Love

မိန်းကလေးတွေ အချစ်ရေးမှာ အဆင်မပြေဖြစ်နေရတယ့် အကြောင်းအရင်း

မိန်းကလေးတွေကိုသိစေချင်တာတစ်ခုက “ချစ်ရင် ဘာလုပ်ပေးမှာပေါ့ ညာလုပ်ပေးမှာပေါ့” ဆိုပြီး ကိုယ်ဖြစ်စေချင်တာတွေလုပ်ပေးစေချင်နေတဲ့ကိစ္စမှာ ပြဿနာရှိတယ်ဆိုတာပါပချစ်ရင် ကိုယ်ဖြစ်စေချင်‌တာတွေလုပ်ပေးတာမဟုတ်ပါဘူး.. ချစ်ရင် သူဖြစ်စေချင်တာတွေ လာလုပ်ပေးနေမှာသာဖြစ်ပါတယ်အဲ့ဒါကို လက်ခံ ခံယူ ပါ

ချစ်ရင် ဓာတ်ပုံလှလှလေးရိုက်ပေးမှာပေါ့ဆိုတာ မဟုတ်ပါဘူး.. တကယ်က ဓာတ်ပုံရိုက်ရတာစိတ်၀င်စားတဲ့သူက ဓာတ်ပုံရိုက်ပေးတဲ့နေရာမှာစေတနာပါတာပါပဲတချို့ ဘယ်လောက်ချစ်ချစ် ဓာတ်ပုံကိုစိတ်မ၀င်စားရင်

ဘယ်လောက်လှနေနေ ဓာတ်ပုံမရိုက်ပေးချင်ပါဘူးကျွန်တော်ဆို ဓာတ်ပုံရိုက်ပေးရမယ်ဆိုရင် စေတနာတအားပါတယ်.. ဒါပေမယ့် ကိုယ့်မိန်းမ ဗိုက်ဆာလို့ လဲသေသွားမယ်ဆိုရင်‌တောင် ခေါက်ဆွဲထပြုတ်ပေးချင်စိတ်‌ပေါက်ချင်မှပေါက်မယ်

ဘာလို့ဆို ကျွန်တော်က ဓာတ်ပုံရိုက်ပေးတဲ့နေရာမှာစိတ်၀င်စားပြီး ချက်ပြုတ်ရတာကိုစိတ်မ၀င်စားလို့ပါ.. ချစ်တာတွေ စေတနာတွေနဲ့မဆိုင်ပါဘူး.. ကိုယ့်မိန်းမမှမဟုတ်.. ဘယ်သူ့ကိုမဆို ယောက်ျားကြီးတစ်ယောက်ကိုရိုက်ပေးရမယ်ဆိုလဲ

စေတနာပါတာပါပဲဒါပေမယ့် ချစ်တဲ့အခါကျတော့ ပိုပြီး ရိုက်ပေးချင်တယ်.. အမျိုးသမီးနဲ့ပုံရိုက်တိုင်း သူကမရိုက်နိုင်တော့လို့ တားယူရတာချည့်ပဲချစ်ရင် သူစားချင်တာချက်ကျွေးရမှာပေါ့လို့ သူ ကျွန်တော့်ဆီကမျှော်လင့်နေရင်

သူငတ်တာပဲရှိပါလိမ့်မယ်တတ်နိုင်သလောက်တော့ မီးဖိုချောင်၀င် ယောင်ပေးပေမယ့်လို့ သူလဲစားမကောင်းကိုယ်လပင်ပန်းမို့အကျိုးမရှိလှပါဘူးတချိုအချက်အပြုတ်ဝါသနာပါတဲ့အမျိုးသားဟာအားနေခင်ဗျားကိုတစ်ခုခုချက်ကျွေးချင်နေ

