Local News

သရုပ်ဆောင်ပိုင်တံခွန် လွတ်မြောက်လာပြီလို့ လက်ရှိမှာထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ဖြေရှင်းလာတဲ့ သူ့ရဲ့မိသားစုဝင်တစ်ဦး

သရုပ်ဆောင်ပိုင်တံခွန် လွတ်မြောက်လာပြီလို့ လက်ရှိမှာထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ဖြေရှင်းလာတဲ့ သူ့ရဲ့မိသားစုဝင်တစ်ဦးယနေ့ဇွန်လ (၃၀)ရက်နေ့မှာတော့

မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်တွေကနေ အကျဉ်းသား (၂၀၀၀)ကျော်ခန့်ကို လွှတ်ပေးမှာဖြစ်ကြောင်း သတင်းတွေထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ဒါကြောင့် ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေရဲ့မိသားစုဝင်တွေက ထောင်ပေါက်ဝအရှေ့မှာ မနက်ကတည်းက သွားစောင့်နေကြတာ ဖြစ်ပါတယ်။

ယနေ့ညနေပိုင်းမှာတော့ မြစ်ကြီးနား၊ထားဝယ်၊လားရှိုးတို့မှာရှိတဲ့ အကျဉ်းထောင်တွေကနေ ဖမ်းဆီးခံပြည်သူတစ်ချို့ လွတ်မြောက်လာခဲ့ပြီ ဖြစ်ပါတယ် ။ယနေ့မှာလွတ်မြောက်လာမယ့် ပြည်သူတွေထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အနုပညာရှင်တွေလည်း ပါဝင်လာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့

အားလုံးက စောင့်စားနေကြတာ ဖြစ်ပါတယ်။ဒါပေမဲ့ လူမှုကွန်ယက်စာမျက်နှာတွေထက်မှာတော့ သရုပ်ဆောင်ပိုင်တံခွန် လွတ်မြောက်လာပြီဆိုပြီး သတင်းအမှားတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး ပိုင်တံခွန်ရဲ့မိသားစုဝင်တစ်ဦးက ပြန်ဖြေရှင်းထားတာလည်း တွေ့ရပါတယ်။ပိုင်တံခွန်ရဲ့မိသားစုဝင်တစ်ဦးက “အပိုင်ကြီးကို ရေးတင်နေကြတာ မျက်စိနဲ့တပ်အပ် မြင်ခဲ့ကြလို့လား?

မိသားစုထက်တောင် ပိုသိနေကြတာနော် စိတ်တိုနေရတဲ့အထဲဘုမသိ ဘမသိနဲ့ အာမချောင်ကြပါနဲ့ တောင်းပန်ပါတယ ဆိုပြီးသတင်းအမှားတွေမဖြန့်ကြဖို့ ပြောထားတာ ဖြစ်ပါတယ် ။ အစ်မဖြစ်သူရဲ့ရေးသားပြောပြချက်အရ

သရုပ်ဆောင် ပိုင်တံခွန်က အခုချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးတာကြောင့် မိသားစုဝင်တွေက ဆက်လက်စောင့်မျှော်နေရဆဲ ဖြစ်ပါတယ်။ ပြည်သူတွေနဲ့ ပရိသတ်တွေကလည်

း ပိုင်တံခွန်အမြန်ဆုံး လွတ်မြောက်စေဖို့အတွက် ဆုတောင်းနေကြတာ ဖြစ်ပါတယ်။

Credit

Unicode

သရုပ်ဆောင်ပိုင်တံခွန် လွတ်မြောက်လာပြီလို့ လက်ရှိမှာထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ဖြေရှင်းလာတဲ့ သူ့ရဲ့မိသားစုဝင်တစ်ဦး

ယနေ့ဇွန်လ (၃၀)ရက်နေ့မှာတော့ မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်တွေကနေ အကျဉ်းသား (၂၀၀၀)ကျော်ခန့်ကို လွှတ်ပေးမှာဖြစ်ကြောင်း သတင်းတွေထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ဒါကြောင့် ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေရဲ့မိသားစုဝင်တွေက ထောင်ပေါက်ဝအရှေ့မှာ မနက်ကတည်းက သွားစောင့်နေကြတာ ဖြစ်ပါတယ်။

ယနေ့ညနေပိုင်းမှာတော့ မြစ်ကြီးနား၊ထားဝယ်၊လားရှိုးတို့မှာရှိတဲ့ အကျဉ်းထောင်တွေကနေ ဖမ်းဆီးခံပြည်သူတစ်ချို့ လွတ်မြောက်လာခဲ့ပြီ ဖြစ်ပါတယ် ။ယနေ့မှာလွတ်မြောက်လာမယ့် ပြည်သူတွေထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အနုပညာရှင်တွေလည်း ပါဝင်လာမယ်ဆိုတဲ့

မျှော်လင့်ချက်နဲ့ အားလုံးက စောင့်စားနေကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ လူမှုကွန်ယက်စာမျက်နှာတွေထက်မှာတော့ သရုပ်ဆောင်ပိုင်တံခွန် လွတ်မြောက်လာပြီဆိုပြီး သတင်းအမှားတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး ပိုင်တံခွန်ရဲ့မိသားစုဝင်တစ်ဦးက ပြန်ဖြေရှင်းထားတာလည်း တွေ့ရပါတယ်။ပိုင်တံခွန်ရဲ့မိသားစုဝင်တစ်ဦးက “အပိုင်ကြီးကို ရေးတင်နေကြတာ မျက်စိနဲ့တပ်အပ် မြင်ခဲ့ကြလို့လား? မိသားစုထက်တောင် ပိုသိနေကြတာနော် စိတ်တိုနေရတဲ့အထဲ..ဘုမသိ ဘမသိနဲ့ အာမချောင်ကြပါနဲ့ တောင်းပန်ပါတယ်ဆိုပြီး

သတင်းအမှားတွေမဖြန့်ကြဖို့ ပြောထားတာ ဖြစ်ပါတယ် ။ အစ်မဖြစ်သူရဲ့ရေးသားပြောပြချက်အရ သရုပ်ဆောင် ပိုင်တံခွန်က အခုချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးတာကြောင့်မိသားစုဝင်တွေက ဆက်လက်စောင့်မျှော်နေရဆဲ ဖြစ်ပါတယ်။ ပြည်သူတွေနဲ့ ပရိသတ်တွေကလည်း ပိုင်တံခွန်အမြန်ဆုံး လွတ်မြောက်စေဖို့အတွက် ဆုတောင်းနေကြတာ ဖြစ်ပါတယ်။

Credit