Local News

သူ့ရဲသမီးလေးကို ထောင်ပေါက်ဝရှေ့မှာ မျှော်လင့်တကြီးစောင့်ခဲ့ပေမယ့် လွတ်မယ့်အထဲမှာပါမလာတာကြောင့်သွေးတက်ပြီးအသက်ဆုံးရှုံးသွားတဲ့ ဖခင်တစ်ဦး

ဖေဖော်ဝါရီလ (၁)ရက်နေ့မှာ ရုတ်တရက်ဖြစ်ပေ ါ်လာတဲ့ ဒီအခြေအနေကို လူကြီး၊လူငယ်​ေေေေေကတတ်နိုင်တဲ့နေရာကနေ ပါဝင်အားဖြည့်ပေးခဲ့ကြတာဖြစ်ပါတယ်။ဒါ့ကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူတွေရှိတဲ့အ ပြင် ၅၀၅(က)ပုဒ်မနဲ့ဖမ်းဝရမ်းထုတ်ခံရသူတွေလည်းရှိပါတယ်။မနေ့က ဇွန်လ (၃၀)ရက်နေ့မှာဆိုရင်တော့ ဖမ် းဆီးထိန်းသိမ်းခံထားရတဲ့လူကြီး၊လူငယ်တချို့ကို ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။
မိသားစုဝင်တွေကလည်း ပြန်လွှတ်မယ်လို့သ တ င်းကြားတာကြောင့် အမြို့မြို့၊အနယ်နယ်ရဲ့ သ က်ဆိုင်ရာနေရာရှေ့မှာ သွားရောက်စောင့်ဆိုင်းခဲ့ကြတာဖြစ်ပါတယ်။မြစ်ကြီးနားအကျဉ်းထောင်မှာလည်း ဖမ်းဆီးခံရသူတချို့ကို လွှတ်ပေးမှာဖြစ်တာကြောင့် မိသ ားစုဝင်တွေခမျာမျှော်လင့်တကြီးနဲ့ ရင်ခုန်ခဲ့ရတာဖြစ်ပါတယ်။ဦးလေးကြီးတစ်ယောက်ကလည်း ၅၀ ၅ (က) ပု ဒ်မနဲ့ အမှုရင်ဆိုင်နေရတဲ့ သူ့ရဲ့သမီးလေး လွှတ်မယ့်အထဲပါမလားလို့ ။အကျဉ်းထောင်ရှေ့မှာ ခေါက်တုန့်ခေါက်ပြန် လ မ်းလျှောက်ရင်းသမီးထွက်အလာကို စောင့်နေခဲ့ရှာတာဖြစ်ပါတယ်။

သမီးလေးကို မျှော်လင့်တကြီးစောင့်နေခဲ့ပေမ ယ့် ဒီနေ့လွှတ်တဲ့အထဲပါမလာခဲ့တာကြောင့် ဖခ င်ဖြစ်သူခမျာ သွေးတက်ပြီး အသက်ဆုံးရှုံးသွားခဲ့တာဖြစ်ပါတယ်။ညနေစောင်းတဲ့အချိန်မှာ အိမ်မှာဘဲ ကွယ်လွန်သွားတာကြောင့် မိသားစုဝင်တွေလည်း ဖြည်မဆည်နိုင်အောင်ဖြစ်ရပြီး သူ့သမီးလေးလည်းမသိသွားခဲ့ရှာတာဖြစ်ပါတယ်။သူအားကိုးပြီးချစ်ရတဲ့ သမီးလေးကို ဖခင်မေ တ္တာအပြည့်နဲ့ထောင်ပေါက်ဝမှာ အချိန်အကြာကြီးစောင့်ခဲ့ပေမယ့် မလွတ်လာခဲ့တာကြောင့် စိတ်ထိခိုက်သွားရတာဖြစ်ပါတယ်။

ပြန်လွတ်လာတဲ့သူတွေအတွက်လည်း အရမ်းပျော်ရွှင်ရသလို မလွတ်သေးဘဲ အထဲမှာကျန်နေခဲ့သူတွေလည်း။


အမြန်ဆုံးပြန်လည်လွတ်မြောက်ပါစေလို့ ဆု တေ ာင်းရင်း စိတ်မကောင်းစရာအဖြစ်အပျက်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Credit