Love

ရင်ခုန်တတ်စ အရွယ်ကို လှမ်းကြည့်လိုက်တဲ့အခါတိုင်းမှာ စိတ်ထဲကို ချက်ချင်းရောက်လာတတ်တဲ့သူဟာအချစ်ဦးပါပဲ

အချစ်ဦး ရှိခဲ့ဖူးလား ကျွန်တော်တို့ရဲ့ဘဝမှာ ဟိုးရင်ခုန်တတ်စ အရွယ်ကို လှမ်းကြည့်လိုက်တဲ့အခါတိုင်းမှာ စိတ်ထဲကို ချက်ချင်းရောက်လာတတတဲ့ အချစ်ဦးဆိုတာ ရှိခဲ့ကြတာပါပဲ။

အချစ်ဦးဆိုတာ ကျွန်တော်တို့ရဲ့ ရင်ခုန်မှု အစိတ်အပိုင်းတွေကို ပထမဦးဆုံး ကိုင်လှုပ်စေခဲ့တဲ့သူပေါ့။သူ့ရဲ့မျက်နှာလေးကို လှမ်းမြင်လိုက်ရရုံ၊ ပိုင်ဆိုင်မှုတွေ မပါပဲ ဒီအတိုင်းလေး ချစ်ပေးနေခဲ့ရုံနဲ့ ကျွန်တော်တို့ကို ပျော်ရွှင်စေနိုင်ခဲ့တဲ့သူပါ။

အထူးသဖြင့် အချစ်ဦးပေါ်မှာ ထားခဲ့တဲ့ ချစ်ခြင်းမေတ္တာဟာ ကျွန်တော်တို့ ပထမဆုံး စ ပြီး ချစ်ခဲ့ရတဲ့ သူစိမ်းတစ်ယောက် ဖြစ်တာကြောင့် ပြန်တွေးကြည့်လိုက်တိုင်း memories တွေထဲမှာ အသက်ဝင်နေတဲ့သူ ဖြစ်နေတော့တာပါ။

လူတစ်ဦး တစ်ယောက်စီတိုင်းရဲ့ ဘဝမှာ အချစ်ဦး တစ်ယောက်တော့ ရှိတတ်ကြပါတယ်။အဲ့ဒီ့ အချစ်ဦးဆိုတဲ့သူတွေဟာ ကျွန်တော်တို့နဲ့ ချစ်သူတွေ ဖြစ်ချင်လည်း ဖြစ်ခဲ့လိမ့်မယ် ။ ချစ်သူတွေ မဖြစ်ခဲ့တာမျိုးလည်း ရှိမယ် ။

ဒါပေမဲ့ သူ့ကို ချစ်ခဲ့ရတယ် ဆိုတဲ့ အဖြစ်ကလေးနဲ့တင် သူဟာ ကိုယ့်အတွက် အချစ်ဦးပါပဲ။ မိဘ ဆွေမျိုးသားချင်းတွေ ပြီးလျှင် ဘဝမှာ ပထမဆုံး ချစ်ခဲ့ရတဲ့သူပဲလေ ။တစ်ချို့တွေအတွက်ကျတော့ အချစ်ဦးဆိုတာ အခုလက်ရှိ

အချိန်ထိ တွဲနေတုန်းပဲဆိုပေမဲ့ တစ်ချို့တွေ အတွက်ကတော့ အချစ်ဦးဆိုတာ အကြောင်းအမျိုးမျိုးကြောင့် လွဲခဲ့ရပါတယ် ။ပေါင်းဖက်ရသည်ဖြစ်စေမပေါင်းဖက်ရသည်ဖြစ်စေတိုက်ဆိုင်မှုတွေ ရှိလာတဲ့အခါအချစ်ဦးကို သတိရမိတတ်ကြတာပါပဲ။

အချစ်ဦးမို့ ရူးတောင် မမေ့ဘူး” ဆိုတဲ့ စကားတောင် ရှိသေးတာမလား ။အချစ်ဦးနဲ့ လွဲခဲ့ကြတဲ့သူတွေထဲမှာ အရင်အချိန်တွေတုန်းကတော့ အချစ်ဦးကို မုန်းခဲ့တာတွေ ၊ နာကြဉ်းခဲ့တာတွေ ၊စိတ်နာခဲ့တာတွေ ရှိကောင်း ရှိနေနိုင်ပေမဲ့ အချိန်တွေ ကြာလာတော့လည်း မမုန်းဖြစ်တော့ပဲ