တာပါအဲ့ဒါဟာ ချစ်လို့ဆိုတာထက် သူက ဟင်းချက်ချင်တာသာဖြစ်ပြီး သူချစ်တဲ့ ခင်ဗျားကိုပိုစားစေချင်တာပါခင်ဗျားမစားလဲ တခြားတစ်ယောက်ယောက်ကိုတော့ သူက ချက်ကျွေးမြဲကျွေးနေဦးမှာပါပဲ.. ခင်ဗျားနဲ့စားရသလောက်တော့ဘယ်ပျော်မလဲ

ချစ်ရင် စပရိုက်စ်လုပ်ပေးရမယ်ဆိုတာမျိုးကျွန်တော်တွေ့ဖူးသမျှတော့ စပရိုက်စ်လုပ်ပေးရတာကို ပျော်တတ်တဲ့ဘဲဟာ ချစ်ချစ် မချစ်ချစ် သူတွဲသမျှစော်တိုင်းကို အားနေ စပရိုက်စ်လုပ်ပေးနေတာပါပဲသူက ချစ်လို့လုပ်ပေးတာထက်

သူကိုက အဲ့လို သူလုပ်ပေးတာကို စော်က စပရိုက်စ်ဖြစ်.. သူ့ကိုကြွေ.. သူလိုချင်တာတွေပြန်လိုက်လျော.. ဒါမျိုးကိုသူကိုယ်တိုင်ကသဘောကျတာပါချစ်ရင် ဘာ၀ယ်ပေးရမယ် ညာ၀ယ်ပေးရမယ်ဆိုတာမျိုး

Shopping ထွက်ရတာစိတ်၀င်စားတဲ့အမျိုးသားရှိမယ်.. ကိုယ်တိုင်တောင်ကိုယ့်အတွက်ကိုယ်ဘာ၀ယ်ရမှန်းမသိတဲ့အမျိုးသားလဲရှိမှာပဲကျွန်တော်ကတော့ ရသမျှပိုက်ဆံသူ့အပ်လိုက်ပြီး ၀ယ်ချင်တာကိုယ့်ဘာကိုယ်ကြိုက်တာ၀ယ်

ချည် ဆိုတဲ့ယောက်ျားမျိုးပါပဲကိုယ်က လက်ဖြန့်တောင်းပြီး သုံးတဲ့သူနေရာက နေလိုက်တယ်.. သူ့အတွက်ဆိုတဲ့ခေါင်းစဉ်နဲ့အိမ်ကိုဘာမှ၀ယ်မသွားတတ်ဘူး.. ၀ယ်သွားစရာပိုက်ဆံလဲမရှိဘူးမိန်းကလေးတွေလဲ အဲ့လိုပါပဲ

ချစ်တယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကိုယ်လုပ်ပေးချင်တာလေးတွေပဲလုပ်ပေးနေကြတာပါဂရုစိုက်တယ် ဆိုတာ ကိုယ့်ကို ဘာလုပ်ပေးရမယ် ဆိုတာကို မျှော်လင့်နေခြင်းထက် ကိုယ့်ကို ဘာလုပ်ပေးနေတယ်ဆိုတာကို

အသိအမှတ်ပြုလက်ခံပေးနေခြင်းပဲခင်ဗျားက ပန်းစည်းမျှော်လင့်ထားတယ်သူက စာအုပ်လေးတစ်အုပ် ယူလာတယ်ခင်ဗျားက ပင်လယ်ကိုမျှော်လင့်ထားတယ်သူက တောင်တန်းတွေဆီ ခေါ်သွားတယ်ခင်ဗျားက

ဝိုင်တစ်ခွက်ကိုမျှော်လင့်ထားတယ်သူက ကွန်ဒုံးကိုဖောက်လိုက်တယ်ခင်ဗျားက အနားမှာရှိနေတာကိုလိုချင်တယ်သူက အလုပ်သွားမှပိုက်ဆံရမယ် ဆိုပြီးထွက်သွားတယ်ချစ်ရင် ကိုယ်ဖြစ်စေချင်‌တာတွေလုပ်ပေးတာမဟုတ်ပါဘူး

