFကိုကြောက်လို့ဆိုပြီးအဖော်ခေါ်အိပ်နေရရှာသတဲ့။

ကျေနပ်တယ်။အဇမ်းကိုကျေနပ်တာ။ငါတို့ဘက်ကိုလက်နက်အားကိုးနဲ့ဖိနှိပ်ခဲ့တဲ့အကြောက်တရားကိုတန်ပြန်ခံစားနေကြရပြီမလား။လက်ဗလာဆိုင်းဘုတ်ကိုင်ပြီးဒီမိုကရေစီကိုတောင်းခံခဲ့ကြတုန်းကနင်တို့ရက်စက်ခဲ့ကြတယ်။လက်နက်မဲ့ပြည်သူတွေကိုဦးခေါင်းတည့်တည့်ချိန်ပစ်ပြီးအသေသတ်ခဲ့ကြတယ်။အညှာတာမရှိဖမ်းဆီးရိုက်နှက်ထောင်ထဲထည့်ခဲ့ကြတယ်။လူပေါင်းထောင်ချီနီးပါးအသက်ပေးခဲ့ကြရတယ်။ပြည်သူဘက်ကတောင်းယူလို့မရဘူး၊တိုက်ယူမှရမယ်နားလည်ပြီးနောက်လက်နက်ကိုင်လမ်းစဉ်ကိုရွေးချယ်ခဲ့ကြရတယ်။

နာကျည်းသွားတဲ့ပြည်သူဟာနင်တို့အားလုံးကိုရန်သူလို့အပြီးစာရင်းမှတ်လိုက်ကြပြီ။တန်ပြန်မှုတွေစတာနှစ်လမကြာသေးပါဘူး။သိပ်ကြောက်နေကြပြီမလား။နောက်ကျောမလုံတော့ဘူးမလား။အကြောက်တရားကိုစိမ့်နေအောင်ခံစားလာရပြီမလား။စစ်ကားကိုသံဇကာကာ၊ခေါင်းပေါ်မှာမွေ့ရာတင်ပြီးသွားရတဲ့အဆင့်ထိ သွေးပျက်နေကြပြီမလား။ရပ်ကွက်ထဲဝင်ပြီးအသံဗုံးတွေပစ်၊သေနတ်ဖောက်ရမ်းကားတုန်းက ကျည်ဖောက်သံကို
လှောင်ရယ်ပြီးHappy New Yearလို့အော်ကြတဲ့သတ္တိမျိုး နင်တို့ဘက်မှာမရှိတာသေချာတယ်။

လက်နက်ကိုင်လူမဆန်ခဲ့တာတွေအတိုးအရင်းပေါင်း ပြန်ပေးစေရမယ်။ပြည်သူကိုအညှာအတာမဲ့ခဲ့လေသမျှ ပြည်သူကအညှာအတာပြန်မဲ့တဲ့အခါခံယူရဲဖို့သတ္တိမွေးထား။ထူးထွေပြီးထောင်ထဲသွားမနေပါနဲ့။ထောင်ထဲကဒီမိုကရေစီတောင်းဆိုသူတွေကလည်းစောင့်နေကြပါလိမ့်မယ်။PDFကိုထူးထွေကြောက်မနေပါနဲ့။ပြည်သူအားလုံးPDFတွေချည်းပါပဲ။လက်နက်မဲ့ပြည်သူကိုဘယ်ကောင်သေရဲလဲမေးခဲ့သမျှ တရိရိ ပြန်ပေးဆပ်ကြရလိမ့်မယ်။အတုံ့အလှည့်လေးတွေတော့အခုလိုရှိတယ်။နောက်ပိုင်းပိုကြမ်းလာဦးမှာ။

