မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုများတွင် ပြည်သူတွေနဲ့ အနုပညာရှင်တစ်ချို့လည်း လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။အခုလက်ရှိမှာတော့ လူထုလှုပ်ရှားမှုတွင် ပါဝင်ကြသူ များကို
ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုအရေးယူထားတာကြောင့် ဘေးကင်းရာသို့ တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်တိမ်းရှောင်နေရသူများထဲတွင် ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရပ်တည်ခဲ့တဲ့ ကျော်ကျော်နန္ဒတစ်ယောက်လည်း
အပါအဝင်ပဲ ဖြစ်ပါတယ်။ပြေးလာတဲ့အချိန်မှာ အင်္ကျီသုံးထည်သာပါလာခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ယက်တွင် ရေးသားခဲ့တာကြောင့် ပရိသတ်တွေက ကျော်ကျော်နန္ဒအပေါ် ကရုဏာသက်ခဲ့ကြတာ ဖြစ်ပါတယ်။
အရင်တုန်းကကျော်ကျော်နန္ဒရဲ့ ဝတ်စားဆင်ယင်ပုံစံတွေကို သဘောမကျကြသူတွေ ရှိတာကြောင့် အမြဲလို လို ဝေဖန်ခံခဲ့ရသူ ဖြစ်ပါတယ်။သို့သော်လည်း ဖေဖော်ဝါရီလမှစပြီးပြည်သူတွေနဲ့အတူ တစ်သွေးတည်း တစ်သားတည်း
ရပ်တည်ခဲ့သူဖြစ်ခဲ့တာကြောင့် အားလုံးက ချစ်ခင်အားပေးလာကြတာ ဖြစ်ပါတယ်။အခုလို ပရိသတ်တွေရဲ့မေတ္တာစေတနာတွေကြောင့် သူ့ရဲ့ဘဝလေး နွေးထွေးအေးချမ်းပျော်ရွှင်မှုတွေ ရရှိလာကြောင်းကို မကြာသေးခင်
မိနစ်ပိုင်းလောက်ကကျော်ကျော်နန္ဒရဲ့ လူမှုကွန်ယက်တွင် ရေးသားထားတာ ဖြစ်ပါတယ်။ ” ပရိသတ်တွေရဲ့ မေတ္တာစေတနာကြောင့် ကျွန်တော်လေဘဝလေးနွေးထွေးအေးချမ်းပျော်ရွင်မှုတွေရလာပါတယ်ဗျ
အားလုံးဘေးကင်းကျန်းမာကြပါစေနော်” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။သူ့ရဲ့ပို့စ်အောက်မှာလည်း ကျန်းမာရေးဂရုစိုက်ဖို့ ပရိသတ်တွေက အထူးမှာကြားနေကြတာ ဖြစ်ပါတယ်။ တိမ်းရှောင်နေစဉ်ကာလအတွင်းမှာလည်း ဘေးအန္တရာယ်ကင်းရှင်းပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
Credit
Unicode