Knowledge

အိပ်တဲ့အခါမှာ ဆံပင်စည်းပြီး မအိပ်သင့်တဲ့အကြောင်းအရင်းများ

အိပ်တဲ့အခါမှာ ဆံပင်စည်းပြီး မအိပ်သင့်တဲ့အကြောင်းအရင်းများအိပ်တဲ့အခါမှာ ဆံပင်ချပြီးအိပ်ရင် ဆံပင်တွေရှုပ်တယ်ဆိုပြီး စည်းအိပ်ကြတာမျိုးရှိပါတယ်။ဒီလိုဆံပင်စည်းအိပ်တာက တစ်ရက်ဆိုတစ်ရက် ဆံပင်ပျက်စီးတာ အရမ်းသိသာပါတယ်။

ဒါကြောင့် အိပ်တဲ့အခါမှာ ဆံပင်စည်းပြီးမအိပ်သင့်တဲ့ အကြောင်းအရင်တွေကို ပြောပြပေးလိုက်ပါတယ်။ဆံပင်ကျွတ်စေတယ်ဆံပင်စည်းပြီးအိပ်ရင် ဆံပင်တွေကို အမြစ်ကကနေဆွဲထားသလိုဖြစ်တဲ့အတွက် ဆံပင်တွေကျွတ်လာစေပါတယ်။ ဆံပင်စည်းအိပ်ပြီးအိပ်ယာနိုးလို့ ခေါင်းဖြီးလိုက်ရင် ဆံပင်တွေအများကြီး ကျွတ်ပါလာတာကို တွေ့ရမှာပါ။ဆံသားပျက်စီးစေတယ်ဆံပင်စည်းပြီးအိပ်ရင် ဆံပင်ကျွတ်တဲ့အတွက် ဆံသားတွေလည်း တဖြေးဖြေးနဲ့ပျက်စီးလာမယ်။ အဓိကကတော့ ဆံပင်အောက်ဖျားတွေဖွာပြီး၊ ကျိုးကြေသလိုတွေ ဖြစ်လာမယ်။

အောက်ဖျားတွေအရမ်းပျက်စီးလာမယ်။ ဆံသားခြောက်သွေ့လာပါမယ်။ထိပ်ပြောင်စေတယ်ဆံပင်တွေကျွတ်လာတာများရင် ထိပ်တွေကွက်လာတာ၊ ကျွတ်တာများတဲ့နေရာက ကွက်ပြီးပြောင်လာတာမျိုး ဖြစ်ပါတယ်။ဒါကြောင့်အိပ်တဲ့အချိန်မှာလည်း ဆံပင်စည်းပြီးမအိပ်သင့်သလို၊ ကျန်တဲ့အချိန်တွေမှာလည်း ဆံပင်ကို တင်းကျပ်နေအောင် ခဏခဏစည်းတာမျိုး မလုပ်သင့်ပါဘူး။ခေါင်းကိုက်စေတယ်ဆံပင်ကိုတင်းကျပ်နေအောင်စည်းထားပြီး

အိပ်မယ်ဆိုရင်တော့ ဆံသားတွေကို ဆောင့်ဆွဲထားသလိုဖြစ်စေတဲ့အတွက် ခေါင်းအုံတာ၊ခေါင်းကိုက်တာ၊ ဇတ်ကြောတက်တာတွေ ဖြစ်စေပါတယ်။မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

Credit Original upload

Zawgyi

အိပ်တဲ့အခါမှာ ဆံပင်စည်းပြီး မအိပ်သင့်တဲ့အကြောင်းအရင်းများအိပ်တဲ့အခါမှာ ဆံပင်ချပြီးအိပ်ရင် ဆံပင်တွေရှုပ်တယ်ဆိုပြီး စည်းအိပ်ကြတာမျိုးရှိပါတယ်။ဒီလိုဆံပင်စည်းအိပ်တာက တစ်ရက်ဆိုတစ်ရက် ဆံပင်ပျက်စီးတာ အရမ်းသိသာပါတယ်။ဒါကြောင့် အိပ်တဲ့အခါမှာ ဆံပင်စည်းပြီးမအိပ်သင့်တဲ့ အကြောင်းအရင်တွေကို ပြောပြပေးလိုက်ပါတယ်။

ဆံပင်ကျွတ်စေတယ်ဆံပင်စည်းပြီးအိပ်ရင် ဆံပင်တွေကို အမြစ်ကကနေဆွဲထားသလိုဖြစ်တဲ့အတွက် ဆံပင်တွေကျွတ်လာစေပါတယ်။ ဆံပင်စည်းအိပ်ပြီးအိပ်ယာနိုးလို့ ခေါင်းဖြီးလိုက်ရင် ဆံပင်တွေအများကြီး ကျွတ်ပါလာတာကို တွေ့ရမှာပါ။ဆံသားပျက်စီးစေတယ်ဆံပင်စည်းပြီးအိပ်ရင် ဆံပင်ကျွတ်တဲ့အတွက် ဆံသားတွေလည်း တဖြေးဖြေးနဲ့ပျက်စီးလာမယ်။ အဓိကကတော့ ဆံပင်အောက်ဖျားတွေဖွာပြီး၊ ကျိုးကြေသလိုတွေ ဖြစ်လာမယ်။ အောက်ဖျားတွေအရမ်းပျက်စီးလာမယ်။ ဆံသားခြောက်သွေ့လာပါမယ်။

ထိပ်ပြောင်စေတယ်ဆံပင်တွေကျွတ်လာတာများရင် ထိပ်တွေကွက်လာတာ၊ ကျွတ်တာများတဲ့နေရာက ကွက်ပြီးပြောင်လာတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့်အိပ်တဲ့အချိန်မှာလည်း ဆံပင်စည်းပြီးမအိပ်သင့်သလို၊ကျန်တဲ့အချိန်တွေမှာလည်း ဆံပင်ကို တင်းကျပ်နေအောင် ခဏခဏစည်းတာမျိုး မလုပ်သင့်ပါဘူး။ခေါင်းကိုက်စေတယ်ဆံပင်ကိုတင်းကျပ်နေအောင်စည်းထားပြီး အိပ်မယ်ဆိုရင်တော့ ဆံသားတွေကိုဆောင့်ဆွဲထားသလိုဖြစ်စေတဲ့အတွက် ခေါင်းအုံတာ၊ခေါင်းကိုက်တာ၊ ဇတ်ကြောတက်တာတွေ ဖြစ်စေပါတယ်။မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

Credit Original upload