Credit

Unicode

ဟိုဘက်ရပ်ကွက်ဘာတွေတုန်လှုပ်ကြောက်နေလဲဆိုတာပြောလိုက်တဲ့ ပန်ဆယ်လိုဟိုဘက်ရပ်ကွက်ကတော့အလျှော့ခံရမှာကြောက်လို့ထောင်ထဲဝင်နေပါရစေဖြစ်ကုန်ကြပြီ။ပြည်ထဲရေးဝန်ကြီးကတော်ကအိမ်မှာနေတာတောင်PDFကိုကြောက်လို့ဆိုပြီးအဖော်ခေါ်အိပ်နေရရှာသတဲ့။

ကျေနပ်တယ်။အဇမ်းကိုကျေနပ်တာ။ငါတို့ဘက်ကိုလက်နက်အားကိုးနဲ့ ဖိနှိပ်ခဲ့တဲ့အကြောက်တရားကိုတန်ပြန်ခံစားနေကြရပြီမလား။လက်ဗလာဆိုင်းဘုတ်ကိုင်ပြီးဒီမိုကရေစီကိုတောင်းခံခဲ့ကြတုန်းကနင်တို့ရက်စက်ခဲ့ကြတယ်။လက်နက်မဲ့ပြည်သူတွေကိုဦးခေါင်းတည့်တည့်ချိန်ပစ်ပြီးအသေသတ်ခဲ့ကြတယ်။အညှာတာမရှိဖမ်းဆီးရိုက်နှက်ထောင်ထဲထည့်ခဲ့ကြတယ်။လူပေါင်းထောင်ချီနီးပါးအသက်ပေးခဲ့ကြရတယ်။ပြည်သူဘက်ကတောင်းယူလို့မရဘူး၊တိုက်ယူမှရမယ်နားလည်ပြီးနောက်လက်နက်ကိုင်လမ်းစဉ်ကိုရွှေးချယ်ခဲ့ကြရတယ်။

နာကျည်းသွားတဲ့ပြည်သူဟာနင်တို့အားလုံးကိုရန်သူလို့အပြီးစာရင်းမှတ်လိုက်ကြပြီ။တန်ပြန်မှုတွေစတာနှစ်လမကြာသေးပါဘူး။သိပ်ကြောက်နေကြပြီမလား။နောက်ကျောမလုံတော့ဘူးမလား။အကြောက်တရားကိုစိမ့်နေအောင်ခံစားလာရပြီမလား။စစ်ကားကိုသံဇကာကာ၊ခေါင်းပေါ်မှာမွေ့ရာတင်ပြီးသွားရတဲ့အဆင့်ထိသွေးပျက်နေကြပြီမလား။ရပ်ကွက်ထဲဝင်ပြီးအသံဗုံးတွေပစ်၊သေနတ်ဖောက်ရမ်းကားတုန်းကကျည်ဖောက်သံကိုလှောင်ရယ်ပြီးHappy New Yearလို့အော်ကြတဲ့သတ္တိမျိုးနင်တို့ဘက်မှာမရှိတာသေချာတယ်။

လက်နက်ကိုင်လူမဆန်ခဲ့တာတွေအတိုးအရင်းပေါင်း ပြန်ပေးစေရမယ်။ပြည်သူကိုအညှာအတာမဲ့ခဲ့လေသမျှပြည်သူကအညှာအတာပြန်မဲ့တဲ့အခါခံယူရဲဖို့သတ္တိမွေးထား။ထူးထွေပြီးထောင်ထဲသွားမနေပါနဲ့။ထောင်ထဲကဒီမိုကရေစီတောင်းဆိုသူတွေကလည်းစောင့်နေကြပါလိမ့်မယ်။PDFကိုထူးထွေကြောက်မနေပါနဲ့။ပြည်သူအားလုံးPDFတွေချည်းပါပဲ။လက်နက်မဲ့ပြည်သူကိုဘယ်ကောင်သေရဲလဲမေးခဲ့သမျှတရိရိပြန်ပေးဆပ်ကြရလိမ့်မယ်။အတုံ့အလှည့်လေးတွေတော့အခုလိုရှိတယ်။နောက်ပိုင်းပိုကြမ်းလာဦးမှာ။

Credit