Love

လူနှစ်ယောက် ပေါင်းသင်းဆက်ဆံရာမှာ အရေးကြီးဆုံးက သက်သောင့်သက်သာရှိဖို့ပဲ

လူနှစ်ယောက် ပေါင်းသင်းဆက်ဆံရာမှာ အရေးကြီးဆုံးက သက်သောင့်သက်သာရှိဖို့ပဲ။ဆိတ်ဆိတ်နေကြလည်း၊ စကား သိပ်မပြောကြလည်း၊ ဖွင့်ဟမဆိုကြလည်း အပြန်အလှန် နားလည်မှုရှိတယ်။

အချင်းချင်း ငေးစိုက်ကြည့်ရင်တောင် ပျော်ရွှင်ကြည်နူးမှုကို ရစေတယ်။လူလူချင်းကြားက ပေါင်းသင်းဆက်ဆံရေးဟာ တကယ်တော့ ရိုးစင်းပါတယ်။သူငယ်ချင်းပဲဖြစ်ဖြစ်၊ မိသားစုပဲဖြစ်ဖြစ်၊ ချစ်သူပဲဖြစ်ဖြစ်

အချင်းချင်း နှစ်သက်ရင် စုဝေးမယ်၊ မောပန်းလာရင် ခဏရှောင်မယ်၊ ဘယ်သူမှ ဘယ်သူ့ကြောင့် စိတ်မကျဉ်းကျပ်စေဘူး။ဝေးကွာခြင်းဆိုတာ ရှိလို့ပဲ.. လွမ်းဆွေးတမ်းတခြင်းက လှပရတယ်။

နားလည်မှုဆိုတာ ရှိလို့ပဲ.. စိတ်ဝိညာဉ်အချင်းချင်း ဖက်တွယ်ကြတယ်။လူ့ဘဝမှာ ပျော်ရွှင်ကြည်နူးရဆုံးက ပေါင်းသင်းဆက်ဆံတဲ့အခါ သက်သောင့်သက်သာရှိတဲ့လူနဲ့ အတူနေရခြင်းပဲ။သက်သောင့်သက်သာအရှိဆုံး

ဆက်ဆံရေးဆိုတာ လူနှစ်ယောက် နေရာတစ်ခုစီမှာရှိနေပြီး စကားမပြောဖြစ်လည်း အဲဒီနေရာမှာ နင်ရှိနေမှန်း ငါသိသလို ငါရှိနေမှန်းလည်း နင်သိတာပဲဖြစ်တယ်။

တကယ်လို့ လူမှန်ဖြစ်ခဲ့ရင် တစ်သက်လုံး ထမင်းလက်ဆုံစားလည်း မငြီးငွေ့ဘူး၊ ရှုပ်တယ် မခံစားရဘူး။သက်သောင့်သက်သာရှိတဲ့လူနဲ့ နေရတာဟာ စိတ်ကို လွတ်လပ်စေတယ်၊ ကိုယ်နဂိုအတိုင်း တည်ရှိ ရှင်သန်စေတယ်၊ စကားတွေ သိပ်မပြောဖြစ်ကြလည်း အနေကျပ်တယ်လို့ မခံစားစေပါဘူး။

နိုင်းနိုင်းစနေ

Credit

Unicode

လူနှစ်ယောက် ပေါင်းသင်းဆက်ဆံရာမှာ အရေးကြီးဆုံးက သက်သောင့်သက်သာရှိဖို့ပဲ။ဆိတ်ဆိတ်နေကြလည်း၊ စကား သိပ်မပြောကြလည်း၊ ဖွင့်ဟမဆိုကြလည်း အပြန်အလှန် နားလည်မှုရှိတယ်။ အချင်းချင်း ငေးစိုက်ကြည့်ရင်တောင် ပျော်ရွှင်ကြည်နူးမှုကို ရစေတယ်။လူလူချင်းကြားက ပေါင်းသင်းဆက်ဆံရေးဟာ တကယ်တော့ ရိုးစင်းပါတယ်။

သူငယ်ချင်းပဲဖြစ်ဖြစ်၊ မိသားစုပဲဖြစ်ဖြစ်၊ ချစ်သူပဲဖြစ်ဖြစ်အချင်းချင်း နှစ်သက်ရင် စုဝေးမယ်၊ မောပန်းလာရင် ခဏရှောင်မယ်၊ ဘယ်သူမှ ဘယ်သူ့ကြောင့် စိတ်မကျဉ်းကျပ်စေဘူး။ဝေးကွာခြင်းဆိုတာ

ရှိလို့ပဲလွမ်းဆွေးတမ်းတခြင်းက လှပရတယ်။နားလည်မှုဆိုတာ ရှိလို့ပဲ.. စိတ်ဝိညာဉ်အချင်းချင်း ဖက်တွယ်ကြတယ်။လူ့ဘဝမှာ ပျော်ရွှင်ကြည်နူးရဆုံးက ပေါင်းသင်းဆက်ဆံတဲ့အခါ သက်သောင့်သက်သာရှိတဲ့လူနဲ့ အတူနေရခြင်းပဲ။

သက်သောင့်သက်သာအရှိဆုံး ဆက်ဆံရေးဆိုတာ လူနှစ်ယောက် နေရာတစ်ခုစီမှာရှိနေပြီး စကားမပြောဖြစ်လည်း အဲဒီနေရာမှာ နင်ရှိနေမှန်း ငါသိသလို ငါရှိနေမှန်းလည်း နင်သိတာပဲဖြစ်တယ်။

တကယ်လို့ လူမှန်ဖြစ်ခဲ့ရင် တစ်သက်လုံး ထမင်းလက်ဆုံစားလည်း မငြီးငွေ့ဘူး၊ ရှုပ်တယ် မခံစားရဘူး။သက်သောင့်သက်သာရှိတဲ့လူနဲ့ နေရတာဟာ စိတ်ကို လွတ်လပ်စေတယ်၊ ကိုယ်နဂိုအတိုင်း တည်ရှိ ရှင်သန်စေတယ်၊ စကားတွေ သိပ်မပြောဖြစ်ကြလည်း အနေကျပ်တယ်လို့ မခံစားစေပါဘူး။

နိုင်းနိုင်းစနေ

Credit