ချစ်ရင် သူဖြစ်စေချင်တာတွေ ကိုယ့်ကို လာလုပ်ပေးနေမှာသာဖြစ်ပါတယ်ဒါပေမယ့် အဲ့ဒါဟာ ခင်ဗျားအတွက်သာဖြစ်ပါတယ်ပြောပါ.. ပန်းစည်းလိုချင်တယ်.. လို့ပြောပါ.. ပင်လယ်ဆီပဲသွားချင်တယ်လို့ပြောပါ

ဝိုင်တစ်ခွက်လောက် အရင်တူတူသောက်ကြရအောင်ကွယ်.. လို့ပြောပါ.. ဒီနေ့တစ်ရက် အနားမှာနေပေးပါလား.. လို့ပြောပါ.. ဖြစ်ချင်တာကို ပြောသာ‌ပြောပါယောက်ျားတွေဟာ chess game သာ ကျွမ်းရင်ကျွမ်းမယ်

guess game တော့ ဘယ်တော့မှ မဆော့တတ်ဘူးမပြောချင်ဘူးလား.. ရသေးတယ်.. ခံစားပါစာအုပ်ယူလာတဲ့ချစ်ခြင်းတရားကို ခံစားပါတောင်တန်းတွေကိုမြင်စေချင်တဲ့‌မေတ္တာစေတနာကိုခံစားပါအလောတကြီးပြုမူနေတဲ့အလိုရမ္မက်ကိုခံစားပါ..

အနာဂတ်လုံခြုံစေချင်တဲ့စိတ်ဇောကိုခံစားပါမခံစားချင်ဘူးဆိုရင်တော့ပစ်ချထားခဲ့ပြီး ကိုယ်နဲ့တူသူကိုသာရှာပါလေရှင်သန်ရတဲ့ခဏလေး.. ကိုယ်လိုချင်တာကိုယ်သိရင် အပူတစ်၀က်လောက် အေးတာပါပဲ

Yarzar Wizaya

Credit

Unicode

မိန်းကလေးတွေကိုသိစေချင်တာတစ်ခုက “ချစ်ရင် ဘာလုပ်ပေးမှာပေါ့ ညာလုပ်ပေးမှာပေါ့” ဆိုပြီး ကိုယ်ဖြစ်စေချင်တာတွေလုပ်ပေးစေချင်နေတဲ့ကိစ္စမှာ ပြဿနာရှိတယ်ဆိုတာပါပဲချစ်ရင် ကိုယ်ဖြစ်စေချင်‌တာတွေလုပ်ပေးတာမဟုတ်ပါဘူး.. ချစ်ရင် သူဖြစ်စေချင်တာတွေ လာလုပ်ပေးနေမှာသာဖြစ်ပါတယ်အဲ့ဒါကို လက်ခံ ခံယူ ပါ

ချစ်ရင် ဓာတ်ပုံလှလှလေးရိုက်ပေးမှာပေါ့ဆိုတာ မဟုတ်ပါဘူး.. တကယ်က ဓာတ်ပုံရိုက်ရတာစိတ်၀င်စားတဲ့သူက ဓာတ်ပုံရိုက်ပေးတဲ့နေရာမှာစေတနာပါတာပါပဲတချို့ ဘယ်လောက်ချစ်ချစ် ဓာတ်ပုံကိုစိတ်မ၀င်စားရင်

ဘယ်လောက်လှနေနေ ဓာတ်ပုံမရိုက်ပေးချင်ပါဘူးကျွန်တော်ဆို ဓာတ်ပုံရိုက်ပေးရမယ်ဆိုရင် စေတနာတအားပါတယ်.. ဒါပေမယ့် ကိုယ့်မိန်းမ ဗိုက်ဆာလို့ လဲသေသွားမယ်ဆိုရင်‌တောင် ခေါက်ဆွဲထပြုတ်ပေးချင်စိတ်‌ပေါက်ချင်မှပေါက်မယ်

