Love

ရန်ဖြစ်စကားများတိုင်း ကျေးဇူးပြု ပြီး ဖုန်း မပိတ်ထားလိုက်ပါနဲ့

ရန်ဖြစ်စကားများတိုင်း ကျေးဇူးပြု ပြီး ဖုန်း မပိတ်ထားလိုက်ပါနဲ့ အဆက်အသွယ်လုပ်စရာဆိုလို့ အဲ့ဖုန်းနံပါတ်လေးပဲ ရှိတာမို့လို့ပါစိတ်ဆိုးစိတ်ကောက်တိုင်း အရွဲ့တိုက်ပြီး Blocklist ထဲ မထည့်လိုက်ပါနဲ့

လူချင်းတွေ့ပြီး လာချော့လို့ရတဲ့အနေအထားမျိုး မဟုတ်လို့ပါမတည့်တာတွေ မစားဖို့မှာတဲ့အခါ ဘုကလန့်မတိုက်ပါနဲ့ နေမကောင်းမကျန်းမာရင် အနားမှာနေပေးဖို့ မဖြစ်နိုင်သေးတဲ့ အကွာအဝေးမှာမို့လို့ပါသူငယ်ချင်းတွေ သူတို့အတွဲတွေနဲ့ အပြင်ခေါ်လည်တိုင်း မလိုက်ရဘူး တားတဲ့အချိန်တိုင်း စိတ်ခုမသွားပါနဲ့ တခြားအတွဲတွေကြား ကိုယ့်ခလေး ကိုယ့်ကိုယ်သတိရနေပြီး မျက်နှာငယ် ဝမ်းနည်းနေမှာ တွေးပြီး

စိတ်ပူလို့ပါဘာကိစ္စနဲ့မှ မငိုစေချင်ဘူး မျက်ရည်ကျလို့ ဝမ်းနည်းချိန်တိုင်း ကိုယ့်ခလေးရဲ့ ရှိုက်သံလေးပဲ နားထောင်ခွင့်ရှိတယ် ကူသိမ်းပေးခွင့်မရှိသလို ထွေးပွေ့နှစ်သိမ့်ပေးခွင့်လည်း မရှိနေပြန်ဘူးခလေး စိတ်မကောင်းဖြစ်လို့ ဝမ်းနည်းချိန်တိုင်း ကိုယ်လည်း အသံမထွက် တိတ်တိတ်လေး မျက်ရည်ကျမိတဲ့ အခိုက်အတန့်တွေ ရှိခဲ့တယ် ဘာမှမလုပ်ပေးနိုင်လို့ စိတ်မကောင်းဖြစ်မိလို့ပါအဆင်ပြေလားမေးတဲ့

အချိန်တိုင်း Screen တစ်ဖက်က ခလေး အပြုံးလေး ပဲ မြင်ခွင့်ရပြီး တကယ်မှ အဆင်ပြေရဲ့လားဆိုတာ screen ဘက်တခြမ်းမှာရှိနေတာ ကိုယ် ကြည့်ဖို့မဖြစ်သေးတာမို့ အဆင်ပြေပါတယ် အပြန်အလှန် မုသား လှလှလေးတွေနဲ့ ဖြေသိမ့်ရင်း တကယ်အဆင်မပြေနေတာ ခလေးနဲ့ ကိုယ်အသိဆုံးပါဘာအကြောင်းနဲ့မှ စက်ပိတ်မထားပါနဲ့ ဖုန်းထဲကနေပဲ အနီးစက်ဆုံးနေခွင့်ရှိတဲ့ အနေအထားမို့ ကျေးဇူးပြုပြီး အဆက်အသွယ် မပိတ်လိုက်ပါနဲ့ ဖုန်းထဲကနေပဲ ချော့ခွင့်ရတဲ့ အခြေအနေမျိုးမို့လို့ပါ

Credit

Unicode