Knowledge

မိန်းကလေးတွေ ဘာကြောင့် စိတ်ကောက်တတ်ရတယ်ဆိုတာ…

မိန်းကလေးဆိုတာ စိတ်ကောက်ဖို့ မွေးလာသူတွေဖြစ်ပါတယ် အကြောင်းမရှိအကြောင်းရှာပြီး အိမ်က မိဘတွေကို တစ်လှည့် ကိုယ့်ချစ်သူကို တစ်လှည့် စိတ်ကောက်နေကြသူတွေဘဲဖြစ်ပါတယ်။

တစ်ဦးတည်းသောသမီးသာဆိုရင်ပိုဆိုးပါတယ်။ အရာရာ သူဖြစ်ချင်တာကလွဲလို့ ဘာကိုမှဂရုမစိုက်ပါဘူးလိုချင်တာမရရင် ဖြစ်ချင်တာတွေမဖြစ်ရရင် စိတ်ကောက်ဖို့လောက်ပဲသိတာမျိူးပါ ။တချိူ့ကောင်လေးတွေက

သူတို့ချစ်သူကောင်မလေးစိတ်ကောက်ရင်ဘာမှမလုပ်တတ်တော့ဘဲခြေမကိုင်မိ လက်မကိုင်မိနဲ့ မျောက်မိခဲကိုင် မိသလို ဖြစ်နေတတ်ပါတယ်။တကယ်တော့ မိန်းကလေးစိတ်ကောက်တာဟာ အကြောင်းအရင်း (၂)ချက်ဘဲရှိပါတယ်။

(၁) အချော့ခံချင်လို့ပါ

စိတ်ကောက်တယ်ဆိုတာ တကယ်တော့အချော့ခံချင်လို့ပါ၊ စိတ်ကောက်တယ်ဆိုတာထက် စိတ်ကောက်ဟန်ဆောင်ကြတာများပါတယ်။ကိုယ့်ချစ်သူက ကိုယ့်ကို ချော့နေတာမျိူးကိုသဘောကျလို့ပါ။အလကားနေ အချော့ခံချင်နေတာဘဲလို့မတွေးပါနဲ့ ၊ စိတ်ကောက်ရမှာက မိန်းကလေးတွေတာဝန်ဖြစ်ပြီး ချော့ရမှာက ကိုကို တို့ရဲ့တာဝန်ပဲလေနော်။

(၂) တကယ်ချစ်မချစ်စမ်းသပ်တာပါ

တကယ်ချစ်ရင် စိတ်ကောက်တာလေးလောက်ကို ချော့တတ်ဖို့တော့လိုပါတယ်။မိန်းကလေးတွေကတစ်ခါတစ်လေ မှာအကြောင်းတခုခု ကိုတမင်ရှာပြီး စိတ်ကောက်တာမျိူးရှိပါတယ်။ အကြောင်းမရှိအကြောင်းရှာပြီးစိတ်ကောက် ပြီဆိုရင်တော့

သူတို့ကိုတကယ်ချစ်လားမချစ်လားဆိုတာ စမ်းသပ်ဖို့စိတ်ကောက်ခြင်းဘဲဖြစ်ပါတယ်စိတ်ရှည်ရှည်နဲ့ချော့နိုင်ရင်တော့ သင်က အမှတ်ပြည့်ရပြီးစိတ်မရှည်တဲ့ပုံနဲ့ မချော့ဘဲထားရင်တော့ ပြဿနာအကြီးကြီးတက်သွားနိုင်ပါတယ်နော်။

Credit

Unicode