Local News

မန္တလေးတွင် PDFတပ်ဖွဲ့ဝင်များဖမ်းမိသည်ဟု စစ်ကောင်စီက ဝါဒဖြန့်ရန် ဇာတ်လမ်းဆင် ရိုက်ကူးမှုများပြုလုပ်ခဲ့

မန္တလေးတွင် PDFတပ်ဖွဲ့ဝင်များဖမ်းမိသည်ဟု စစ်ကောင်စီက ဝါဒဖြန့်ရန် ဇာတ်လမ်းဆင် ရိုက်ကူးမှုများပြုလုပ်ခဲ့ဧရာဝတီတိုင်းမ်(မန္တလေး)ဇွန် ၂၆ ရက်။စစ်ကောင်စီက မန္တလေးမြို့၊ အာကာမင်း လက်ဖက်ရည်ဆိုင်အတွင်း ယနေ့ ဇွန်လ၂၆ ရက်နေ့၌PDF တပ်ဖွဲ့ဝင်များဖမ်းမိသည်ဟု ဝါဒဖြန့်ရန် ဇာတ်လမ်းဆင်ရိုက်ကူးမှုများပြုလုပ်ခဲ့ကြောင်း မြို့ခံအချို့၏ ပြောဆိုချက်များအရသိရသည်။

အဆိုပါ ရိုက်ကူးမှုတွင် လက်ဖက်ရည်ဆိုင်အတွင်းထိုင်နေသူများမှာ အရပ်ဝတ်ထားသည့် စစ်ကောင်စီတပ်သားများဖြစ်ကြပြီး ယူနီဖောင်းဝတ်စစ်ကောင်စီတပ်သားများက ဟန်ပြ ဝင်ရောက်စီးနင်းရှာဖွေဖမ်းဆီးခြင်းများသေနတ်၊ လက်ပစ်ဗုံးများ သိမ်းဆည်းရမိခြင်းများကိုလည်း

ထည့်သွင်း ရိုက်ကူးခဲ့ကြောင်း သိရသည်။မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် မြဝတီမင်းကြီးလမ်း ၊သံလမ်းဘေးရှိ အာကာမင်း လက်ဖက်ရည်ဆိုင်တွင်ယခင်က လက်ဖက်ရည်ဆိုင်သပိတ်ပြုလုပ်ခဲ့ဖူးပြီး အဆိုပါအချက်အား အသုံးချကာ PDFများထိုင်သည့်လက်ဘက်ရည်ဆိုင်အဖြစ် စစ်ကောင်စီ၏ ဝါဒဖြန့်ရာတွင်

အသုံးပြုခြင်းဖြစ်နိုင်ကြောင်း မြို့ခံတစ်ဦးက ပြောဆိုသည်။မန္တလေးမြို့၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးမှုများပြုလုပ်ရာတွင် အရပ်ဝတ်ဖြင့်သာ ဖမ်းလေ့ရှိပြီးယခုလို စစ်ဝတ်စုံပြည့်ဖြင့် ဖမ်းလေ့မရှိကြောင်း၊ဖမ်းမိသူများကိုလည်း ကောင်းမွန်စွာ ဆက်ဆံလေ့မရှိသော်လည်းယနေ့တွင် ကောင်းမွန်စွာ

ပြောဆိုဆက်ဆံကြောင်း၊ ယနေ့ဖမ်းဆီးမှုတွင် သေနတ်တစ်ချက်မှ မဖောက်ဘဲဖမ်းဆီးခြင်း၊ ယင်းဖြစ်စဉ်ကို ရုပ်သံသမားကပခုံးထမ်းကင်မရာအကြီးဖြင့်အသေအချာ လိုက်လံရိုက်ကူးနေခြင်းစသည့်အချက်များအရ စစ်ကောင်စီက ဇာတ်လမ်းဆင်ရိုက်ကူးသည်မှာ ထင်ရှားနေကြောင်း မန္တလေးမြို့ခံများက ပြောသည်။

Credit

Unicode