Local News

ရူးသွားမယ်ဆိုတာ အလကား မဟုတ္ဘူးလို့ ပြလိုက်တဲ့ လှည့်ကွက်

ရူးသွားမယ်ဆိုတာ အလကား မဟုတ်ဘူးလို့
ပြလိုက်တဲ့ လှည့်ကွက်

ဒီပွဲမှာ မြန်မာပြည်သူလူထုကို မျိုးချစ်စိတ်နိုးကြားအောင်သူမ လှုပ်နှိုးခဲ့တယ်
ဒီပွဲမှာ မြန်မာ ပြည်သူလူထု ညီညွတ်ကြောင်း ကမ္ဘာကို သူမ ဖော်ပြခဲ့တယ်

ဒီပွဲမှာ ပြည်တွင်းစစ်ရဲ့ နောက်ကွယ်မှာဘာတွေရှိလဲ သူမဖော်ပြခဲ့တယ်
ဒီပွဲမှာ တိုင်းပြည် သစ္စာဖောက်တွေက

ဘယ်သူတွေဆိုတာ သူမ ရွေးထုတ်ပြလိုက်တယ်

ဒီပွဲမှာ အချိန်မရွေး နောက်ပြန်လှည့်နိုင်တဲ့ အာဏာရှင်ကိုသူမ အသက်ရှိစဉ် တစ်ခါ တည်း လှည့်ခိုင်းခဲ့တယ်

ဒီပွဲမှာ နောက်ကွယ်က တရုတ် ကြိုးကိုင်မှုကို ကမ္ဘာကို သူမ သရုပ်ဖော်ပြခဲ့တယ်

ဒီပွဲမှာ အာဆီယံနိုင်ငံတွေရဲ့ မြန်မာပြည်အပေါ်ထားတဲ့တကယ့်စိတ်ရင်းအမှန်တွေကို သူမ မြင်သာစေခဲ့တယ်

ဒီပွဲမှာ တရုတ်ဆီမှ မြန်မာနိုင်ငံရုန်းထွက်ဖို့ ဖြစ်ပေါ်လာခဲ့တယ်
ဒီပွဲမှာ CDM နဲ့ ပြည်သူလူထုညီညွတ်မှုဟာ

အာဏာရှင်ကို တော်လှန်နိုင်ကြောင်း
သမိုင်းအသစ်ကို ရေးထွင်းခဲ့တယ်

ဒီပွဲမှာ မြန်မာပြည်မှာ မျိုးဆက်တစ်ဆက်ရယ်သားတစ်ယောက်ရယ် မွေးဖွားပေးခဲ့တယ်
ဒီပွဲမှာ သူမ မပါဘဲ ဒီမိုကရေစီ အသွင်ဆောင်နိုင်အောင်မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းလိုက်တယ်

ဒီပွဲမှာ မစခင်ကတည်းက အာဏာရှင်ဟာ
ရှုံးနိမ့်ပြီးသားပါ သူမရဲ့ လှည့်ကွက်အောက်မှာပေါ့

Credit

Unicode