Love

ယောကျ်ားလေးတွေ လိမ်နေကျစကားများ

ယောကျ်ားလေးတွေ လိမ်နေကျစကားများRelationship တစ်ခုမှာ ယောကျ်ားလေးတွေ ပြောနေကျစကားလေးတွေရှိပါတယ်။ တကယ်လို့သင့်ချစ်သူ သင့်ကိုပြောတဲ့ အထဲမှာ ဒီစကားတွေပါနေရင်တော့ လိမ်နေတာပါ။ဒါပေမယ့် သင်နားလည်ပေးလိုက်ပါ။ တစ်ချို့အမှန်တရားတွေက သင်မသိတာပိုကောင်းပါတယ်နော်။

(၁) အဲကောင်မလေးကို ငါမကြည့်မိပါဘူးလိမ်နေတာပါ။ ယောကျ်ားလေးတိုင်းက မိန်းကလေးတစ်ယောက်ကိုတွေ့ရင် သူကိတ်လားမကိတ်လား၊ လှလားမလှလားဆိုတာကို ကြည့်လေ့ရှိပါတယ်။ဘာရယ်တော့မဟုတ်ပါဘူး မိန်းကလေးတွေက ကောင်လေးလန်းလန်းလေးတွေ တွေ့ရင်ငမ်းကြသလိုပဲပေါ့။

(၂) ဒီအကြောင်းနောက်မှ အေးဆေးဆက်ပြောကြမယ်လေအမှန်ဆိုရင် သူဟာ ဒီအကြောင်းဆက်ကို မပြောချင်တော့လို့ စကားစဖြတ်လိုက်တာပါ။ ဒီလိုစကားစဖြတ်လိုက်ခြင်းအားဖြင့် ဒီအကြောင်းအရာကို သင်မေ့သွားပြီး နောက်ဘယ်တော့မှ ထပ်မပြောတော့အောင်ပါ။

(၃) နင်ဝတ်ထားတာလှပါတယ်၊ နင်မဝပါဘူးတကယ်တော့ သင်ဘာဝတ်ဝတ် သူဂရုကိုမစိုက်တာပါ။ ယောကျ်ားလေးတော်တော်များများက မိန်းကလေးတစ်ယောက်ရဲ့က အပေါ်ယံအသွင်အပြင်နဲ့ ပတ်သက်ပြီးတော်တော်ကြည့်ရဆိုးနေရင် ကလွဲပြီး ဝေဖန်လေ့မရှိကြပါဘူး။ ဒါကြောင့် သူတို့က လှတယ်ပြောတိုင်းလည်း ဟုတ်ချင်မှဟုတ်မှာပါ။

(၄) နင့်သူငယ်ချင်းတွေထဲက တစ်ယောက်မှလှတယ်လို့ ငါမမြင်ပါဘူးလိမ်နေတာပါ။ ယောကျ်ားလေးတိုင်းက သူတို့ချစ်သူရဲ့ သူငယ်ချင်းတွေထဲက တစ်ယောက်မဟုတ် တစ်ယောက်ကိုတော့ လှတယ်၊ ချစ်စရာကောင်းတယ်လို့ မြင်ကြပါတယ်။ ဒါပေမယ့် သူတို့က အရူးမှမဟုတ်တာ ဘယ်ပြောလိမ့်မလဲ။

(၅) ရည်းစားဟောင်းအကြောင်း တစ်ခါမှမတွေးပါဘူးဒါလည်းလိမ်နေတာပါ။ ယောကျ်ားလေးတွေက သူတို့ရဲ့ ရည်းစားဟောင်းကို မမေ့နိုင်ကြပါဘူး။ တစ်ချိန်လုံးမတွေးရင်သာနေမယ်။မကြာခဏတော့ တွေးကြပါတယ်။ ဒါပေမယ့် သူတို့ ဘာတွေးနေလဲဆိုတာကအစ သင့်ကိုပြောပြဖို့တော့ မလိုပါဘူးနော်။

Credit

Unicode