Love

နှစ်တွေအကြာကြီး ချစ်ခဲ့ပြီးမှ လမ်းခွဲခဲ့တယ်ဆိုတာ

နှစ်တွေအကြာကြီး လက်တွဲပြီးမှ လူနှစ်ယောက် သဘောထားချင်းမတိုက်ဆိုင်လို့ဆိုတဲ့ ခေါင်းစဥ်အောက်မှာ လမ်းခွဲပြတ်စဲကြတာ ဘာလို့လဲ တဲ့အချစ်ဆိုတာ နှစ်တွေနဲ့ မဆိုင်ပါဘူး နှစ်တွေကြာသွားရုံနဲ့ ပိုပြီးချစ်လာလိမ့်မယ်လို့ မထင်စေချင်ဘူး သူစိမ်းနှစ်ယောက် အချစ်တစ်ခုနဲ့ စတင်တွေ့ရှိခဲ့တဲ့အချိန်ကစလို့

နှစ်တွေ အတူတူဖြတ်သန်းလာရုံနဲ့ နားလည်မှုပိုရှိလာတယ်လို့လဲမမြင်စေချင်ဘူးတစ်ခါတစ်ရံ အချစ်တစ်ခု တည်မြဲနေရခြင်းဟာ တစ်ယောက်က အရမ်းသည်းခံလွန်းနေလို့ပဲ ဖြစ်ဖြစ် ကိစ္စတော်တော်များများကို မသိချင်ယောင်ဆောင်လို့ပဲဖြစ်ဖြစ် ကြာရှည်နေတတ်ပါတယ်

လူတွေအရှေ့မှာ ငိုပြလို့မှ မရပဲလေ ကိုယ့်ချစ်သူအရှေ့မှာလဲ ငိုပြခွင့်မရှိခဲ့တဲ့ လူတစ်ယောက်ရဲ့ အထီးကျန်နေမှုကို စာနာကြည့်စမ်းပါ လူအများရှေ့မှာ ပျော်ပြနေရုံနဲ့ အဲ့တာ အဆင်ပြေတဲ့ အချစ်တစ်ခုမဟုတ်သေးဘူး

လူအများရှေ့မှာ မဲ့နေလို့လဲ မရဘူးလေ ဒီလိုနဲ့ ပျော်သလို ဟန်ဆောင်ရင်း ငိုရတဲ့ရက်တွေ များလားတဲ့အခါ တဖြေးဖြေး စိတ်ကုန်လာတတ်ပါတယ် ပြင်လာမလားလို့ မျှော်လင့်ရင်း ပြင်မလာတဲ့အပြင်

ထပ်ထပ်ပြီးဆိုးလာတဲ့အခါ မျှော်လင့်ချက်တွေမဲ့လာတယ်ပျော်စေချင်လွန်းလို့ ကိုယ့်ဘက်က ဘယ်လောက်အလျှော့ပေးပေး အမြဲတမ်းအလိုမကျဖြစ်နေမှုတွေကြားမှာ တဖြေးဖြေး ၀မ်းနည်းလာတယ် နှစ်တွေ အကြာပြီး

တွဲထားတဲ့လက်တွေ မလွတ်လိုက်ချင်လို့ချစ်တာတစ်ခုတည်းနဲ့ အရာရာကို ခွင့်လွှတ်ဖို့ နားလည်ဖို့ ကြိုးစားနေရတာတွေက တစ်ဖက်သတ်တွေဆန်လာတဲ့အခါ လွှတ်ချလိုက် သူလဲ ပျော်မှာပဲ ကိုယ်လဲ အဆင်ပြေမှာပဲလို့

တွေးတတ်လာတယ် ကိုယ့်စိတ်နဲ့ကိုယ် မပိုင်တော့သလိုလို ကိုယ့်ဘ၀မှာ မျှော်လင့်ချက်တွေကွယ်ပျောက်ကုန်သလိုလို နဲ့ အိပ်ခန်းထဲမှာ ညဘက် တစ်ယောက်တည်း ကြိတ်ကြိတ်ငိုရတဲ့အဖြစ်တွေကို စိတ်ကုန်လာတယ်

ကိုယ်ကကျ တွယ်တာတတ်လွန်းပြီး သူ့မှာပျော်လို့မော်လို့ အပေါင်းအသင်းတွေနဲ့ အပျော်အပါးတွေနဲ့ ကိုယ်ပဲအဖော်မရှိတဲ့ တစ်ကောင်ကြွက်လိုလို သူ့လိုနေတတ်ချင်လာတယ် ကိုယ့်စိတ်နဲ့ကိုယ် အသက်ရှင်နေရတာမျိုးမဟုတ်ပဲ

ဘာမဆို လုပ်ပစ်ရဲတဲ့အထိ မွန်းကျပ်လာတဲ့အခါ လွတ်ချလိုက်ချင်လာတယ် ဘာလို့ ပြတ်သွားတာလဲ ဖောက်ပြန်လို့လားဆိုတဲ့ မေးခွန်းတွေ ဖြေပါမယ် အချစ်တစ်ခုမှာ မဖောက်ပြန်ရုံတစ်ခုနဲ့ အရာရာ ပျော်ရွှင်လို့ ရရဲ့လားပေါ့

