Knowledge

အချိန်တော်တော်များများမှာ မဖြေရှင်းတာဟာ ဝန်ခံတာမဟုတ်ပါဘူး

အချိန်တော်တော်များများမှာ မဖြေရှင်းတာဟာ ဝန်ခံတာမဟုတ်ပါဘူး။ အလေးကို မထားချင်တာပါ။အချိန်တော်တော်များများမှာ နှုတ်ဆိတ်နေတာဟာ ပြောစရာ စကားမရှိလို့ မဟုတ်ပါဘူး။ ပြောတော့လည်း ထူးလာမှာ မဟုလို့ပါ။

အချိန်တော်တော်များများမှာ အငြင်းမပွားတာဟာ သည်းခံစိတ်ကောင်းလွန်းလို့ မဟုတ်ပါဘူး။ ဒေါသဖြစ်ဖို့ကို မထိုက်တန်လို့ ပါ။ကိုယ့်ကိုယ်ကိုယ် သိလွန်း တတ်လွန်းတယ် မထင်ပါနဲ့။ တကယ်တော့ တခြားသူလည်း မအပါဘူး။တစ်ခါတလေမှာ တုံးအချင်ဟန်ဆောင်တိုင်း သူတကယ် အနေတာ မဟုတ်ပါဘူး။ နှုတ်ဆိတ်ခြင်းအနုပညာကို သူနားလည်လို့ပါ။ငါက ဘာလဲဆိုတာ အရေးမကြီးဘူး။ဘယ်သူက ဘာဆိုတာလည်း အရေးမကြီးဘူး။ ရှင်သန်ခြင်းကသာ တန်ဖိုးကြီးတယ်။မလိုအပ်တဲ့အရာတွေအပေါ် သိပ်မဖြုန်းမိပါစေနဲ့။ကိုယ့်ဘဝထဲကို လူတွေအများကြီး ဖိတ်ဝင်စရာ မလိုသလို

လူအများ ကိုယ့်ကို နှစ်သက်ဖို့လည်း မမျှော်လင့်ပါနဲ့။သင့်အပေါ် နားမလည်သူတွေကို ဖြေရှင်းချက် ထုတ်နေစရာမလိုသလို သင့်အပေါ် နားလည်သူတွေက သင့်ရဲ့ဖြေရှင်းချက်တွေကို မလိုပါဘူး။

ဒီလောကမှာ လူတိုင်း ကိုယ့်ကို နှစ်သက်ကြမှာမဟုတ်ဘူး။တချို့က သင့်ကို အားကျတယ်။ တချို့က သင့်ကို မုန်းတယ်။တချို့က သင့်ကို မနာလိုဘူး။ တချို့က သင့်ကို ချစ်ခင်တယ်။ဘဝဆိုတာ ဒီလိုပါပဲကိုယ်လုပ်သမျှက လူတိုင်းကို ကျေနပ်စေမှာ မဟုတ်ဘူး။တခြားသူနှစ်သက်လာအောင် လုပ်ဆောင်ရင်း ကိုယ့်နဂိုကို မပျောက်ဆုံးပါစေနဲ့။တခြားသူရဲ့ပါးစပ်ထဲက သင်ဟာ စစ်မှန်တဲ့သင် မဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကိုယ်သာ အကောင်းဆုံးလုပ်ပါ။ကိုယ်နှစ်သက်တဲ့ ကောင်းမွန်တဲ့ အလုပ်ကလုပ်ပါ။ကိုယ့်လမ်း ကိုယ်လျှောက် ကိုယ့်စတိုင်လ်နဲ့ ကိုယ်နေပါ။သူတို့ပြောချင်တာ ပြောပါစေ ။ ။

နိုင်းနိုင်းစနေ

Credit

Unicode

အချိန်တော်တော်များများမှာ မဖြေရှင်းတာဟာ ဝန်ခံတာမဟုတ်ပါဘူး။ အလေးကို မထားချင်တာပါ။အချိန်တော်တော်များများမှာ နှုတ်ဆိတ်နေတာဟာ ပြောစရာ စကားမရှိလို့ မဟုတ်ပါဘူး။ ပြောတော့လည်း ထူးလာမှာ မဟုလို့ပါ။

အချိန်တော်တော်များများမှာ အငြင်းမပွားတာဟာ သည်းခံစိတ်ကောင်းလွန်းလို့ မဟုတ်ပါဘူး။ ဒေါသဖြစ်ဖို့ကို မထိုက်တန်လို့ ပါ။ကိုယ့်ကိုယ်ကိုယ် သိလွန်း တတ်လွန်းတယ် မထင်ပါနဲ့။ တကယ်တော့ တခြားသူလည်း မအပါဘူး။

တစ်ခါတလေမှာ တုံးအချင်ဟန်ဆောင်တိုင်း သူတကယ် အနေတာ မဟုတ်ပါဘူး။ နှုတ်ဆိတ်ခြင်းအနုပညာကို သူနားလည်လို့ပါ။ငါက ဘာလဲဆိုတာ အရေးမကြီးဘူး။ဘယ်သူက ဘာဆိုတာလည်း အရေးမကြီးဘူး။ ရှင်သန်ခြင်းကသာ တန်ဖိုးကြီးတယ်။မလိုအပ်တဲ့အရာတွေအပေါ် သိပ်မဖြုန်းမိပါစေနဲ့။ကိုယ့်ဘဝထဲကို လူတွေအများကြီး ဖိတ်ဝင်စရာ မလိုသလို

လူအများ ကိုယ့်ကို နှစ်သက်ဖို့လည်း မမျှော်လင့်ပါနဲ့။သင့်အပေါ် နားမလည်သူတွေကို ဖြေရှင်းချက် ထုတ်နေစရာမလိုသလို သင့်အပေါ် နားလည်သူတွေက သင့်ရဲ့ဖြေရှင်းချက်တွေကို မလိုပါဘူး။

ဒီလောကမှာ လူတိုင်း ကိုယ့်ကို နှစ်သက်ကြမှာမဟုတ်ဘူး။တချို့က သင့်ကို အားကျတယ်။ တချို့က သင့်ကို မုန်းတယ်။တချို့က သင့်ကို မနာလိုဘူး။ တချို့က သင့်ကို ချစ်ခင်တယ်။ဘဝဆိုတာ ဒီလိုပါပဲကိုယ်လုပ်သမျှက လူတိုင်းကို ကျေနပ်စေမှာ မဟုတ်ဘူး။တခြားသူနှစ်သက်လာအောင် လုပ်ဆောင်ရင်း ကိုယ့်နဂိုကို မပျောက်ဆုံးပါစေနဲ့။

တခြားသူရဲ့ပါးစပ်ထဲက သင်ဟာ စစ်မှန်တဲ့သင် မဟုတ်ပါဘူး။ကိုယ့်ကိုယ်ကိုယ်သာ အကောင်းဆုံးလုပ်ပါ။ကိုယ်နှစ်သက်တဲ့ ကောင်းမွန်တဲ့ အလုပ်ကလုပ်ပါ။ကိုယ့်လမ်း ကိုယ်လျှောက် ကိုယ့်စတိုင်လ်နဲ့ ကိုယ်နေပါ။သူတို့ပြောချင်တာ ပြောပါစေ။

နိုင်းနိုင်းစနေ

Credit