Local News

ထောင်က လွတ်လာပေမယ့်လည်း မိသားစုဝင်များက လာမကြိုတဲ့အပြင် အိမ်လည်းပြန်မလာခိုင်းတဲ့ လူငယ်လေးတွေရဲ့ ဝမ်းနည်းစရာ အဖြစ်

မနေ့ကဆိုရင်တော့ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့နိုင်ငံရေးသမားတွေပြန်လည်လွတ်မြောက်ခဲ့တာကြောင့်ပြည်သူအားလုံးကမိသားစုတွေနဲ့ထပ်တူပျော်ရွှင်ခဲ့ကြရပါတယ်။လွှတ်ပေးမယ်ဆိုတဲ့သတင်းရကတည်းက

အင်းစိန်ထောင်အရှေ့မှာ အသီးသီးလာစောင့်ကြတဲ့မိသားစုဝင်တွေကတစ်စတစ်စများပြားခဲ့တာဖြစ်ပြီးညနေစောင်းသည်အထိမျှော်လင့်ချက်အပြည့်နဲ့စောင့်နေကြတာပါ။ညပိုင်း၆နာရီလောက်မှဖမ်းဆီးထားသူတွေကိုစတင်လွှတ်ခဲ့ပေးတာကိုလည်းတွေ့ရပါတယ်။

ကားထဲမှာပါသွားတဲ့သူတွေထဲမှာကိုယ့်သူငယ်ချင်း၊မိသားစုဝင်တွေများပါမလားလို့နာမည်တွေအော်ခေါ်ခဲ့ကြတဲ့မြင်ကွင်းတွေကလည်း

တကယ်ကိုမျက်ရည်ကျသည်အထိပီတိဖြစ်မိတာပါ။

မိဘတွေဆိုရင်လည်းကိုယ့်သားသမီးကိုတွေ့လို့ပွေ့ဖက်ကြတာရှိသလို အဖွားတစ်ယောက်ဆိုသူမြေးလေးကိုလာစောင့်နေပေမယ့်လည်း

လွတ်မြောက်တဲ့အထဲမပါလာလို့ညိုးနွမ်းနေတဲ့သပြေပန်းလေးကိုင်ကာကားလေးဌားပြီးပြန်သွားရရှာတာတွေလည်းရှိပါတယ်။တစ်ဖက်မှာဒီလိုမိသားစုဝင်တွေရှိသလိုတစ်ဖက်မှာလည်းလာမကြိုကြတဲ့အပြင်ရှက်လို့ကြောက်လို့ဆိုပြီးအိမ်တောင်ပြန်မလာခိုင်းတဲ့

မိသားစုတွေလည်းရှိနေပါတယ်။မနေ့ကဆိုရင်အိမ်ကပြန်မလာခိုင်းလို့စားဖို့နေဖို့ဒုက္ခရောက်နေတဲ့လူငယ်လေးတွေရဲ့ပို့စ်လေးတွေလူမှုကွန်ရက်ထက်မှာပျံ့နှံ့ခဲ့ပါတယ်။

အိမ်ကလက်မခံတာကြောင့်လူငယ်လေးတွေကိုနီးစပ်ရာမိတ်ဆွေ သူငယ်ချင်းတွေကပဲစားသောက်ဖို့ကူငွေတွေကူညီပေးခဲ့တယ်လို့သိရပါတယ်။ပရိသတ်ကြီးအတွက်ထောင်ကလွတ်မြောက်လာပေမယ့်လည်းအိမ်ကလက်မခံကြတဲ့လူငယ်လေးရဲ့ဝမ်းနည်းစရာအဖြစ်ကို ဝေမျှပေးလိုက်ပါတယ်။

Credit

Unicode

မနေ့ကဆိုရင်တော့ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့နိုင်ငံရေးသမားတွေပြန်လည်လွတ်မြောက်ခဲ့တာကြောင့်ပြည်သူအားလုံးကမိသားစုတွေနဲ့ထပ်တူပျော်ရွှင်ခဲ့ကြရပါတယ်။

လွှတ်ပေးမယ်ဆိုတဲ့သတင်းရကတည်းကအင်းစိန်ထောင်အရှေ့မှာ အသီးသီးလာစောင့်ကြတဲ့မိသားစုဝင်တွေကတစ်စတစ်စများပြားခဲ့တာဖြစ်ပြီးညနေစောင်းသည်အထိမျှော်လင့်ချက်အပြည့်နဲ့စောင့်နေကြတာပါ။ညပိုင်း၆နာရီလောက်မှဖမ်းဆီးထားသူတွေကိုစတင်လွှတ်ခဲ့ပေးတာကိုလည်းတွေ့ရပါတယ်။

ကားထဲမှာပါသွားတဲ့သူတွေထဲမှာကိုယ့်သူငယ်ချင်း၊မိသားစုဝင်တွေများပါမလားလို့နာမည်တွေအော်ခေါ်ခဲ့ကြတဲ့မြင်ကွင်းတွေကလည်းတကယ်ကိုမျက်ရည်ကျသည်အထိ

ပီတိဖြစ်မိတာပါ။မိဘတွေဆိုရင်လည်းကိုယ့်သားသမီးကိုတွေ့လို့ပွေ့ဖက်ကြတာရှိသလို

အဖွားတစ်ယောက်ဆိုသူမြေးလေးကိုလာစောင့်နေပေမယ့်လည်း လွတ်မြောက်တဲ့အထဲမပါလာလို့ညိုးနွမ်းနေတဲ့သပြေပန်းလေးကိုင်ကာကားလေးဌားပြီးပြန်သွားရရှာတာတွေလည်းရှိပါတယ်။တစ်ဖက်မှာဒီလိုမိသားစုဝင်တွေရှိသလိုတစ်ဖက်မှာလည်းလာမကြိုကြတဲ့အပြင်ရှက်လို့ကြောက်လို့ဆိုပြီးအိမ်တောင်ပြန်မလာခိုင်းတဲ့

မိသားစုတွေလည်းရှိနေပါတယ်။မနေ့ကဆိုရင်အိမ်ကပြန်မလာခိုင်းလို့စားဖို့နေဖို့ဒုက္ခရောက်နေတဲ့လူငယ်လေးတွေရဲ့ပို့စ်လေးတွေလူမှုကွန်ရက်ထက်မှာပျံ့နှံ့ခဲ့ပါတယ်။အိမ်ကလက်မခံတာကြောင့်လူငယ်လေးတွေကိုနီးစပ်ရာမိတ်ဆွေ သူငယ်ချင်းတွေကပဲစားသောက်ဖို့ကူငွေတွေကူညီပေးခဲ့တယ်လို့သိရပါတယ်။

ပရိသတ်ကြီးအတွက်ထောင်ကလွတ်မြောက်လာပေမယ့်လည်းအိမ်ကလက်မခံကြတဲ့လူငယ်လေးရဲ့ဝမ်းနည်းစရာအဖြစ်ကို ဝေမျှပေးလိုက်ပါတယ်။

Credit