ရင်ထဲက သံယောဇဉ်ရှိတဲ့သူ တစ်ဦးအဖြစ် သတိရနေတာပါပဲ။တစ်ကယ်တော့ အချစ်ဆုံးတာ တစ်ချိန်ချိန်မှာ ကျွန်တော်တို့ ပြန်တွေ့လိုက်တဲ့အချိန် ဟိုးအရင် အတိတ် memory တွေကို ပြန်ပြီး အမှတ်ရစေရုံသက်သက်ပါပဲ။ပြန်ချစ်ချင်တာလားဆိုတော့လည်း မဟုတ်တော့ဘူး ။

ပြန်တွဲချင်တာလား ၊ ပြန်လိုချင်လားဆိုတော့လည်း မဟုတ်တော့ဘူး ။အခုအချိန်မှာ အချစ်ဦးထက် ပိုပြီးမြတ်နိုးရတဲ့ အချစ်ဆုံးတွေ ရှိလာခဲ့ပြီ။ကိုယ့်ဘေးက ကိုယ်မြတ်နိုးရတဲ့သူတွေကို လက်တွဲဖြုတ်ပြီးအချစ်ဦးဆီ ပြန်သွားချင်တာမျိုး မဟုတ်ပါဘူး ။သူလည်း သူ့ဘဝနဲ့သူ ကိုယ်လည်း ကိုယ့်ဘဝနဲ့ ကိုယ်ပါပဲ။

သူ အောင်မြင်နေတာမြင်ရင် ဝမ်းသာမိသလို၊ ရှုံးနိမ့်တာ မြင်ရရင်လည်း စိတ်မကောင်းဖြစ်မိတာလေးတင်ပါ ။လူတိုင်းဆီမှာ ငယ်ငယ်တုန်းက ချစ်ခဲ့ရတဲ့ အချစ်ဦး ပုံပြင်လေးတွေ ရှိတတ်ကြပါတယ်။မင်းမှာရော အချစ်ဦး ပုံပြင်လေးတွေ ရှိခဲ့လား ။ ရှိရင် ပြောပြကြည့်ခဲ့လေ

Credit

Unicode

အချစ်ဦး ရှိခဲ့ဖူးလား ကျွန်တော်တို့ရဲ့ဘဝမှာ ဟိုးရင်ခုန်တတ်စ အရွယ်ကို လှမ်းကြည့်လိုက်တဲ့အခါတိုင်းမှာ စိတ်ထဲကို ချက်ချင်းရောက်လာတတတဲ့ အချစ်ဦးဆိုတာ ရှိခဲ့ကြတာပါပဲ။အချစ်ဦးဆိုတာ ကျွန်တော်တို့ရဲ့ ရင်ခုန်မှု အစိတ်အပိုင်းတွေကို ပထမဦးဆုံး ကိုင်လှုပ်စေခဲ့တဲ့သူပေါ့။

သူ့ရဲ့မျက်နှာလေးကို လှမ်းမြင်လိုက်ရရုံ၊ ပိုင်ဆိုင်မှုတွေ မပါပဲ ဒီအတိုင်းလေး ချစ်ပေးနေခဲ့ရုံနဲ့ ကျွန်တော်တို့ကို ပျော်ရွှင်စေနိုင်ခဲ့တဲ့သူပါ။အထူးသဖြင့် အချစ်ဦးပေါ်မှာ ထားခဲ့တဲ့ ချစ်ခြင်းမေတ္တာဟာ ကျွန်တော်တို့ ပထမဆုံး စ ပြီး ချစ်ခဲ့ရတဲ့ သူစိမ်းတစ်ယောက် ဖြစ်တာကြောင့်

ပြန်တွေးကြည့်လိုက်တိုင်း memories တွေထဲမှာ အသက်ဝင်နေတဲ့သူ ဖြစ်နေတော့တာပါ ။လူတစ်ဦး တစ်ယောက်စီတိုင်းရဲ့ ဘဝမှာ အချစ်ဦး တစ်ယောက်တော့ ရှိတတ်ကြပါတယ်။အဲ့ဒီ့ အချစ်ဦးဆိုတဲ့သူတွေဟာ ကျွန်တော်တို့နဲ့ ချစ်သူတွေ ဖြစ်ချင်လည်း ဖြစ်ခဲ့လိမ့်မယ် ။ ချစ်သူတွေ မဖြစ်ခဲ့တာမျိုးလည်း ရှိမယ် ။