ဘာလို့ဆို ကျွန်တော်က ဓာတ်ပုံရိုက်ပေးတဲ့နေရာမှာစိတ်၀င်စားပြီး ချက်ပြုတ်ရတာကိုစိတ်မ၀င်စားလို့ပါ.. ချစ်တာတွေ စေတနာတွေနဲ့မဆိုင်ပါဘူး.. ကိုယ့်မိန်းမမှမဟုတ်.. ဘယ်သူ့ကိုမဆို ယောက်ျားကြီးတစ်ယောက်ကိုရိုက်ပေးရမယ်ဆိုလဲ

စေတနာပါတာပါပဲဒါပေမယ့် ချစ်တဲ့အခါကျတော့ ပိုပြီး ရိုက်ပေးချင်တယ်.. အမျိုးသမီးနဲ့ပုံရိုက်တိုင်း သူကမရိုက်နိုင်တော့လို့ တားယူရတာချည့်ပဲချစ်ရင် သူစားချင်တာချက်ကျွေးရမှာပေါ့လို့ သူ ကျွန်တော့်ဆီကမျှော်လင့်နေရင်

သူငတ်တာပဲရှိပါလိမ့်မယ်တတ်နိုင်သလောက်တော့ မီးဖိုချောင်၀င် ယောင်ပေးပေမယ့်လို့ သူလဲစားမကောင်းကိုယ်လပင်ပန်းမို့အကျိုးမရှိလှပါဘူးတချိုအချက်အပြုတ်ဝါသနာပါတဲ့အမျိုးသားဟာအားနေခင်ဗျားကိုတစ်ခုခုချက်ကျွေးချင်နေ

တာပါအဲ့ဒါဟာ ချစ်လို့ဆိုတာထက် သူက ဟင်းချက်ချင်တာသာဖြစ်ပြီး သူချစ်တဲ့ ခင်ဗျားကိုပိုစားစေချင်တာပါခင်ဗျားမစားလဲ တခြားတစ်ယောက်ယောက်ကိုတော့ သူက ချက်ကျွေးမြဲကျွေးနေဦးမှာပါပဲ.. ခင်ဗျားနဲ့စားရသလောက်တော့ဘယ်ပျော်မလဲ

ချစ်ရင် စပရိုက်စ်လုပ်ပေးရမယ်ဆိုတာမျိုးကျွန်တော်တွေ့ဖူးသမျှတော့ စပရိုက်စ်လုပ်ပေးရတာကို ပျော်တတ်တဲ့ဘဲဟာ ချစ်ချစ် မချစ်ချစ် သူတွဲသမျှစော်တိုင်းကို အားနေ စပရိုက်စ်လုပ်ပေးနေတာပါပဲသူက ချစ်လို့လုပ်ပေးတာထက်

သူကိုက အဲ့လို သူလုပ်ပေးတာကို စော်က စပရိုက်စ်ဖြစ်.. သူ့ကိုကြွေ.. သူလိုချင်တာတွေပြန်လိုက်လျော.. ဒါမျိုးကိုသူကိုယ်တိုင်ကသဘောကျတာပါချစ်ရင် ဘာ၀ယ်ပေးရမယ် ညာ၀ယ်ပေးရမယ်ဆိုတာမျိုးShopping ထွက်ရတာစိတ်၀င်စားတဲ့အမျိုးသားရှိမယ်

ကိုယ်တိုင်တောင်ကိုယ့်အတွက်ကိုယ်ဘာ၀ယ်ရမှန်းမသိတဲ့အမျိုးသားလဲရှိမှာပဲကျွန်တော်ကတော့ ရသမျှပိုက်ဆံသူ့အပ်လိုက်ပြီး ၀ယ်ချင်တာကိုယ့်ဘာကိုယ်ကြိုက်တာ၀ယ်ချည် ဆိုတဲ့ယောက်ျားမျိုးပါပဲကိုယ်က လက်ဖြန့်တောင်းပြီး