ဘာတွေများ နားလည်မှုလွဲလို့လဲဆိုတဲ့ မေးခွန်းတွေလဲ ဖြေပါမယ် နားလည်မှုမလွဲပါဘူး ကိုယ့်ဘက်ကချည်းပဲ နားလည်ပေးရလွန်းတဲ့အခါ ဆက်ပြီးနားလည်ပေးနိုင်တဲ့ အင်အားမရှိတော့လို့ပါ ။လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာမျိုးလေ အဲ့လိုမှ မဟုတ်ပဲ တစ်ဖက်တည်းတီးနေတဲ့အခါ

အသံထွက်အောင်တော့ တီးလို့ရပါတယ် နံရံကို ရိုက်လိုက်တာပဲဖြစ်ဖြစ်ပေါ့ ကြာလာတဲ့အခါတစ်ဖက်တည်းတီးနေရတဲ့လူအဖို့ အရမ်းကို နာကျင်လာရတယ် သူများတွေ လိုက်ဖက်တဲ့စုံတွဲတွေလို့ပြောတဲ့အခါတိုင်း အားကျလိုက်တာလို့ ပြောတဲ့အခါ ငိုမချမိဖို့ မနည်းအားတင်းခဲ့ရတဲ့ရက်တွေ ကုန်ဆုံးလိုက်ချင်ပြီလေ

နှစ်တွေအကြာကြီးလက်တွဲပြီး ပြတ်စဲသွားတဲ့ အချစ်တစ်ခုမှာ သဘောထားချင်းမတိုက်ဆိုင်တာထက် အများကြီးပိုပါတယ်ထပ်ပြီး မနာကျင်တော့တာ ။ ကြိတ်ပြီး မငိုချင်တော့တာ ။ငိုချင်လျက်နဲ့ ဆက်ပြီးပြုံးမထားနိုင်တော့တာ ။

ကိုယ့်ဘက်ကချည်း နားလည်ပေးရတာတွေ စိတ်ကုန်လာတာ အများကြီးပါ တကယ့်ကို အများကြီးပါ ဒါပေမယ့် လူကြားကောင်းအောင်တော့ တစ်ခုပဲ ဖြေပါတယ် သဘောထားချင်းမတိုက်ဆိုင်ခဲ့လို့ သူ နဲ့ လမ်းခွဲလိုက်ကြတာပါ ။

Credit

Unicode

နှစ်တွေအကြာကြီး လက်တွဲပြီးမှ လူနှစ်ယောက် သဘောထားချင်းမတိုက်ဆိုင်လို့ဆိုတဲ့ ခေါင်းစဥ်အောက်မှာ လမ်းခွဲပြတ်စဲကြတာ ဘာလို့လဲ တဲ့အချစ်ဆိုတာ နှစ်တွေနဲ့ မဆိုင်ပါဘူး နှစ်တွေကြာသွားရုံနဲ့ ပိုပြီးချစ်လာလိမ့်မယ်လို့ မထင်စေချင်ဘူး သူစိမ်းနှစ်ယောက် အချစ်တစ်ခုနဲ့ စတင်တွေ့ရှိခဲ့တဲ့အချိန်ကစလို့

နှစ်တွေ အတူတူဖြတ်သန်းလာရုံနဲ့ နားလည်မှုပိုရှိလာတယ်လို့လဲမမြင်စေချင်ဘူးတစ်ခါတစ်ရံ အချစ်တစ်ခု တည်မြဲနေရခြင်းဟာ တစ်ယောက်က အရမ်းသည်းခံလွန်းနေလို့ပဲ ဖြစ်ဖြစ် ကိစ္စတော်တော်များများကို မသိချင်ယောင်ဆောင်လို့ပဲဖြစ်ဖြစ် ကြာရှည်နေတတ်ပါတယ်

လူတွေအရှေ့မှာ ငိုပြလို့မှ မရပဲလေ ကိုယ့်ချစ်သူအရှေ့မှာလဲ ငိုပြခွင့်မရှိခဲ့တဲ့ လူတစ်ယောက်ရဲ့ အထီးကျန်နေမှုကို စာနာကြည့်စမ်းပါ လူအများရှေ့မှာ ပျော်ပြနေရုံနဲ့ အဲ့တာ အဆင်ပြေတဲ့ အချစ်တစ်ခုမဟုတ်သေးဘူးလူအများရှေ့မှာ မဲ့နေလို့လဲ မရဘူးလေ ဒီလိုနဲ့ ပျော်သလို ဟန်ဆောင်ရင်း