ဒါပေမဲ့ သူ့ကို ချစ်ခဲ့ရတယ် ဆိုတဲ့ အဖြစ်ကလေးနဲ့တင် သူဟာ ကိုယ့်အတွက် အချစ်ဦးပါပဲ။ မိဘ ဆွေမျိုးသားချင်းတွေ ပြီးလျှင် ဘဝမှာ ပထမဆုံး ချစ်ခဲ့ရတဲ့သူပဲလေ ။တစ်ချို့တွေအတွက်ကျတော့ အချစ်ဦးဆိုတာ အခုလက်ရှိ

အချိန်ထိ တွဲနေတုန်းပဲဆိုပေမဲ့ တစ်ချို့တွေ အတွက်ကတော့ အချစ်ဦးဆိုတာ အကြောင်းအမျိုးမျိုးကြောင့် လွဲခဲ့ရပါတယ် ။ပေါင်းဖက်ရသည်ဖြစ်စေမပေါင်းဖက်ရသည်ဖြစ်စေတိုက်ဆိုင်မှုတွေ ရှိလာတဲ့အခါအချစ်ဦးကို သတိရမိတတ်ကြတာပါပဲ။

အချစ်ဦးမို့ ရူးတောင် မမေ့ဘူး” ဆိုတဲ့ စကားတောင် ရှိသေးတာမလား ။အချစ်ဦးနဲ့ လွဲခဲ့ကြတဲ့သူတွေထဲမှာ အရင်အချိန်တွေတုန်းကတော့ အချစ်ဦးကို မုန်းခဲ့တာတွေ ၊ နာကြဉ်းခဲ့တာတွေ ၊

စိတ်နာခဲ့တာတွေ ရှိကောင်း ရှိနေနိုင်ပေမဲ့ အချိန်တွေ ကြာလာတော့လည်း မမုန်းဖြစ်တော့ပဲ ရင်ထဲက သံယောဇဉ်ရှိတဲ့သူ တစ်ဦးအဖြစ် သတိရနေတာပါပဲ။တစ်ကယ်တော့ အချစ်ဆုံးတာ တစ်ချိန်ချိန်မှ

ာ ကျွန်တော်တို့ ပြန်တွေ့လိုက်တဲ့အချိန် ဟိုးအရင် အတိတ် memory တွေကို ပြန်ပြီး အမှတ်ရစေရုံသက်သက်ပါပဲ။ပြန်ချစ်ချင်တာလားဆိုတော့လည်း မဟုတ်တော့ဘူး ။ ပြန်တွဲချင်တာလား ၊ ပြန်လိုချင်လားဆိုတော့လည်း မဟုတ်တော့ဘူး ။

အခုအချိန်မှာ အချစ်ဦးထက် ပိုပြီးမြတ်နိုးရတဲ့ အချစ်ဆုံးတွေ ရှိလာခဲ့ပြီ။ကိုယ့်ဘေးက ကိုယ်မြတ်နိုးရတဲ့သူတွေကို လက်တွဲဖြုတ်ပြီးအချစ်ဦးဆီ ပြန်သွားချင်တာမျိုး မဟုတ်ပါဘူး ။သူလည်း သူ့ဘဝနဲ့သူ ကိုယ်လည်း ကိုယ့်ဘဝနဲ့ ကိုယ်ပါပဲ။

သူ အောင်မြင်နေတာမြင်ရင် ဝမ်းသာမိသလို၊ ရှုံးနိမ့်တာ မြင်ရရင်လည်း စိတ်မကောင်းဖြစ်မိတာလေးတင်ပါ ။လူတိုင်းဆီမှာ ငယ်ငယ်တုန်းက ချစ်ခဲ့ရတဲ့ အချစ်ဦး ပုံပြင်လေးတွေ ရှိတတ်ကြပါတယ်။မင်းမှာရော အချစ်ဦး ပုံပြင်လေးတွေ ရှိခဲ့လား ။ ရှိရင် ပြောပြကြည့်ခဲ့လေ

Credit