သုံးတဲ့သူနေရာက နေလိုက်တယ်.. သူ့အတွက်ဆိုတဲ့ခေါင်းစဉ်နဲ့အိမ်ကိုဘာမှ၀ယ်မသွားတတ်ဘူး.. ၀ယ်သွားစရာပိုက်ဆံလဲမရှိဘူးမိန်းကလေးတွေလဲ အဲ့လိုပါပဲချစ်တယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကိုယ်လုပ်ပေးချင်တာလေးတွေပဲလုပ်ပေးနေကြတာပါဂရုစိုက်တယ်

ဆိုတာ ကိုယ့်ကို ဘာလုပ်ပေးရမယ် ဆိုတာကို မျှော်လင့်နေခြင်းထက် ကိုယ့်ကို ဘာလုပ်ပေးနေတယ်ဆိုတာကိုအသိအမှတ်ပြုလက်ခံပေးနေခြင်းပဲခင်ဗျားက ပန်းစည်းမျှော်လင့်ထားတယ်သူက စာအုပ်လေးတစ်အုပ် ယူလာတယ်ခင်ဗျားက ပင်လယ်ကိုမျှော်လင့်ထားတယ်သူက တောင်တန်းတွေဆီ ခေါ်သွားတယ်ခင်ဗျားက

ဝိုင်တစ်ခွက်ကိုမျှော်လင့်ထားတယ်သူက ကွန်ဒုံးကိုဖောက်လိုက်တယ်ခင်ဗျားက အနားမှာရှိနေတာကိုလိုချင်တယ်သူက အလုပ်သွားမှပိုက်ဆံရမယ် ဆိုပြီးထွက်သွားတယ်ချစ်ရင် ကိုယ်ဖြစ်စေချင်‌တာတွေလုပ်ပေးတာမဟုတ်ပါဘူး

ချစ်ရင် သူဖြစ်စေချင်တာတွေ ကိုယ့်ကို လာလုပ်ပေးနေမှာသာဖြစ်ပါတယ်ဒါပေမယ့် အဲ့ဒါဟာ ခင်ဗျားအတွက်သာဖြစ်ပါတယ်ပြောပါ.. ပန်းစည်းလိုချင်တယ်.. လို့ပြောပါ.. ပင်လယ်ဆီပဲသွားချင်တယ်လို့ပြောပါ

ဝိုင်တစ်ခွက်လောက် အရင်တူတူသောက်ကြရအောင်ကွယ်.. လို့ပြောပါ.. ဒီနေ့တစ်ရက် အနားမှာနေပေးပါလား.. လို့ပြောပါ.. ဖြစ်ချင်တာကို ပြောသာ‌ပြောပါယောက်ျားတွေဟာ chess game သာ ကျွမ်းရင်ကျွမ်းမယ်

guess game တော့ ဘယ်တော့မှ မဆော့တတ်ဘူးမပြောချင်ဘူးလား.. ရသေးတယ်.. ခံစားပါစာအုပ်ယူလာတဲ့ချစ်ခြင်းတရားကို ခံစားပါတောင်တန်းတွေကိုမြင်စေချင်တဲ့‌မေတ္တာစေတနာကိုခံစားပါအလောတကြီးပြုမူနေတဲ့အလိုရမ္မက်ကိုခံစားပါ

အနာဂတ်လုံခြုံစေချင်တဲ့စိတ်ဇောကိုခံစားပါမခံစားချင်ဘူးဆိုရင်တော့ပစ်ချထားခဲ့ပြီး ကိုယ်နဲ့တူသူကိုသာရှာပါလေရှင်သန်ရတဲ့ခဏလေး.. ကိုယ်လိုချင်တာကိုယ်သိရင် အပူတစ်၀က်လောက် အေးတာပါပဲ..

Yarzar Wizaya

Credit