ငိုရတဲ့ရက်တွေ များလားတဲ့အခါ တဖြေးဖြေး စိတ်ကုန်လာတတ်ပါတယ် ပြင်လာမလားလို့ မျှော်လင့်ရင်း ပြင်မလာတဲ့အပြင်ထပ်ထပ်ပြီးဆိုးလာတဲ့အခါ မျှော်လင့်ချက်တွေမဲ့လာတယ်ပျော်စေချင်လွန်းလို့ ကိုယ့်ဘက်က ဘယ်လောက်အလျှော့ပေးပေး အမြဲတမ်းအလိုမကျဖြစ်နေမှုတွေကြားမှာ

တဖြေးဖြေး ၀မ်းနည်းလာတယ် နှစ်တွေ အကြာပြီးတွဲထားတဲ့လက်တွေ မလွတ်လိုက်ချင်လို့ချစ်တာတစ်ခုတည်းနဲ့ အရာရာကို ခွင့်လွှတ်ဖို့ နားလည်ဖို့ ကြိုးစားနေရတာတွေက တစ်ဖက်သတ်တွေဆန်လာတဲ့အခါ လွှတ်ချလိုက် သူလဲ ပျော်မှာပဲ ကိုယ်လဲ အဆင်ပြေမှာပဲလို့

တွေးတတ်လာတယ် ကိုယ့်စိတ်နဲ့ကိုယ် မပိုင်တော့သလိုလို ကိုယ့်ဘ၀မှာ မျှော်လင့်ချက်တွေကွယ်ပျောက်ကုန်သလိုလို နဲ့ အိပ်ခန်းထဲမှာ ညဘက် တစ်ယောက်တည်း ကြိတ်ကြိတ်ငိုရတဲ့အဖြစ်တွေကို စိတ်ကုန်လာတယ်ကိုယ်ကကျ တွယ်တာတတ်လွန်းပြီး သူ့မှာပျော်လို့မော်လို့ အပေါင်းအသင်းတွေနဲ့

အပျော်အပါးတွေနဲ့ ကိုယ်ပဲအဖော်မရှိတဲ့ တစ်ကောင်ကြွက်လိုလို သူ့လိုနေတတ်ချင်လာတယ် ကိုယ့်စိတ်နဲ့ကိုယ် အသက်ရှင်နေရတာမျိုးမဟုတ်ပဲဘာမဆို လုပ်ပစ်ရဲတဲ့အထိ မွန်းကျပ်လာတဲ့အခါ လွတ်ချလိုက်ချင်လာတယ် ဘာလို့ ပြတ်သွားတာလဲ ဖောက်ပြန်လို့လားဆိုတဲ့ မေးခွန်းတွေ ဖြေပါမယ်

အချစ်တစ်ခုမှာ မဖောက်ပြန်ရုံတစ်ခုနဲ့ အရာရာ ပျော်ရွှင်လို့ ရရဲ့လားပေါ့ဘာတွေများ နားလည်မှုလွဲလို့လဲဆိုတဲ့ မေးခွန်းတွေလဲ ဖြေပါမယ် နားလည်မှုမလွဲပါဘူး ကိုယ့်ဘက်ကချည်းပဲ နားလည်ပေးရလွန်းတဲ့အခါ ဆက်ပြီးနားလည်ပေးနိုင်တဲ့ အင်အားမရှိတော့လို့ပါ ။

လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာမျိုးလေ အဲ့လိုမှ မဟုတ်ပဲ တစ်ဖက်တည်းတီးနေတဲ့အခါ အသံထွက်အောင်တော့ တီးလို့ရပါတယ် နံရံကို ရိုက်လိုက်တာပဲဖြစ်ဖြစ်ပေါ့ ကြာလာတဲ့အခါတစ်ဖက်တည်းတီးနေရတဲ့လူအဖို့ အရမ်းကို နာကျင်လာရတယ် သူများတွေ

လိုက်ဖက်တဲ့စုံတွဲတွေလို့ပြောတဲ့အခါတိုင်း အားကျလိုက်တာလို့ ပြောတဲ့အခါ ငိုမချမိဖို့ မနည်းအားတင်းခဲ့ရတဲ့ရက်တွေ ကုန်ဆုံးလိုက်ချင်ပြီလေနှစ်တွေအကြာကြီးလက်တွဲပြီး ပြတ်စဲသွားတဲ့ အချစ်တစ်ခုမှာ သဘောထားချင်းမတိုက်ဆိုင်တာထက် အများကြီးပိုပါတယ်ထပ်ပြီး

မနာကျင်တော့တာ ။ ကြိတ်ပြီး မငိုချင်တော့တာ ။ငိုချင်လျက်နဲ့ ဆက်ပြီးပြုံးမထားနိုင်တော့တာ ။ကိုယ့်ဘက်ကချည်း နားလည်ပေးရတာတွေ စိတ်ကုန်လာတာ အများကြီးပါ တကယ့်ကို အများကြီးပါ ဒါပေမယ့် လူကြားကောင်းအောင်တော့ တစ်ခုပဲ ဖြေပါတယ် သဘောထားချင်းမတိုက်ဆိုင်ခဲ့လို့ သူ နဲ့ လမ်းခွဲလိုက်ကြတာပါ ။

Credit